မြန်မာနှစ်သစ်ကော၊ အင်္ဂလိပ်နှစ်သစ်ပါ ကုန်လို့နှစ်သစ်တစ်ခုကို ရောက်ပြီး စစ်အာဏာရှင် တွေနဲ့ နောက်ဆုးံတိုက်ပွဲအတွက် စီးချင်း ထိုးရမယ့်အချိန် ရောက်လာပါပြီ။ နှစ်သစ်မှာ ရန်သူကို ပုံစံခွက်ထဲက ဖောက်ထွက်ပြီး စိတ်သစ်၊ လူသစ်၊ နည်းဗျုဟာသစ်တွေနဲ့ ထိုးစစ် ဆင်နိုင်အောင် ကြိုတင်ပြင်ဆင်ကြပါစို့။
ဒီပဲယင်းအပြီးမှာ သန်းရွှေတို့က ဓါတ်ပုံသံတမန် ရေးစခဲ့တယ်။ ကျွန်တော်တို့ပြည်ပမှာ ရောက်နေတဲ့သူတွေက သူတို့ထက်ဆယ်ဆ တောင် ပိုလုပ်နိုင်ရမယ်။ နိုင်ငံတစ်ကာမှာ ဆန္ဒတွေပြတဲ့အခါ စာတန်းတွေကိုင်ပြီး ဆန္ဒ ဖော်ထုတ်တာထက် စစ်အစိုးရက အပြစ်မဲ့ ပြည်သူ တွေကို မောင်းပြန်သေနပ်တွေနဲ့ပစ်ခတ်နှိမ်နင်းနေပုံ၊ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းတော်တွေကိုရိုက်နှက် ဖမ်းဆီးပုံ တွေ၊ ဂျပန် သတင်းထောက် ပစ်သက်ခံရပုံတွေကို ကိုင်စွဲပြီး ဆန္ဒပြသင့်တယ်။ နောက်ပြီး ကလေးစစ်သားပုံတွေကိုလည်း ထည့်သွင်းပြသ စေချင်ပါ တယ်။
ကျဆုးံသွားတဲ့ရဲဘော်တွေကို ဂုဏ်ပြုပြီးသား ဖြစ်သလို သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ တိုက်ပွဲဝင်နေလို့ အာဇာနည်မျိုး သေရိုးမရှိ ဆိုတဲ့ စိတ်ဓါတ်ကိုလည်း ပိုပြီး ခိုင်မာစေတယ်။ နောက်ပြီး သူတို့ ပေးဆပ်သွားတာတွေ အလဟသ ဖြစ်မသွားဘူး ဆိုတာ နောင်လာ နောက်သား တွေ သင်ခန်းစာယူစရာလည်း ဖြစ်မယ်။
နိုင်ငံခြားသားတွေလည်း ပိုစိတ်ဝင်စားလာပြီး ဘာကြောင့် ဆန္ဒပြနေရတာလဲ ဆိုတာကို ပိုပြီး သဘောပေါက်လာမယ်။ နှုတ်တစ်ရာ၊ စာတ လုးံ ဆိုရင် ဓါတ်ပုံဆိုပိုလို့ တောင်ခရီးရောက်ပါလိမ့်မယ်။ သေချာတာတခုကတော့ ကျွန်တော်တို့တတွေ သမရိုးကျ နည်းလမ်းတွေထဲ
က မလွဲမသွေ ခွဲထွက် ရပါလိမ့်မယ်။
ကျွန်တော်တို့ တစ်တွေ သံရုးံရှေ့မှာဆန္ဒပြတာထက် ဘာတွေပိုပြီး လုပ်နိုင်ပါသေးလဲ။ စဉ်းစာမိတာတစ်ခုက ဆန္ဒပြသလိုမျိုး လူစုပြီး ကားရေဆေးတာတို့၊ ပိုက်ဆံရမယ့် အလုပ်တစ်ခုခုလုပ် ပြီး ပြည်တွင်းမှာ သက်စွန့်စံဖျား တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေနဲ့ သူတို့ မိသားစု တွေကို ထောက်ပံ့မယ် ဆိုရင်ပိုပြီး အကျိုး များနိုင်ပါတယ်။ သူတို့လည်း ထမင်းစားပြီး တိုက်နေရတယ် ဆိုတာမမေ့သင့်ဘူး။
ပြည်တွင်းလှုပ်ရှားမှုကိုလည်း ရန်ကုန်တစ်မြို့ထဲဘဲ မဟုတ်ဘဲ တိုင်းနဲ့ပြည်နယ်မြို့ကြီးတွေမှာပါ ပြုလုပ်သင့်ပါတယ်။ လူထုဆီ တိုက်ရိုက် ရောက်စေမဲ့ ပိုက်ဆံတွေပေါ်မှာ စာတွေရေးပြီးဖြန့် ဝေတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုးံသင့်ပါတယ်။ အတားဆီးကင်းပြီးတစ်နိုင်ငံ လုးံ ကို ရောက်နိုင်လို့ ထိရောက်လှပါတယ်။
အထက်ပါအကြောင်းရာများမှာ သဲတစ်ပွင့် အုတ်တစ်ချပ် ဆိုသလို ကျွန်တော် ဥာဏ်မှီသလောက် စဉ်းစားမိသမျှ ကလေးကို တင်ပြ ဆွေးနွေးခြင်းဖြစ်ပါတယ်။
ရန်နောင်
မြန်မာ နှစ်ဆန်း တစ်ရက်နေ့ (၄။၁၇။၂၀၁၀)
Friday, April 16, 2010
တိုက်ကွက်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment