15 April 2010
Myanmar New Year Fatal Grenade Attack Kill 30 (ဗုံးကွဲ မှု မှာ စစ်အစိုးရလက်ချက်ဟုရန်ကုန် မြို့ ခံတို့ သုံးသပ်) ဗုံးမှာ လက်ပစ် ဗုံးသုံးလုံး ဖြင့် လူအုပ်ထဲ သို့ ပစ်ထည့် ခြင်းဖြစ်သည် ဟု မျက်မြင်တွေ့ ရှိသူ တစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်သည့် H20 မဏ္ဍပ် အား ဗုံးပေါက်ကွဲမှု မဖြစ်ခင်တွေ့ ရေပက်ကစားသူများနှင့် ဤသို့ တွေ့ ရစဉ်
ဗုံးပေါက်ကွဲမွှုအပြီး ရန်ကုန်ဆေးရုံကြီး ၅/၆ အရေးပေါ် ကုသ ဆောင် အရှေ့တွင် မိမိတို့ ၏ ဆွေမျိုးသားချင်း များ ကို စောင့်ကြည့်နေ သူများ ဓာတ်ပုံ-CNN
မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလ ဖြစ်သည့် သင်္ကြန် အကြတ်နေ့ ညနေ သုံးနာရီကျော်အချိန်တွင် ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ အောက်စီဂျင် ရေကစားမဏ္ဍပ် တွင် ဗုံးသုံးလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။ဗုံးပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိသွားသည်။ရန်ကုန် ဆေးရုံကြီး တာဝန်ကျ ဆရာဝန် တစ်ဦးက သေဆုံးသူမှာ နှစ်ဆယ်ကျော်ပြီ ဖြစ်သည် ဟု ပြောသည်။
ဗုံးပေါက်ကွဲမှု ကြောင့် မြန်မာ စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရေကစားမဏ္ဍပ်များ ကို ချက်ခြင်းပိတ်ခိုင်းပြီး အတာသင်္ကြန်နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် ရန်ကုန် မြို တွင် လည်း ရေကစားခွင့်များ ပိတ်မည် ဟု မဏ္ဍပ် စီစဉ်သူ တစ်ဦးက Freedom News Group သို့ ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးလေးဦးသေဆုံးခဲ့သည် (AP Photo/MRTV via APTN) ** MYANMAR OUT, MANDATORY CREDIT **
ဗုံးပေါက်ကွဲခဲ့ရာ X 2 o မဏ္ဍပ် သည် နှစ်စဉ် ရေပက် မဏ္ဍပ် ဆောက်လုပ်သည့် ရန်ကုန် မြို့  ၏ နာမည် ကျော်မ ဏ္ဍပ်တစ်ခုဖြစ်ပြီး ယခင်ကာ အင်လျှားလမ်း တွင် နှစ်စဉ် မဏ္ဍပ် ပြုလုပ်ခဲ့သည်။ယခုနှစ် ကန်ပတ် လမ်းတွင် ဆောက် လုပ်သည့်မဏ္ဍပ် များ ဉ် လည်း အကြီးဆုံးဖြစ်သည်။
ထိုသို့ ဗုံးပေါက်ကွဲ ခြင်းသည် နေပြည်တော် သင်္ကြန် စည်ကားမှု မရှိပဲ ရန်ကုန် သင်္ကြန် အလွန် စည်ကားခြင်းကို မနာလို ဖြစ်သည့် စစ်ခေါင်းဆောင် များက ဗုံးဖောက်ခွဲရန် စီစဉ်ခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့ ခံတို့ ကပြောကြသည်။
ဗုံးပေါက်ကွဲပြီး နောက်ပိုင်း တွင် ရဲတပ်ဖွဲ့ ဝင်များက X2o မဏ္ဍပ် အနီးရှိ ရေကစား နေသူ အချို့ နှင့် ၀မ်းရေးအတွက်အသက်မွေးနေ သူ အချို့ ကို လိုက်လံ ဖမ်းဆီးသည် ဟု သိရသည်။
ဗုံးပေါက်ကွဲ မှု သတင်း အား မြန်မာ့ ရုပ်မြင်သံကြားမှ ညနေ ခြောက်နာရီတွင် ကြားဖြတ် သတင်း လွှင့်ထုတ်သွားခဲ့သည်။ဗုံးပေါက်ကွဲ မှုကြောင့် မင်္ဂလာ တောင်ညွှန့်  မယက ဥက္ကဌ နှင့် ဒုရဲ အုပ် တစ်ဦး ပြင်းထန် စွာ ထိခိုက် ဒဏ်ရာရရှိသွားသည်။
ဗုံးပေါက်ကွဲ မှု မတိုင်ခင် တစ်ရက် အလို သင်္ကြန် အကျနေ့ ညနေကတည်းက ရန်ကုန် ဆေးရုံကြီး ရှိ လူနာဆောင်များ နှင့်အရေးပေါ်ကုသခန်းများ အား အာဏာပိုင်များက ရှင်းလင်း ထားခိုင်းသဖြင့် ဆေးရုံကြီး ဆရာဝန် အချို့ က ထို ဗုံးပေါက်ကွဲမှု မှာ စစ်အစိုးရ ၏ လက်ချက် ဟု ယူဆကြသည်။
ဗုံးပေါက်ကွဲပြီးနောက် မင်္ဂလာတောင်ညွှန့် မျှော်စင်ကျွန်း ၀င်ပေါက် လမ်းဆုံမှ နေ၍ ဦးထောင်ဗိုလ် အ၀ိုင်းထိ လမ်းများပိတ်ထားသည် ။ဗုံးပေါက်ကွဲမှုကြောင့် ကန်ပတ် လမ်းတွင် ရေကစားနေ သူ တို့ မှာ ကမ္ဘာပျက်မတတ် ဖြစ်သွားခဲ့သည်။
In this image made from television, a person injured in a blast is carried into a hospital for treatment, in Yangon, Myanmar, Thursday, April 15, 2010. Three bombs ripped through traditional New Year festivities in Myanmar's biggest city of Yangon Thursday, killing nine people and injuring 94 others, officials and state television said. (AP Photo/MRTV via APTN)
နောက်ဆုံးရရှိသည့် သတင်းများ အရ လူတစ်ရာကျော် ဒဏ်ရာရသည် ဟု သိရသည် (REUTERS)
http://freedomnewsgroup.com/
Friday, April 16, 2010
မြန်မာ နှစ်သစ်ကူး အတာသင်္ကြန် ကာလ အတွင်း ဗုံးပေါက်ကွဲ၍ လူ သုံးဆယ် ကျော် သေဆုံး
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment