ကြပ်ပြေး တွင် အများပြည်သူ့ ကြည့်ရှုနိုင်ရန်အတွက် အဆင့်မြင့်ရုပ်ရှင်ရုံတစ်ရုံနှင့် လူ ၂၀၀ ဆန့် မီနီစီနီမာ နှစ်ခုကို ဖွင့်လှစ်ထားပြီး ဖြစ်သော်လည်း ကြည့်ရှုမည်သူ နည်းပါးသဖြင့် ငွေပြန်အပ်းရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း နေပြည်တော် မြို့မဈေးအနီးရှိ ၀န်ထမ်း တစ်ဦးက ပြောကြားသည်။အခု နေပြည်တော်သပြေကုန်းမှာ ဖွင့်လိုက်တဲ့ အောင်သပြေဆိုရင်လည်း လူ ၂၀၀ လောက်ကြည့်လို့ရတဲ့ ရုပ်ရှင်ရုံပါပဲ ရန်ကုန်က ရုံတွေထက်သာတာကတော့ နေပြည်တော်က ရုံးတိုင်းက သရီးဒီရုပ်ရှင်ကြည့်လိုရတဲ့ ရုံတွေချည်းပဲ ဒါပေမယ့် ဒီမှာက ရုပ်ရှင်ကြည့်ကြတဲ့ အစဉ်အလာက နည်းနေသေးတယ်လေ။
အဓိကအချက်ကတော့ ပိုက်ဆံမသုံးနိုင်တာပဲ ဇေယျသိရိတို့ ဂျန်းရှင်း နေပြည်တော်တို့မှာ ရှိတဲ့ ရုပ်ရှင်ရုံတွေက အသေးလေးတွေ ဆိုပေမယ့် ကုန်ကျစရိတ်က ရန်ကုန်နဲအတူတူပဲလေ။ လက်မှတ်တစ်စောင် ထောင့်ငါးရာ နှစ်ထောင်ဆိုတာ နယ်မှာတော့ တစ်နေ မိသားစု ၂ ယောက်လောက်စားလို့ရတယ်။ ဒါကြောင့် ကြည့်တဲ့သူနည်းတာပါ ဟု နေပြည်တော်ရှိ အစိုးရ၀န်ထမ်းတစ်ဥိးက ဆိုသည်။ နေပြည်တော်တွင် ဂျန်းရှင်းနေပြည်တော်တွင် မီနီစီနီမာ တစ်ခု ဇေယျသီရိတွင် မီနီစီနီမာတစ်ခုရှိပြီး ပရိသတ် ၁၅၀ ခန့် ကြည့်ရှုနိုင်သည်။ မကြာသေးမီက ဖွင့်လှစ်လိုက်သည့် အောင်သပြေ ရုပ်ရှင်ရုံသည် နေပြည်တော်တွင် အကြီးဆုံးဖြစ်၍ ပရိသတ်၃၀၀ ခန့်ဆန့်ကြောင်း သိရသည်။
ပေးပို့ ရန်ကုန်ဝိုင်းတော်သားများကို ကျေးဇူးအထူးတင်ရှိပါတယ်
http://www.wanna23.com/ မှ
Friday, April 09, 2010
လူမရှိသော..ရုပ်ရှင်ရုံ..သူရဲကြောက်မှာစိုးလို့  ငွေပြန်အမ်းရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment