“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 02, 2010

ဒို့ မြန်မာ..သခင်စိတ်ဓါတ်..

ပြည်သူလူထုရဲ့ အသည်းကြားက မဲပြားတွေကို ရရှိခဲ့တဲ့ တပ်ဦးပါတီဟာ စစ်ကျွန်ဘ၀ကို သွတ်သွင်းမယ့် ကျွန်ဘ၀ သက်ဆိုးရှည်ရေး ကျွန်မဲပြားတွေ ရဖို့အတွက် ကျွန်စိတ်ပျံ့နှံ့နေသူတွေကြားထဲ အုတ်ရောရော၊ ကျောက်ရောရော ၀င်မပါပဲ သခင်စိတ်နဲ့ ရပ်တည်ပြလိုက်ပါပြီ။

သခင်စိတ်ကို ထောက်ခံ အားပေးကြ
အန်အယ်ဒီကို ၀န်းရံကြ
စစ်ကျွန်အဖြစ် နွံ့နစ်မခံ
အမျိုးသားဇာတိမာန်နဲ့
အာဏာရှင်စနစ်ကို
တွန်းလှန်စို့။

4 comments:

Tun Lin said...

ဗိုလ်ချုပ်အောင်ဆန်းကို သတ်ဖို့ လက်နက်တွေ ထုတ်ပေးခဲ့တာ အင်္ဂလိပ်ပါဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ပုံကို အသုံးချနေတဲ့ သူတွေက ရဲရဲဝံ့ဝံ့ တစ်ခါမှလဲ မပြောရဲခဲ့ပါလား

Unknown said...

ဟေ့ကောင် ထွန်းလင်း
အဲဒီအချိန်တုန်းက မင်းက ဘေးမှာ ထိုင်ကြည့်နေတာလား။ စာအုပ်ထဲဖတ်တာ အမှန်ချည်းမင်းထင်လား။ အင်္ဂလန်သွားတုန်း ဖမ်းထာရင် ရတာပေါ့ကွ။

Unknown said...

[အင်္ဂလန်သွားတုန်း ဖမ်းထာရင် ရတာပေါ့ကွ။]

ကိုယ့်တိုင်းပြည်ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကို နောက်ကွယ်ကကြိုးကိုင်တဲ့ ရန်သူကိုတောင် ကျေးဇူးရှင်ထင်နေတဲ့ မြန်မာတွေ ဘယ်လောက်များလဲ။ ရင်လေးစရာပဲ။ အင်္ဂလိပ်က သူ့ဆီလာတုန်း ဖမ်းရလွယ်မှန်းသိတာပေါ့။ သူတို့က အဲလောက် ဦးနှောက်မတုံးဘူးနော်။ လျော့မတွက်နဲ့။ ဗိုလ်ချုပ်ကို လူသတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတာပဲ။ သို့သော် သူတို့ဖြစ်ချင်တာက ဗိုလ်ချုပ်ကို ဖမ်းရုံဖမ်းချင်တာ မဟုတ်ဘူး။ အသေသတ် ချင်တာ။ သို့သော် သူတို့သတ်တယ်လို့လည်း အထင်မခံချင်ဘူး။ ဒါကြောင့် ငါကြင်းဆီနဲ့ ငါးကြင်းကျော် လိုက်တာပေါ့။ ကက်ပတိန် ဗီဗီယန်းဆီက ပျောက်သွားတဲ့ လက်နက်တွေနဲ့ ဦးစောလက်နက်တူတူပဲ။ သူတို့ပေးတယ် မမည်ဘူး။ ပျောက်တယ်ဆိုတော့ ၀ိနည်းလွတ်ပေါ့။ အဲလို ဉာဏ်နီဉာဏ်နက်များလို့ ကမ္ဘာကို အုပ်စိုးသွား နိုင်တာပေါ့။ အခုတောင် ကျောချလို့ ဓမြမှန်းမသိတဲ့ မြန်မာတွေ အများကြီး။ စာအုပ်ထဲက အမှန် မဟုတ်ဘူးပြောနေတယ်။ ခုလည်း ဒေါ်စုကို သူတို့ ဆုတွေ ပုံပေးထားပြီး အရောင်တင်ပေးထား တာတောင် သူတို့လူ အာဏာမရလို့ သူတို့ထက် နဖအက လူလည်ပိုကျလို့ ဒေါသပုန် ထနေ တာလေ။ ဦးသန်းရွှေ လူလည်ကျတာ မခံချင်လို့ ICC တင်မယ်တွေ ဘာဖြစ်နေတာ သူတို့ပဲလေ။

Unknown said...

ကိုယ့်တိုင်းပြည်ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကို နဖအက လူလည်ပိုကျလို့ ဒေါသပုန် ထနေ တာလေ။ ဒေါ်စုကို သူတို့ ဖမ်းထာရင် ရတာပေါ့ကွ။ဦးသန်းရွှေ လူလည်ကျတာ မခံချင်လို့ ဓမြမှန်းမသိတဲ့ မြန်မာတွေ အများကြီး။

 
----------------------------------------- */ /* EOT ----------------------------------------- */