“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, April 11, 2010

စစ်ယာဉ်တန်းပါ ကယ်ရီပစ္စည်းများ အဖမ်းခံရ



Friday, 09 April 2010 18:27 စိုင်းမျိုးကြီး
http://www.mongloi.org/burmese/2008-08-01-03-22-02/96-2008-08-03-06-49-23/784-2010-04-09-11-32-27
မြန်မာစစ်တပ် စစ်ယာဉ်တန်းပေါ်မှ ကျပ်သိန်းပေါင်း ၂ သောင်းကျော်တန် တရုတ်မှောင်ခို ကုန်ပစ္စည်းများ မတ်လ ကုန်ပိုင်းက သျှမ်းပြည်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဖမ်းဆီးခံရကြောင်း ဒေသခံကုန်သည်များ အဆိုအရ သိရသည်။

FAW နှင့် DONGFENG စစ်ထရပ်ကား အစီး ၆၀၀ အား တရုတ်မှ မြန်မာစစ်တပ်ထံ မတ် ၂၄ ရက်နေ့က စတင်လွှဲ ပြောင်းခဲ့သည့် ယာဉ်တန်းသည် တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှ မူစယ် - မန္တလေး ကုန်သွယ်ရေးလမ်း အတိုင်း ထွက်ခွာလာစဉ် လားရှိုးမြို့ တပ်ထိန်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

“ဧပြီလဆန်းအထိပေါ့ အစီး ၆၀၀ ကို အသုတ်လိုက်ခွဲပြီး မန္တလေးဘက်ကို မောင်းတယ်ဗျာ အဲဒီအထဲကကားအစီး ၅၀ ကျော်မှာ ကယ်ရီ ပစ္စည်းတွေမိတာ ပစ္စည်းတွေကအစုံပေါ့ လျှပ်စစ်ပစ္စည်း ဆောက်လုပ်ရေးပစ္စည်း လူသုံး ပစ္စည်းတွေ” ဟု သူက ပြောသည်။

အဆိုပါ စစ်ထရပ်ကားများ မြန်မာစစ်တပ်ထံ မလွဲပြောင်းမီက တရုတ်နယ်စပ်တွင် ကယ်ရီကုန်ပစ္စည်းများ တင်ဆောင် နေကြောင်း ကျယ်ဂေါင်မြို့တွင် ကုန်ထမ်းနေသူတစ်ဦးက ဆိုသည်။

“စစ်ယာဉ်တန်းဆိုတော့ လမ်းမှာအစစ်အဆေးမရှိဘူးဆိုပြီး ကယ်ရီကုန်တွေကို ပေါ်တင်ကြီးတင်နေတာ နည်း နည်းနောနောမှ မဟုတ်တာ အလုပ်သမားတွေနဲ့တင်နေတာ အဲဒါတော့ ကျနှော့်မျက်မြင်ပဲ” ဟု သူက ဆိုသည်။

တရုတ်နယ်စပ်မှ မန္တလေးအထိ မှောင်ခိုတရုတ်ကုန်ပစ္စည်းများ စစ်ယာဉ်တန်းတွင် ကယ်ရီတင်ဆောင်ရန်အတွက်ကုန်သယ် များက ယာဉ်တန်းမောင်းနှင်မည့် မြန်မာစစ်အရာရှိများထံ အခကြေးငွေပေး၍ တင်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

မြန်မာစစ်တပ်မှ အရာရှိများကိုယ်တိုင် တရုတ်နယ်စပ်အထိ ဆိုင်ကယ်ထော်လာဂျီ ကားကယ်ရီသယ်သူ အထူး များပြား လျက်ပြီး တရုတ်ရဲများ၏ ဖမ်းဆီးခြင်းကို မကြာခဏခံရကြောင်း မြန်မာစစ်သားများကို တရုတ်အချုပ် မှထုတ်ပေးဖူးသူ နယ်စပ်ရောက် အဖွဲ့ချုပ်ဝင်လူငယ်တစ်ဦးက ပြောသည်။

“သူတို့တပ်ထဲမှာ စားဝတ်နေရေးကြပ်တည်းလွန်းလို့ပေါ့နော် ဒီဘက်နယ်စပ်အထိ ဆိုင်ကယ်ကယ်ရီသယ်တာ မန္တလေး စစ်တပ်က တပ်ကြပ်ကြီး အပါအ၀င် ၃ ယောက်ကို ကျယ်ဂေါင်တရုတ်ရဲက နေထိုင်ခွင့်လက်မှတ်မရှိလို့ ဖမ်းထားတာ ထုတ်ပေးလိုက်ရသေးတယ်” ဟု သူက ပြောသည်။

ယခုနှစ်ဆန်းပိုင်းက နမ့်ခမ်းမြို့အခြေဆိုက် ခလရ ၁၄၄ မှ ဗိုလ်ကြီးတစ်ဦးက ကျောက်စိမ်းကယ်ရီသယ်လာစဉ် မူစယ် ၁၀၅ မိုင်တွင် ဖမ်းဆီးခံခဲ့ရသေးကြောင်း သိရသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */