“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 14, 2010

ရန်ကုန်မြို့တော် ရှေးဟောင်း အဆောက်အအုံများ မူလပုံစံ မပျက် ပြင်ဆင်မည် ဟုဆို

ဗိုလ်ချုပ်လုပ်ကြံခံတဲ့ အတွင်းဝန်ရုံးကျတော့ မပါဘူးလားဗျာ..

ရန်ကုန်မြို့တော် ရှေးဟောင်း အဆောက်အအုံများ မူလပုံစံ မပျက် ပြင်ဆင်မည် ဟုဆို


ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း နှစ်ရာချီ သက်တမ်းရှိသော ရှေးဟောင်း အဆောက်အ အုံများကို ဖြိုဖျက်ခြင်းမပြုဘဲ မူလ ပုံစံ အနေအထား မပျက်ပြုပြင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာ ရေးကော်မတီ( YCDC) ၏အကြီးတန်းအရာ ရှိတစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တော်တွင် ရှေးဟောင်း အဆာက်အအုံပေါင်း ၁၈၉ လုံးရှိကြောင်း၊ နှစ် ၈၀ အထက်ကြာမြင့်ပြီး အထင် ကရဖြစ်သော နေရာများကို ရှေးဟောင်းအဖြစ် သတ်မှတ်ထားကာ ယင်းအဆောက်အအုံများ အပါအ ဝင် ရွှေတိဂုံစေတီတော်နှင့် စေတီပုထိုးများ၊ ဘုရား၊ ကျောင်း၊ သာသနိက အဆောက်အအုံများ၊ ရုပ်ပွားတော် များ၊ ရန်ကုန်ဆေးရုံကြီး စသည်တို့ ပါဝင်ကြောင်း YCDC အင်ဂျင်နီယာဌာန(အဆောက် အအုံ) ၏ မှတ်တမ်းများ အရ သိရသည်။
ရှေးဟောင်း အဆောက်အအုံများမှာ ရှားပါးသည့် ရတနာပစ္စည်းများကဲ့သို့ တန်ဖိုးရှိ သဖြင့် ထိန်းသိမ်း တတ်ရန် အရေးကြီးကြောင်း၊ လူအများ ဝင်ထွက်သွားလာနေသည့် ရှေးဟောင်းအဆောက် အအုံ အချို့ကို ပြန်လည် မွမ်းမံပြင်ဆင်၍ ကြံ့ခိုင်မှုရှိ အောင် ဆောင်ရွက်သင့်ကြောင်း၂၀၁၀ ခုနှစ် ဧပြီ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */