ရေးသူ - မိုးချမ်း ၂၀၁၀ ဧပြီ ၈ ရက်
မြန်မာ့အရေးတင်ပြပွဲနှင့် ရံပုံငွေရှာပွဲ အခမ်းအနားကို ယမန်နေ့  နယူးယောက်မြို့ မှာ ကျင်းပခဲ့ရာ အမေရိကန်နိုင်ငံသားများနဲ့  စည်ကား ခဲ့ပါ တယ်။
နယူးယောက်မြို့ လယ်ရှိ ခမ်းနားတဲ့ Friar’s Club မှာ Free Burma Alliance နှင့် Network 355 တို့ က အခမ်းအနားကို ကြီးမှူးကျင်းပပြီး အလှ ပစ္စည်းများထုတ်တဲ့ Lancome၊ Chanel၊ ဂျပန် Ito En iced-tea နဲ့  Sapporo Beer ကုမ္ပဏီ၊ Diamond Club International၊ Excellence Thai၊ ချော့ကလက် Lindt အပါအ၀င် ကုမ္ပဏီပေါင်း ၃၀ လောက်က ကူညီထောက်ပံ့ခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ နယူးယောက်မြို့ ခံ မြန်မာတချို့ ကလည်း မြန်မာအစားအစာ၊ Sushi များနဲ့  ကူညီခဲ့ကြပါတယ်။
ဒီလို ကူညီသူ ကုမ္ပဏီနဲ့  အဖွဲ့ အစည်း ပေါင်း ၃၀ လောက်ပါဝင်တဲ့ မြန်မာ့အရေး အခမ်းအနား ကတော့ အမေရိကားမှာ ထူးခြားတဲ့ မြန်မာ့ အရေး အခမ်းအနား တစ်ခုဖြစ်ခဲ့ ပါတယ်။
ဘာကြောင့် ဒီအခမ်းအနားကို လုပ်ရသလဲဆိုတာကိုတော့ အခမ်းအနားကြီးမှူးသူတစ်ဦးဖြစ်တဲ့ Jeremy Taylor က ‘‘မြန်မာပြည်မှာ ကလေးတွေအများကြီး မသေသင့်ဘဲသေနေကြတယ်။ မိုင်းဗုံးထိလို့  တမျိုး၊ စစ်တပ်က သေနတ်နဲ့ ပစ်လို့ တဖုံ၊ ကလေးစစ်သားဖြစ်ပြီး သေတာက တကြောင်း၊ စတဲ့စတဲ့ အကြောင်းမျိုးစုံနဲ့  အပစ်မဲ့ ကလေးတွေသေနေကြတာပါ။ ပြီးတော့ မိဘမဲ့ ကလေးတွေကလည်း တနေ့ တခြား တိုးလို့ လာနေပါတယ်။ ပညာရေး၊ ကျန်းမာရေး စတာတွေလည်း ကင်းမဲ့နေတော့ ဒီကလေးတွေအတွက် လုပ်ပေးရမယ့်တာဝန် ကျနော်တို့  အားလုံးမှာရှိပါတယ်။’’ ဒါ့ကြောင့် မြန်မာ့ရံပုံငွေပွဲ အဖြစ်ကျင်းပပြီး မြန်မာ့အရေးကို ၂၀၁၀ မှာ တိုးမြှင့် လုပ်ကိုင်ဖို့  ဒီအခမ်းအနားကို စတင် ကျင်းပရခြင်း ဖြစ်ပါတယ်လို့  ပြောပါတယ်။
အခမ်းအနားဖြစ်မြောက်ရေးကို အမေရိကန်တွေကြီးမှူးပေမယ့် မြန်မာနိုင်ငံရေးအကျဉ်းသား ဟောင်း ခေါင်းဆောင်တချို့ နဲ့  မြန်မာ့ နိုင်ငံရေး အဖွဲ့ အစည်းကိုယ်စားလှယ်တချို့ ကိုလည်း ဖိတ်ခေါ်ပြီး တက်ရောက်လာတဲ့ ပရိသတ်များနဲ့  မိတ်ဆက်ပေးခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် - လွတ်မြောက်နယ်မြေက အတွင်းရေးမှူး ကိုမြင့်စိုး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် - လွတ်မြောက် နယ်မြေ (အမေရိကန်ဌာနခွဲ) အတွင်းရေးမှူး ကိုနေတင်မြင့်၊ ကုလဆိုင်ရာ မြန်မာအတိုက်အခံရုံး (Burma UN Service Office) က မမိုင်ရာ၊ နယူးယောက်အခြေဆိုက် Burma Point ကိုယ်စားလှယ်များနဲ့  အခြားမြန်မာ့အရေး ဆောင်ရွက်တဲ့အဖွဲ့ ကိုယ်စားလှယ်များ လည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီအခမ်းအနားက ရရှိတဲ့ ရံပုံငွေများကို ဒေါက်တာ စင်တီယာမောင် ဦးဆောင်တဲ့ မယ်တော်ဆေးခန်းကို အဓိကထားပြီး၊ နယ်စပ်ဒေသမှာ မြန်မာ့အရေးဆောင်ရွက်နေကြတဲ့ အဖွဲ့ အချို့ ကို လှုဒါန်းမှာဖြစ်ကြောင်းသိရပါတယ်။
ကုမ္ပဏီကြီးများက လှူဒါန်းထားတဲ့ ပစ္စည်းများကို တိတ်တဆိတ်လေလံတင်ပွဲနဲ့ အတူ အမေရိကန်နိုင်ငံသား ၂၀၀ ကျော်လောက် တက် ရောက်ခဲ့ တဲ့ ဒီအခမ်းအနားမှာ မြန်မာ့ယဉ်ကျေးမှု အကအပြင်၊ တယော၊ DJ တို့ နဲ့ လည်း ဖျော်ဖြေခဲ့ကြောင်းသိရပါတယ်။
0 comments:
Post a Comment