
၂၂ နှစ်ထဲရောက်ခဲ့ပြီ
ခံစားရတာတွေက
လမ်းမထက် မြစ်တွေအတိုင်း
သမုဒ္ဒရာထဲက ရေစက်များလို
ယုံကြည်ခဲ့မိ
အပြာရောင်ငှက်တကောင်နဲ့
မီးတောင်တွေ ငြိမ်းသတ်ခဲ့ရ။
လှိုင်းပုတ်……လေပုတ်
မုန်တိုင်းအလင်္ကာထဲ ကူးခတ်ရင်း
မိုးကြိုးတံတိုင်းတွေကို ကာရံညှိကာ
မွေးရာပါ သံဓိဋ္ဌာန်နဲ့
ငရဲဆူးတောထဲက….. ပန်းတပွင့်
အဲ့ဒါ ……
ဗေဒါပန်း။
လင်းထိုက် (ကိုရီးယား)

0 comments:
Post a Comment