န.အ.ဖကတော့ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ပြီး မြန်မာ ပြည်သူများနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အဆုံးအစွန်ထိ စိန်ခေါ် လိုက်ပြန်ပါပြီ။ အာလုံးက ၀ိုင်းဝန်း တောင်းဆို နေကြ၊ တားမြစ် နေကြသည့် ကြားကပင် ယခုလို ကိုယ်သဘော ကိုယ်ဆောင်၍ ပြုမူလိုက်ခြင်းသည် ဤတစ်ကြိမ် သည်လည်း ပထမဆုံး အကြိမ် မဟုတ်တော့ပါ။ န.အ.ဖ စစ်အုပ်စုက သူလမ်းစဉ်ကို မဆုပ်မနစ် အကောင်အထည် ဖော်သွားနိုင်ခဲ့သည်။ ၄င်းတို့ ဘက်က ကြည့်လျင်တော့ ၎င်းတို့ လိုချင်သည့် ပန်းတိုင်ရောက်လုပြီ။ ဒါဆို ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားများ ဘက်ကရော ပန်းတိုင် ရောက်လုပါပြီလား…..? တာဝန်ကျေပြီလား…..?
န.အ.ဖ၏ လမ်းပြ မြေပုံ ခုနုစ်ချက်၏ အဆင့်တိုင်းကို ကျွန်တော်တို့ (ဒီမိုကရေစီ ဘက်တော်သားများ)က ပါးစပ်ဖြင့် တိုက်ဖျက် လာကြသည်မှာလဲ ယခု အချိန်တွင် ဆုံးခန်းတိုင်လုပြီ။ ဤတစ်ကြိမ်တွင်လည်း အလုပ်မပါ ပါးစပ်ချည်း သက်သက်သာ တိုက်ဖျက် နေကြပါက ကျွန်တော်တို့ တိုင်းပြည်နှင့် ကျွန်တော်တို့ လူမျိုးလောက် ညံ့သောသူ ဤကမ္ဘာပေါ်တွင် ရှိနိုင်တော့မည် မထင်ပေ။ ပါးစပ်နဲ့ မတိုက်ဖျက်ချင် လို့ရော တွေများရှိလိုလဲဟု မေးစရာရှိပါသည်။ ကျွန်တော်တို့်သည် စည်းလုံးချင်း အင်အားလောက် ကောင်းသော လက်နက် မရှိမှန်း သိလျက်နှင့်ပင် ထိုလက်နက်ကို ဆွဲကို ရန်တွန့် ဆုတ်နေခဲ့ကြသည်။ မယုံမရဲ ရှိနေခဲ့ကြသည်။ ဘုရင်နောင်၏ နောင်ရိုး တိုက်ပွဲ၊ နောင်ရိုး စိတ်ဓါတ်ကို မေ့လျော့ နေခဲ့ကြသည်။ လမ်း(way) မရှိလိုပါပဲ လူထုကို ဦးဆောင်ချင် နေကြသည်။

တကယ်ဆို ကျွန်တော်တို့ လုပ်သင့်သည်မှာ လက်တွေ့ ကျသော အမြင်များ၊ လမ်းစဉ်များကို ပြည်သူ လူထုအား ချပြပြီး ဦးဆောင် သင့်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ မ၀င်၇န် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ဖြစ်ခြင်းကြောင့် မဟုတ်ပဲ မြန်မာ တစ်နိုင်ငံလုံးအား ဒုက္ခ ပင်လယ်တွင်းမှ ကယ်တင်ရန် အတွက် ပထမ ခြေလှမ်းပင် ဖြစ်ကြောင်း ရှင်းပြ စည်းရုံးရမည်။ မြန်မာ လူဘောင် အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနှင့် မြန်မာပြည် လွတ်မြောက်ရေး၏ ဆက်စပ်မှုကို ရှင်းလင်းစွာ သိနားလည် ကြခြင်း မရှိသေးပေ။ ၄င်းအခြင်းအရာကို ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ မည်သည့် အင်အားစုကမှ မဟုတ်သော သာမာန် ပြည်သူ တယောက်နှင့် စကားအနည်းငယ် ပြောကြည့်ရုံဖြင့် သိနိုင်ပါသည်။
နှစ်ကာလ အတန်ကြာ အဖက်ဖက်က ပြင်ဆင်ပြီးသော စနစ်တကျ ဖွဲ့ စည်းထားသော န.အ.ဖ၏ အုပ်ချုပ်ရေး ယန္တရား ရပ်တန့် သွားရန် လုပ်ဆောင်မည် ဆိုလျှင် ပြည်သူ အတွက် အတွေ့အကြုံ ရှိသော အရည်အချင်းရှိသော ခေါင်းဆောင်ကောင်း တစ်ဦးတော့ အနည်းဆုံး လိုအပ်သည်။ ဒေါ်အောင်ဆန်စုကြည်သည် အထက်ပါ အရည်အချင်းများနှင့် ပြည်စုံသည့် အပြင် လွန်ခဲ့သည့် ဆယ့်သုံးနှစ်တာ ကာလကို နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် ဖြတ်သန်းခဲ့ရသည့် လူထု ခေါင်းဆောင် တစ်ဦးပင်ဖြစ်သည်။ ထိုသို့ ဆယ်သုံးနှစ် ကာလကို အကျယ်ချုပ် ဘ၀ဖြင့် ဖြတ်သန်း ခဲ့ရခြင်းသည် သူ့ အတွက် မဟုတ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ အတွက် မဟုတ် မြန်မာ ပြည်သူများနှင့် မြန်မာနိုင်ငံ အတွက်သာ ဖြစ်သည်။ ယင်းအချက်ကို သိသာ ထင်ရှား သွားစေသည့် အချက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ရွေးကောက်ပွဲ မ၀င်ရေး ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ မြန်မာ ပြည်သူလူထုကို တရားဝင် ဆက်လက် ဖိနှိပ် ချုပ်ချယ်ခွင့် ပေးထားပြီး စစ်အာဏာရှင် စနစ်ကို သက်စိုးရှည်စေမည် 2008 ဖွဲစည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲ မ၀င်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းသည် ပါတီ ဆက်လက် ရှင်သန် ရပ်တည်ရေးထက် စာလျှင် ပြည်သူဘ၀ လွတ်လပ်ရေးကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ချုပ် ခေါင်းဆောင်းများနှင့် NLD ပါတီက အလေးထားကြောင်း သိသာ ထင်ရှားစေသည် သာဓကပင် ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော်တို့ ပြည်သူများ အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့ အပေါ်ထားသော စေတနာကို နားလည်သော အားဖြင့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရှေ့လုပ်ငန်းစဉ်များကို ၀န်းရံ ထောက်ခံ ကြရန်ပင် ဖြစ်သည်။ သို့မှသာ မြန်မာ ပြည်သူ လူထု အများစု လိုလားသော ပြည်သူ့ ဘ၀များ အမှန်တကယ် ဖွံ့ဖြိုး တိုးတက်လာမည့် ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ ရောက်ရှိပေမည်။
မကြာသေးမီက ထုတ်ပြန် ခဲ့သော န.အ.ဖ၏ ရွေးကောက်ပွဲ ဥပဒေများနှင့် ပက်သက်ပြီ်း ကျောင်းသား အများအပြားနှင့် ကျွန်တော် ဆွေးနွေး ဖြစ်ပါသည်။ စစ်အစိုးရ လက်အောက်တွင် တက္ကသိုလ် ပညာသင်ကြား နေရသော ကျွန်တော်တို့ ခေတ်ကျောင်းသား အများစုမှာ စစ်အစိုးရ၏ ဖိနှိပ်မှုများ၊ မကောင်းသည့် ဘက်ကိုသာ အလွယ်တကူ ရောက်ရှိ သွားစေနိုင်သော ခေတ်စနစ် အခြေအနေ တို့ကြောင့် ကိုယ်နိုင်ငံ၏ အရေးကိစ္စများကို စိတ်ဝင်စားဖို့ နေနေသာသာ နိုင်ငံရေး ဆိုသည်မှာ အန္တရာယ် အရှိဆုံး အလုပ်ဟု သတ်မှတ် နားလည် ထားကြသည် ခေတ်ကြီးတွင် နိုင်ငံရေးကို စိတ်ရော ကိုယ်ပါ ပြောဆို လုပ်ဆောင် နေကြသော ၄င်းကျောင်းသားများသည် တိုးတက်သော အမြင်ရှိသည့် ကျောင်းသားများဟု ယူဆလျှင် ရနိုင်ပါသည်။
လက်ရှိ မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်များကို ၎င်းကျောင်းသားများနှင့် ကျွန်တော် ပြောဆို ဆွေးနွေးမှုများ ပြုလုပ်သည့် အခါ ၄င်းတို့ အယူအဆ အမျိုးမျိုးကို သိခွင့် ရခဲ့ပါသည်။ ၄င်းတို့က မြန်မာနိုင်ငံ အလှည့်အပြောင်း များတွင် ရဟန်း သံဃာများနှင့် ကျောင်းသား လူငယ် တို့သည် မည်သည့် အခါမှ ဦးလေးခြင်း မရှိဘဲ ရှေ့ဆုံးမှ ပါဝင်မြဲ ဖြစ်ကြောင်း၊ သို့သော် အကြောက်တရား များကြောင့် ပြည်သူ လူထု ထိုက်သင့် သလောက် ပါဝင်ခြင်း မရှိသည့် အခါများတွင် တော်လှန်ရေး ဖြစ်စဉ်အချို့မှာ လိုအပ်သည့် ပန်းတိုင် မရောက်ခင် ကျရှူံး ရပ်တန့် ခဲ့ကြရကြောင်း၊
ထို့ကြောင့် နောက်ဆုံး တိုက်ပွဲတွင် ယင်းအချက်ကို မိမိတို့ ကြိုတင် နည်းလမ်းရှာ ကြိုးစား သင့်ကြောင်း၊ နောက်တစ်ချက်မှာ လူထု အုံကြွမှုများ ဖြစ်ပေါ်လာသော အခါ အစိုးရက အကြမ်းဖက် တုံ့ပြန်မှုများ ဖြစ်ပေါ် မလာစေရန် အစိုးရ၏ လက်ကိုင်တုတ် သဖွယ် အသုံးချ ခံနေကြရ ရှာသော တပ်မတော်သားများနှင့် ပြည်သူ့ ရဲများအား မီဒီယာများမှ ဖြစ်စေ အခြား နည်းလမ်းနှင့် ဖြစ်စေ ၎င်းတို့၏ မိဘ သဖွယ် ဖြစ်သော ပြည်သူများအား အကြမ်း မဖက်ရန်နှင့် လူထုနှင့် ပူးပေါင်းရန် ကြိုတင် မေတ္တာရပ်ခံ ထားသင့်ကြောင်း၊ နိုင်ငံတကာမှ မြန်မာများ အနေဖြင့်လည်း ပြည်တွင်းတွင် လူထု အုံကြွမှု ဖြစ်နေစဉ် ကာလနှင့် အချိန်ကိုက် နိုင်ငံတကာရှိ မြန်မာသံရုံးများနှင့် တရုတ် သံရုံးများတွင် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် မြန်မာ ပြည်သူများနှင့် တသွေးတည်း တစ်သားထဲ ရှိကြောင်း ပြသ သင့်ကြကြောင်း၊ လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များသည်လည်း န.အ.ဖ၏ နယ်ခြားစောင့် တပ်ပြောင်းလဲရေးကို လက်မခံပဲ ဆက်လက် တောင့်ခံထားကြ စေလိုကြောင်း၊ အခြား တစ်ဖက်မှလဲ နိုင်ငံတကာ ဖိအားများ ယခုထက် ပို၍ ပြင်းထန် လာစေရန် ယခု အချိန်မှ စ၍ လုပ်ဆောင် သင့်ကြောင်း စသည်ဖြင့် ပြောဆို ဆွေးနွေး ကြပါသည်။
ချုပ်၍ ဆိုရသော် ယခု တစ်ကြိမ် နောက်ဆုံး တိုက်ပွဲတွင် ဒီမိုကရေစီ အင်အားစုများနှင့် မြန်မာ ပြည်သူတို့က ဘုရင့်နောင်၏ နောင်ရိုး တိုက်ပွဲ၊ နောင်ရိုး စိတ်ဓါတ်ထုံး နှလုံးမူ၍ နောက်လှည့် မကြည့်စတမ်း ရည်မှန်းချက် ရောက်သည်အထိ တိုက်ကြရန်နှင့် အဖက်ဖက်က အစိုးရအား ဖိအားပေးသော မည်သည့် လှုပ်ရှားမှုမျိုးကို မဆို ပူးပေါင်း ပါဝင်ကြမည် ဆိုပါက သံဃာတော်များနှင့် ကျောင်းသား လူငယ်တို့ ဦးဆောင်သော မြန်မာ့ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲကြီးကို မကြာမီ အချိန်ကာလ အတွင်း မြန်မာ ပြည်သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ ကြရလိမ့်မည် ဖြစ်ကြောင်း ဤဆောင်းပါးဖြင့် ကြိုတင် အသိပေး အပ်ပါသည်။
မင်းသွေးသစ်(၂၀၀၇)
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ

7 comments:
NLD နောက်ဆုံးမြင်ကွင်း (သို့မဟုတ်) နိုင်ငံရေး ကံကြမ္မာရဲ့ လှောင်ပြောင်ခြင်း
ဦးခင်မောင်ဆွေ
Monday, April 05, 2010
http://www.irrawaddy.org/bur/election/index.php?option=com_content&view=article&id=316:nld-----&catid=87:analysis&Itemid=300
Response to U Win Tin's Washington Post article
Dear U Win Tin,
Well I agree, there could be a change because of the transformation to the sham democracy. I see the election as a gift placed before NLD and Myanmar that could not even be dreamed of several years ago.
NLD has said no, Daw Aung San Suu Kyi has said no, Senior General Than Shwe has been silent, I assume he is saying no to Daw Aung San Suu Kyi's invitation to talks and you are saying no. Every single 'no' is a step closer to civil war and I do not feel comfortable to say it out loud. Every 'no' is pronounced from the bitterness of history and high expectations of election law and constitutional quality. It is contrary to the very nature of Burmese to welcome the bright side of every thing. Expecting this of SPDC is as ridiculous as expecting a great white shark to swing in the trees like an agile and happy chimpanzee.
I would like to hear the 'yes' in the so called 'sham democracy'. Every NLD heart that beats in parliament, every person in parliament that has heart is a voice for the real heart of Myanmar.
Would SPDC, who are concerned about repercussions against them, who are concerned for their property and who are concerned for security in the presence of a national army will suddenly give up their protection. Have they ever? Would you if you were in their shoes?
I read your logic that NLD would be nothing after expelling Daw Aung San Suu Kyi and any political prisoners. I don't agree. NLD has Myanmar's heart and 82% of the last vote. The Generals do not have that but isn't their gift a recognition of the beauty inherent in the national heart for NLD? Why does it matter that the legal language is not perfect. Each seat in parliament is a voice that sings for the legal language to be put right. It could take a year or five years or longer but real progress will come from that work.
The gift is to put the people's case to parliament day after day until the people have what they deserve. SPDC says it wants the economy to grow so there is common ground to build on. There are lots of win-win situations to work on. Look at the electricity coming to Yangon, and it happened without even a parliament in play. There are win-win situation to work on. SPDC have invited the changes and they just don't want to be harmed in the process.
I would like to shout most loudly that to say 'no' so often is not child's play. Civil war is not child's play. A long drawn out civil war is not child's play. Burma got independence from the British through negotiation and the negotiators weighed their moves carefully to success. When the people's representatives will sit in parliament it's all about negotiation, a daily negotiation to gradually move Myanmar towards a growing economy, public services and respect for all Myanmar people. During the time when General Khin Nyunt was Chief of Intelligence and later Prime Minister, a significant number of armed groups have signed cease fire agreements. Former Prime Minister U Nu also had military ambitions and failed. Even the WA with their 40,000 strong army cannot be victorious against the Burmese government and army because of support from Russia, China, India and ASEAN countries who have valuable investments in Myanmar. War is in the minds of Burmese people sitting far away in NY and Washington embracing wicked resentment at being pushed around by the great white shark.
The truth is the Burmese people are tired of the stagnant self serving politics. The people want peace and a job so they know where their next meal is coming from.
I can hear very loudly the chorus of NLD 'no' saying, everyone can hear it. It is a beautiful sight of NLD solidarity but how much thinking is behind the 'no' sound? Will the thinking behind the big NLD 'no' support desired improvements? Will it improve local relations. Will it improve international relations? I really don't care that the election laws are lopsided and ridiculous and self centered and unfair. NLD has no budget for war, has no desire for war, it is the party of non-violent means. How many times has Daw Aung San Suu Kyi said "The non-violent approach is the most difficult especially nowadays when weapons are getting more and more powerful but we are convinced the non-violent approach is the best and we find there is a vast difference in the attitude of a man with a gun in his hand and that of one without a gun in his hand. The person without the gun in his or her hand tries harder to use his or her mind with a sense of compassion and intelligence to work out the solution." That is the essence of a working parliament. NLD can talk the talk but will it walk the walk?
But U Win Tin when I hear Daw Aung San Suu Kyi's 'no' and NLD's 'no' I cannot see the strategy and the intelligence that puts Myanmar on a better path, rather I see a rejection of parliament and negotiation. It feels as if you are pointing a gun, and I don't think you want to do that. Who has the stomach for blood and destruction and absence of negotiation. I really don't think that is NLD's intent. Is NLD's intent to point the non-compromising rigid finger at unfair play, at undemocratic play? To what end is that serving? Everyone knows there is unfair play in Myanmar. Senior General Than Shwe got rid of corruption by the customs agents. Seems like an improvement to me. I think both NLD and SPDC have intent to change unfair play. You actually have lots of common ground. If only you could have the creativity, connections and youthful open minds to see it, to search for and find it. If only the National Reconciliation Council were a reality.
Now that NLD has made it's decision I encourage the NLD Youth Wing to pick up where NLD has left off. Perhaps that is the real logic at play here. I would like the people who can see the 'yes' in the election gift before them and work each 'yes' to obtain Myanmar's deserving future, to walk towards economic development, freedom, ethnic inclusion and away from civil war. There could be enough good substance in the election law and in the constitution. Elected officials can use their talents to win the 25% of the military over to the civilian side and to support democratic beliefs and culture. The international community supports the democratic movement and Myanmar are wishing for a modern economy and society. Myanmar people want to thrive.
America is a good example of democracy, sure democrats and republicans have their disagreements but they do not try to wreck the economy or try to incite violence and civil war, PERIOD.
I would like to invite the NLD Youth Wing, NLD and activists abroad to express their (election) pledges on my web site voiceofgoldenland.com so Myanmar people can read what they say.
I acknowledge all the 'no' I am looking for the 'yes' for this election gift. Where is the 'yes'?
nayting
Source: http://www.asiaobserver.com/
နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်
ပထမအဆင့် - ၁၉၉၆ ခုနှစ်ကစတင်၍ ယာယီအားဖြင့် ဆိုင်းငံ့ထားလျက်ရှိသော အမျိုးသားညီလာခံကြီးကို ပြန်လည်ကျင်းပခြင်း။
ဒုတိယအဆင့် - အမျိုးသားညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီးစီးသည့်အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် လိုအပ်သော ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ဆောင်ရွက်ခြင်း။
တတိယအဆင့် - အမျိုးသားညီလာခံကြီးက ချမှတ်ပေးသာ အခြေခံရမည့်မူများနှင့် အသေးစိတ် အခြေခံရမည့် မူများနှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ရေးဆွဲခြင်း။
စတုတ္ထအဆင့် - ဖြစ်ပေါ်လာသည့် အခြေခံမူကြမ်းကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခြင်း။
ပဉ္စမအဆင့် - ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များ ဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်း။
ဆဌမအဆင့် - ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော် အစည်းအဝေးများ ကျင်းပခြင်း။
သတ္တမအဆင့် - လွှတ်တော်မှ ရွေးကောက် တင်မြှောက်သော နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်မှ ဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့် အာဏာပိုင်အဖွဲ့အစည်းများဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ခြင်း။
ပြောချင်တာလဲပြော ဖောချင်တာလဲဖော...အဲ ကာဂျစ်စတန်ပြည်သူ့ လှုပ်ရှားမှုဗွီဒီယိုလေးလဲကြည့်သွားကြပေါ့။ (သူ့ ကိုယ်သူ နိုင်ငံတော်ကြီးဆိုတဲ့ အရူးကြီးသွားမယ့်လမ်းအတွက်) :)
မင်းသွေးသစ်ရေ
ဒီမိုကရေစီတိုက်ပွဲတွေဘာလို့ မအောင်မြင်လည်းဆိုတာ ပြည်သူ မပူးပေါင်းလို့ မဟုတ်ဘူး။ စစ်တပ် မပူးပေါင်းလို့။ စစ်တပ်က ဘာလို့ မပူးပေါင်းလဲ။ အတိုက်အခံခေါင်းဆောင်ဆိုသူတွေကို အထင်မကြီးလို့ပေါ့ဟ။ ကာဂျစ်စတန်မှာ အောင်ပွဲခံတာ သွားရေကျမနေပါနဲ့။ အဲတာ စစ်တပ်က အတိုက်အခံဘက် ရပ်လိုက်လို့ဟေ့။ ဒီနေ့ မြန်မာစစ်တပ်က အတိုက်အခံတွေရဲ့ အရူး-ျီးပန်းသိုင်းကွက်တွေ အထင်မကြီးဘူးဟ။
နောက်ပြီး ထိုင်းမှာ ဖြစ်နေတဲ့ အရေးအခင်းကို စောင့်ကြည့်။ စစ်တပ်က အဖီဆစ်ဘက်မှာရှိရင် အနီဝတ်တွေ ဘယ်လိုမှ မနိုင်ဘူး။ စစ်တပ်က အနီဝတ်တွေဘက် ပေါင်းတာနဲ့ အဖီဆစ် ပြုတ်ပြီ။
အဲတာကြောင့် ပြည်သူပူးပေါင်းတာ အဖြေမဟုတ်ဘူး။ စစ်တပ် ပူးပေါင်းမှ အဖြေဆိုတာ နဖူးပေါ်လက်တင်ပြီး စဉ်းစား။ စိတ်ကူးတည့်ရာ စီင်္မချက်တွေရေးမနေနဲ့။
NLD ရွေးကောက်ပွဲ ၀င်ပြိုင် နိုင်မယ် ထင်နေပုံရတယ်။ အတော်ရယ်ရတဲ့ကောင်။ မင်းတက်ပြိုင်ပါလား။ NLD နာမည်နဲ့ မဟုတ်လည်း ထောက်ခံကြမှာပါ။ NLD နာမည်နဲ့ ခုဝင်ပြိုင် ရှုံးလိုက်သမှ ၉၉.၉၉% နဲ့ ရှုံးသွားဦးမယ်။
Post a Comment