“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, April 17, 2010

မြစ်ဆုံတွင် ယနေ့ မနက် အစောပိုင်း ဗုံး ၇ လုံးထက်မနည်း ပေါက်ကွဲ

ကျော်သိင်္ခ
ဧပြီလ ၁၇ ရက်၊ ၂၀၁၀

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းရှိသည့်နေရာတွင် ယနေ့မနက် အစောပိုင်းက ဗုံး ခုနစ်လုံးထက်မနည်း ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတဦးက ယနေ့ပြောပါတယ်။

“ဒီနေ့မနက်စောစောမှာ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းနေရာမှာတ၀ိုက် နေရာသုံးနေရာမှာ အနည်းဆုံး ဗုံးခုနစ်လုံးပေါက်တယ်။ ကားနှစ်စီး ပျက်စီးသွားတယ်။ ဒါပေမယ့် တယောက်မှ သေတယ်လို့ တော့ မကြားမိဘူး” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

သို့သော်လည်း ထိုင်းနိုင်ငံအခြေစိုက် ကချင်သတင်းစဉ်မှာတော့ ယနေ့ (စနေနေ့) ဗုံးပေါက်ကွဲမှုမှာ လူ ၄ ဦး သေပြီး၊ ၁၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ဖော်ပြထားပြီး၊ ထိခိုက်ဒဏ်ရာရသူအများစုဟာ တရုတ်လူမျိုး အလုပ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် China Power Investment Corporation က တာဝန်ယူဆောက်လုပ်နေတဲ့ အဆိုပါ ဆည်တည်ဆောက်ရေး စီမံကိန်းမှာ တရုတ်နိုင်ငံမှ လာရောက်အလုပ်လုပ်နေကြတဲ့ တရုတ်အလုပ်သမား အယောက် ၃၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ထို့ပြင် မြန်မာပိုင်ကုမ္ပဏီဖြစ်တဲ့ အေးရှားဝေါလ် ကုမ္ပဏီ ကလည်း ဆည်တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ပြီး၊ ဆည်တည်ဆောက်ရေး စီမံကိန်း ဧရိယာမှာရှိတဲ့ အေးရှားဝေါလ်ကုမ္ပဏီရုံးခန်းရှေ့မှာတင် အနည်းဆုံး ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။

ထိုကိစ္စ နဲ့ ပက်သက်ပြီး ဧရာဝတီက မြစ်ကြီးနားရဲစခန်းကို ဖုန်းဆက်မေးမြန်းရာမှာ လုံခြုံရေးအခြေအနေအရ ပြော၍ မရဟု ဆိုပြီး ဖုန်းချ သွားခဲ့ပါတယ်။

မြစ်ဆုံ ဆည်တည်ဆောက်ရေး စီမံကိန်းဟာ လူ့အခွင့်အရေးအဖွဲ့တွေ နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ အဆိုပါ စီမံကိန်းကြောင့် ဒေသခံပြည်သူလူထု ၁၅၀၀၀ ခန့်ဟာ မိမိတို့ဒေသကနေ ဘေးလွတ်ရာမှာ ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။
http://kyawtheinkha.wordpress.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */