
အမေရိကန် က GDP ရဲ့ ၄ % ကိုသာ စစ်စရိတ်သုံးနေချိန်မှာ မြန်မာတွေက ၂၆% သုံးပါတယ်တဲ့ဗျာ...
အဲဒီ ၂၆ % သာသုံးပေမဲ့ စစ်တပ်ထဲဝင်လိုတဲ့ စစ်သားမရှိတာကြောင့် တွေ့ရာနေရာမှာ ယောက်ျားလေးဖြစ်ပြီးရော..အသက်မပြေ့သေးတဲ့ ကလေးတွေ ကို ပြန်ပေးဆွဲ ခြိမ်းခြောက် ကလေးစစ်သား အဓမ္မ လုပ်ခိုင်းနေပါတယ်..
ရသမျှ တိုင်ခွါရောင်း..ရှိသမျှ သစ်တော ရေမြေ သယံဇာတတွေရောင်းပြီး..သုံးတဲ့စစ်စရိတ်က လည်း ပြစရာ လေယာဉ်ကောင်းကောင်း လေးတောင် မရှိရှာပါ..ရှိတဲ့ လေယာဉ်အသစ်ကလည်း ရှိုးပြရန်သာဖြစ်ပြီး..လေယာဉ်ဆီ မတတ်နိုင်လို့  လေသူရဲတွေ လည်းစွမ်းရည်မြှင့် စမ်းသတ်မောင်းနှင်ခွင့် ဆိုတာ အင်မတန်နည်းပြီး ဆီ လည်း ခိုးရောင်းကာ အိမ်စရိတ်ဖြည့်နေရသူတွေ ရှိနေဆဲပါ.
ရှိတဲ့ လေယာဉ် အဟောင်းတွေနဲ့ မောင်းရလို့ .ပျက်ပျက်ကျ မာလက ရတဲ့ လေယာဉ်မှူးပေါင်းလည်းများလှပါပြီ.
ဘယ်နေရာ ဒီစစ်စရိတ်တွေခြေထောက်ပေါက် ဘယ်ရောက်သွားတယ်ဆိုတာ ပြည်သူတွေ မပြောနဲ့  စစ်ထဲက အရာရှိကြီးတွေတောင် မသိရပါ..
စစ်သားတိုင်းရဲ့ မကောင်းစားလို့  စစ်သားဇနီး သမီးတွေတောင် လိုင်းထဲ အ၀ှါ လုပ်စားနေရပါတယ်..
စစ်သားတွေ နားလည်သင့်ပါပြီဗျာ..
မတန်မရာ ဆင့် အ၀ှါခွေးမျှော်တဲ့ နျူကလီယား ပရောဂျက်ဆိုတာ တကယ်ကျ ပေါ်လာမှာမဟုတ်ပါဖူး..
ပရောဂျက်ပြ ငွေစားမဲ့သူတွေရဲ့ ထွင်လုံးတွေပါ..ပေါ်လာခဲ့ရင်လည်း..အပေါစားပစ္စည်း..မတတ်တတတ်ပညာတွေ နဲ့  မျောက်ရူးလက်ထဲ မီးဒုတ်ရောက်နေသလို...ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေမှာပါ
ဒီအတွက် နိုင်ငံကို ချစ်သူတိုင်း မိမိ ရေမြေသဘာဝ လူမျိုး သိက္ခာမပျက်စီးရလေအောင် သမိုင်းပေးတာဝန်တရပ်ရှိပါတယ်ခင်ဗျာ...
မြန်မာတိုင်း မိမိ လုပ်သင့်တဲ့တာဝန်တွေ ကျေပြွန်ကြပါ. သေနတ်တချက်ဟာ လူတယောက်ဘဲသေနိုင်ပါတယ်..
နျူကလီယားပေါက်ကွဲတဲ့အခါ မြို့ ကြီးတွေ ပြာကျစေနိုင်ပြီးအမျိုးပါပြုတ်မှာပါ.
သငိ့သည်..စစ်သား တပ်မတော်သားပင်ဖြစ်ပါစေ..
သင်သည် ဘယ်ဘက်မှမလိုက်ကြားထိုင်နေသော...ပညာရှင်ပင်ဖြစ်ပါစေ
သင်သည် အနှိပ်စက်ခံ ပြည်သူဘဲဖြစ်ပါစေ..
သင်သည် မလိမ်မိုး မလိမ်မာ ကျောင်းသားဘဲဖြစ်ပါစေ..
သင်သည် မေတ္တာ ထားသော သံဃာ ဘဲဖြစ်ပါစေ
သင်သည် မည်သူဘဲဖြစ်ပါစေ..
အမှန်ကိုသာ မြင်အောင် ပင်ကိုယ်စိတ်အရင်းခံဖြင့် မြင်အောင်ကြည့်ရန် တိုက်တွန်းပါရစေ..
တချက်လေးဘဲ တွေးကြည့်ပေးပါ။.........
မြန်မာ၏ အနာဂတ်သည် မည်သို့ ရှိပါမည်နည်း...
လျှပ်စစ်မီးပင် အလျှင်မီ..ရရှိအောင် မလုပ်နိုင်သေးသောမြန်မာသည် နျူကလီယား နဲ့ တန်ပါ၏လော.
သင်၏ မျိုးဆက်များကို ကောငိးသောအမွေ ကောင်းသော မြေကို အမွေ မချန်ထားခဲ့ လိုပြီလော..
မိမိစားရ တဘ၀စာသာ ကြည့်၍ မြန်မာတို့ ၏ စိတ်ဓါတ် အကျင့်သိက္ခာ ဂုဏ်မာန စာဂ..နာမည်တို့  အား အိုးမည်းသုတ်၍ သင် ထားခဲ့ပါမည်လော..
စဥိးစားတွေးခေါ်..တတ်နိုင်သမျှ ဘက်မှ သင်တို့  အားလုံးကူညီကြပါတော့..
မြန်မာ့ အမျိုးကမ္ဘာပေါ်တွင် ဦးမကျိုးရန်...ဒို့ အားလုံး၏တာဝန်ဖြစ်သည်.။
မတရားသော အမိန့် အာဏာကို သေနတ်ကြောက်..သေမှာကြောက်၍ မလွန်ဆန်ရဲသည်ကို...နားလည်ပေးသည်..
မြေအောက်လှို့ ဝှက်...သတင်းပေးကြပါလော့...
သင်.၏ တာဝန်သင် ကြေပါတော့...
ဤသည်မှာ..သင်၏ မြေးမြစ်များအတွက်..သင်ပေးခဲ့သော လက်ဆောင် သို့ မဟုတ် အမိမြန်မာပြည်အတွက် သမိုင်းပေးတာဝန် ကျေပြွန်ခြင်းဖြစ်ပါသည်..
နျှူကလီယား လှိုဏ်ဂူ။။ နျှူကလီယား လက်နက်ထုတ်လုပ်မှူအခြေအနေ။ နျှူကလီယား အစီအစဉ်...ဘာဘဲရရ..သတင်းပေးကြပါရန်...နှိုးဆော်ပါသည်..ခင်ဗျား..
http://www.guardian.co.uk/news/datablog/2010/apr/01/information-is-beautiful-military-spending
Thursday, April 15, 2010
ကမ္ဘာမှာမြန်မာက စစ်စရိတ်သုံးအမြင့်ဆုံးနိုင်ငံ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment