“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 09, 2010

ငါးစိမ်းသည် လုပ်စားရတော့မဲ့ စစ်အရာရှိကြီးတွေ

မရတော့လည် ဒဿက ချိုင် ဆိုသလိုပေါ့..အရိုးကပ်နေတဲ့ အရွတ်လေးဘဲ ဖြဲရဖြဲရ..သွားရည်ကျနေရတာမျိုးဘဲ။

အင်းလုပ်ငန်း လုပ်ခွင့်လိုင်စင် ဗိုလ်ချုပ်ကြီးများရ
အောင်ထက်/ ၉ ဧပြီ ၂ဝ၁ဝ


၂၀၁၀ - ၂၀၁၁ ခုနှစ် လုပ်ငန်းရာသီအတွက် တိုက်ရိုက် အင်း/တင်ဒါ လုပ်ကိုင်ခွင့် လျှောက်ထားခြင်းများကို ဧပြီ ဒုတိယပတ်မှ စတင်၍ (၁) နှစ် ခွင့်ပြုလိုက်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“လက်ရှိ စစ်မှုထမ်းတွေထဲက ဒု-ဗိုလ်ချုပ်ကြီး ဆန်းဆင့်၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ် သိုးထိန်းတို့ အင်းလုပ်ကိုင်ခွင့် လိုင်စင်ရတယ်။ ပြည်ထဲရေး ဒု-၀န်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေလည်း အင်း ရတယ်။ နအဖ အရာရှိကြီး (၁၆၅) ဦး အင်းလုပ်ငန်း လုပ်ကိုင်ခွင့် ပါမစ်တွေရကြတယ်” ဟု ငါးလုပ်ငန်းတာဝန်ရှိသူတဦးက ပြောသည်။

ယင်းသို့ လုပ်ကိုင်ခွင့်ပြုသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အမည်စာရင်းကို အလုံ၊ ဆင်မင်းလမ်း၊ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကြော်ငြာစာ ကပ်ကာ တရားဝင် အသိပေးထားသည်။

ဘိုကလေးမြို့နယ်မှ အင်းလုပ်ငန်းရှင်တဦးကမူ “လက်ရှိ တာဝန်နဲ့မပတ်သက်ဘဲ တိုက်ရိုက် အင်းလုပ်ကိုင်ခွင့်ချထားပေးတာ အရေအ တွက် (၁,၇၀၀) ခန့်ရှိတယ်။ ထူးခြားတာက အဲဒီပုဂ္ဂိုလ်တဦးတယောက်မှ အင်းသမားတွေ မဟုတ်ဘူး။ အင်း လုပ်ကိုင် မစားတတ်ဘူး။ သူတို့ရထားတဲ့အင်း ဘယ်နားရှိမှန်း သူတို့မသိကြဘူး။ ဒေသမှာ ငါးရှာ ဖားရှာနဲ့ တကယ်လုပ်ကိုင် စားသောက်နေတဲ့ အင်းသမားတွေကျ ခုလို တိုက်ရိုက်လေလံ ချမပေးဘူး” ဟု ပြောဆိုသည်။

ဒေသခံအင်းလုပ်ငန်းရှင် (အင်းသူကြီး) များသည် ဒေသတွင်းရှိ ၎င်းတို့နှစ်စဉ် လုပ်ကိုင်နေကျ အင်း/ပိုက်ချက်များကို အထက်ပါအင်းလုပ် ပိုင် ခွင့် တိုက်ရိုက်လေလံရရှိသူများထံမှ တန်ဖိုးကြီးပေးဝယ်ကာ ရင်းနှီးလုပ်ကိုင်နေကြရသည်။

ငါးလုပ်ငန်းဦးစီးမှ အတည်ပြုသတ်မှတ် အခွန်ငွေကိုလည်း မြို့နယ်ရုံးများသို့ သီးခြားပေးသွင်းရသည်ဟု ၎င်းတို့က ပြောသည်။

ငါးလုပ်ငန်းဝန်ထမ်းတဦးကလည်း “မေ (၃၁) သတ်မှတ်နောက်ဆုံးရက် ငွေပေးသွင်းခြင်းမပြုတဲ့ အင်းလိုင်စင်တွေ၊ တန်ဖိုးနည်း အင်း/ပိုက်ချက် တင်ဒါတွေကိုတော့ သက်ဆိုင်ရာ ခရိုင်-မြို့နယ် ငါးဦးစီးရုံးတွေမှာ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချပါတယ်” ဟု ပြောသည်။

အကျိုးအမြတ်ပေးဝယ်နေရသော အင်းတန်ဖိုးများမှာ ခန့်မှန်းခြေ သိန်းဆယ်ကဏန်းမှ အချို့အင်းများ သိန်းထောင်ချီပေးကာ
လိုင်စင် လက်ဝယ်ရှိထားသူထံမှ ၀ယ်ယူနေကြရသည်ဟု ကျိုက်လတ်မြို့ အင်းသူကြီးတဦးက ပြောသည်။

သာယာဝတီခရိုင် အင်းသူကြီးတဦးကမူ “တိုင်းပြည်ရဲ့ ရေမြေအရင်းအမြစ်တွေကို ခုလို ဝေစားမျှစားယူနေတာ နအဖ သက်တမ်းတလျှောက်ပဲ။ ဟိုတုန်းက ခုလို တိုက်ရိုက်လုပ်ကိုင်ခွင့် ချပေးတာမျိုး မရှိဘူး။ ကိုယ့်ဒေသလုပ်ကွက် အင်း / ပိုက်ချက်တွေကို ဒေသခံအင်းသမားတွေ ဈေးပြိုင်စနစ် လေလံတက်ဆွဲရတယ်။ နိုင်ငံတော်အတွက် အခွန်အခ အပြည့်အ၀ ရတယ်။ ခုလို အခြား ပုဂ္ဂိုလ်တဦးတယောက်ဆီက အကျိုးအမြတ်ပေး ၀ယ်လုပ်နေရတော့ အင်းစရိတ်တွေမြင့်လာတယ်။ မြင့်တော့ ဒီအင်းထဲက ငါးတန်ဖိုးတွေမြင့်လာတယ်။ ပြည်သူတွေ ဈေးကြီးပေး ၀ယ်သုံးကြရတော့တာပေါ့” ဟု ငါးဈေးကွက်
ကြီးမြင့်ရခြင်းကို ရှင်းပြသည်။
http://www.khitpyaing.org/news/April2010/9410d.php

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */