“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, April 18, 2010

" ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အမေရိကန် ကျောင်းသူ/ကျောင်းသား( ၁၀၀၀) ကျော် တောင်းဆို"


*သတင်း ရေးသူ-အောင်မိုးဝင်း (BGAN)*

အပြည်အပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နှစ်စဉ်ကြီးမှူးပြုလုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ Get On The Bus ဆန္ဒပြပွဲ ကို ယမန်နေ့က ဧပြီလ ၁၆ ရက်၊ သောကြာနေ့ တစ်နေ့လုံး နယူးရောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။ယခုနှစ်အတွက်အာရုံစိုက် ဆန္ဒပြ တဲ့အကြောင်းအရာ တွေကတော့မြန်မာနိုင်ငံအရေးအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ တိဘတ်နှင့် သိရိလင်္ကာနိုင်ငံတွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရေးနဲ့ ကွန်ဂိုနိုင်ငံကအမျိုးသမီးအခွင့်အရေးကာကွယ်သူတွေကို ကာကွယ်ပေးရေးတို့ ဖြစ်ပါတယ်။ အဆိုပါ ဆန္ဒပြပွဲ သို့ တက်ရောက်ရန် မနက် ၈ နာရီခန့်မှစတင်ကာ အမေရိကန် အရှေ့တောင်ပိုင်းပြည်နယ်များမှ တက္ကသိုလ်နှင့် အထက်တန်းကျောင်းသူကျောင်းသား၁၀၀၀ကျော်နယူးရောက်မြို့သို့ရောက်ရှိလာပြီးပထမဆုံးအခမ်းအနားဖြစ်တဲ့ ဟောပြောပွဲအစီအစဉ်ကို မနက် ၁၁ နာရီမှာ ကူးပါးယူနီယံ တကသိုလ်ကျောင်းရဲ့ခန်းမထဲမှာ ကျင်းပါတယ်။

အဆိုပါအခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှတာဝန်ရှိသူတွေက မိုင်ပေါင်းများစွာမှ လာရောက်ကြတဲ့ ကျောင်း သူ ကျောင်းသား တွေကို ကျေးဇူးတင်စကား ပြောပြီးအမှာစကားများလည်း ပြောကြားခဲ့ပါတယ်။သီရိလင်္ကာနိုင်ငံတွင် သတင်းထောက်များ အပေါ် ဖိနှိပ်မှုများအကြောင်းကို နယ်စည်းခြားမဲ့ သတင်းထောက်များအဖွဲ့ရဲ့ အမေရိကန်နိုင်ငံတာဝန်ခံ တာလာ ဒောင်လာ့ရှာဟီ ကလည်း ကောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာများကို ရွှေဝါရောင် သံဃာတော်နှစ်ပါးဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးပညာဇောတနှင့်ဦးဃောသိတတို့က လည်းကောင်း၊ ကွန်ဂိုနိုင်ငံက အမျိုးသမီးအရေးကို နယူးရောက်မြို့ လွတ်ငြိမ်းချမ်းသာခွင့်တာဝန်ခံ သန်ဂျိဝေမက်ဟဲရစ်က လည်းကောင်း၊ တိဘက်နိုင်ငံအတွင်း တရုတ်အစိုးရရဲ့လူအခွင့်အရေး ချိုးဖောက်မှုများ ကို တိဘတ်ဘုန်းတော် ကြီးတပါးဖြစ်တဲ့ ဂာလျှီလော့ဘ်ဆန်တန်ပာ က လည်းကောင်း ဟောပြောရှင်းပြပြီး တက်ရောက် သူတွေကို ဒီထက်မက ပါဝင်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ထို့နောက် ချီတက် ဆန္ဒပြပွဲ များကို ၁ နာရီ ၅၀ မိနစ်မှ စတင်ကာ သိရိလင်္ကာအရေး ကို သိရိလင်္ကာသံရုံးရှေ့တွင်လည်းကောင်း၊ ၂ နာရီ ၅၅ မိနစ်တွင် မြန်မာအရေးနှင့် ကွန်ဂိုအရေးတို့ကို ကုလသမဂ္ဂ ရုံးချုပ် ရှေ့တွင် လည်းကောင်း၊၄ နာရီ ၁၅ မိနစ်တွင် တိဘတ်အရေးကို တရုတ်နိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားလှယ်ရုံးအရှေ့တွင် လည်း ကောင်းပြုလုပ်ခဲ့ပါတယ်။ မြန်မာအရေး ဆန္ဒပြကြရာတွင်ဒေါ် အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော်ကို ချက်ချင်းလွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ မသမာနည်းများဖြင့်ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန်ကျင်ကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့မှ မြန်မာနိုင်ငံမှာ ဖြစ်နေ ခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြောမဟုတ်ဘဲ လက်တွေ့ကျတဲ့ နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးနိုင်ဖို့အတွက်လုပ်ဆောင်ရန် အဆိုပါကျောင်းသူ ကျောင်းသား ၁၀၀၀ ကျော်နှင့်အတူ မြန်မာ့အရေး တက်ကြွလုပ်ကိုင်သူများကတောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။

-အောင်မိုးဝင်း (BGAN)

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */