“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 16, 2010

ဗုံးဖောက်ခွဲ သူများကို အမေရိကန် အစိုးရ အပြစ်တင်

U.S. Condemns Myanmar Blasts
သင်္ကြန်အကြတ်နေ့ က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ် လမ်းရှိ မျှော်စင်ကျွန်း ၀င်ပေါက်အနီး X2O မဏ္ဍပ်အနီးတွင် လက်ပစ်ဗုံး ဟု ယူဆရသည့် ဗုံးသုံးလုံးပေါက်ကွဲမှု ကြောင့် လူ၂၄ ဦးသေဆုံးမှု သည် စစ်အစိုးရ၏ လက်ချက်ဖြစ်သည်ဟု ရန်ကုန် မြို့ ခံ အများစုက ယူဆကြသည်။
ဗုံးပေါက်ကွဲခဲ့သည့် X2O မဏ္ဍပ်ရှိရာနေရာသို့ သွားရောက်ကြည့် ရှုသူများ နှင့် ဓာတ်ပုံမှတ်တမ်း ရိုက်ကူးမှုပြုသူများကို ဖမ်းဆီးထားပြီး ထိုအထဲတွင် ပြည်တွင်း ဂျာနယ်များမှ သတင်းထောက် သုံးဦးလည်း ပါဝင်သည်ဟု သိရသည်။
သတင်းထောက်သုံးဦးအနက် နှစ်ဦး အား ၎င်းတို့ ၏ သက်ဆိုင်ရာဂျာနယ်များမှ လိုက်လံ တာဝန်ယူသောကြောင့်ပြန်လည် လွတ်မြောက်လာပြီး ကျန်ရှိသည့် တစ်ဦးအား ယနေ့ မနက် အစောပိုင်းတွင် မင်္ဂလာတောင်ညွှန့် ရဲစခန်းမှ တစ်ဆင့် ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။
လာရောက်ကြည့် ရှုသူ အချို့ အား ဖမ်းဆီးထားမှု ရှိရာ ပြန်လွှတ်ပေးခြင်း မရှိသေးပဲ X2O မဏ္ဍပ် ၏ တာဝန်ခံ ကိုညီညီဆိုသူ အားလည်း စစ်ဆေးမေးမြန်းရန် အတွက် ဖမ်းဆီးထားသည် ။ ထို့ ပြင် X20 မဏ္ဍပ် တွင် ရေကစားသူများ အားလုံးကို လည်း လိုက်လံ စစ်မေးမှု ပြုသည်။
အကြတ် နေ့  ဗုံးပေါက်ကွဲမှု သည် ၂၀၀၅ ခုနှစ် မေလက ရန်ကုန် မြို့ မင်္ဂလာတောင်ညွှန့် မြို့ နယ်ရှိ ရန်ကုန် ကုန်သွယ်မှုဗဟိုဌာန ဗုံးပေါက် မှု ပြီးနောက် ပထမဆုံး အကြိမ်လူ အမြောက် အမြားသေဆုံးသည့် ဗုံးပေါက်ကွဲမှု ဖြစ်သည်။ ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသည့် ရုပ်သံမှ အဖျက်သမားများ၏ လက်ချက် ဖြစ်သည် ဟု စွပ်ဆွဲထားသော် လည်း နိုင်ငံရေး အရ အကျပ်အတည်း ဆိုက်နေသည့် နအဖ ၏ လက်ချက်သာဖြစ်သည်ဟု ရန်ကုန် မြို့ ခံ တို့ က သုံးသပ်ကြသည်။
ဗုံးပေါက်ကွဲမှု ကြောင့် မဟာသင်္ကြန် နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် ရေပက်ကစားသူ နှင့် လည်ပတ်သူ များနည်းပါး သွားသော်လည်း မော်တော်ကားဖြင့်လည်ပတ်သူများ ရှိနေဆဲ ဖြစ်သည်ဟု ကျောက်မြောင်းရှိ လူငယ်များက Freedom News Group သို့ ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ချိန်တွင် X2O မဏ္ဍပ် အနီးရှိနေသူ တစ်ချို့ က တောင့်အေစ် ကား ခဲရောင် အပေါ် (Sunroof) မှ လူနှစ်ယောက် ထွက် လာကာ လက်ပစ်ဗုံး ဟု ယူဆရသည့် အရာများ ပစ်ထည့်ပြီး နောက် ချက်ခြင်းပေါက်ကွဲမှု ဖြစ်သည် ဟု ဆိုသည်။
ထိုသို့ ပစ်ထည့် ပြီးနောက် ထိုကားမှာ သိမ်ဖြူကားမောင်းကွင်း ဘက်သို့ ဦးအောင်မြတ် လမ်းအတိုင်း မောင်းချသွားသည် ဟု မျက်မြင် များ ကပြောသည်။
http://www.baymyanmar.com/2010/04/blog-post_15.html

1 comments:

Unknown said...

ဒါပါပဲအမေရိကန်ဆိုတာကြီးကလဲ ..
ဝတ်ကျေတန်:ကြေ ထထ အော်ပေးတယ်
UN, US,EU ..
အားလုံးက NATO ကြီးပဲ
NATO = No Action Talk Only ..

 
----------------------------------------- */ /* EOT ----------------------------------------- */