2010 ခုနှစ်မှာ လူထုအုံကြွပေါက်ကွဲမှု တွေ ဖြစ်မှာကို ကြောက်တဲ့ နအဖက 2010 ကို တန်ပြန်ယတြာချေတဲ့ အနေနဲ့  2010 ရဲ့ ပြောင်းပြန်ဂဏန်း> 1020 ဖြစ်တဲ့နေရာမှာ အကြံပက်စက်စွာ လူသေစေတဲ့ဗုံးတွေ ဖေါက်ခွဲခဲ့လေပြီ။ 2010 ရဲ့ ပြောင်းပြန်ဂဏန်း> 1020 ဖြစ်တဲ့နေရာက ဘယ်နေရာလဲ။
X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်မှာပါ။အဲဒီ X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်ကိုမှ တမင်ရွေးချယ်ကာ လူ့ အသက်တွေ သွေးတွေကို ဓါးစာခံလုပ်ကာ အာဏာရူး နအဖတွေ မပြုတ်ဖို့ အတွက်၊ နအဖ စစ်အာဏာဆက်မြဲဖို့ အတွက် အကြံပက်စက်ကြတာပါ။
ဗုံးပေါက်ကွဲတဲ့ နေရာက X2O လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်မှာပါ။
X2O ဟာ 1020 ဖြစ်ပါတယ် ။
1020 ဖြစ်တဲ့နေရာဟာ X2O ပါ။
ရှင်းပြပါ့မယ်။ ရောမဂဏန်း X ဟာ သင်္ချာဂဏန်း =10 ဖြစ်ပါတယ်။
(X=10)
X 2O = 10 20ဒါ့ကြောင့် 2010 တန်ပြန် = 1020 =X 2O နေရာကိုမှ ကံဆိုးမဲ ကျစွာ နအဖ ကိုးကွယ်တဲ့ အောက်လမ်း ဘိုးတော်တွေ ရွေးချယ်ပေးလိုက်တာပါပဲ။
ဒီဗုံးတွေကို ဘယ်သူတွေက ဘယ်လိုပဲဖောက်ခွဲခွဲ ...လူ့ ယဉ်ကျေးမှုအရ ကြည့်မယ်ဆိုရင် လုံးဝရှု့ံချရမယ့် အဆင့်မှာ ရှိပါတယ်။ မြန်မာ့ရိုးရာသင်္ကြန်အခါ အကြတ်နေ့ မှာ အရပ်သားအများစု ရှင်သန်နေတဲ့ နေရာမျိုးမှာ လူ့ အခွင့်အရေးချိုးဖောက်ခါ တမင်သက်သက် အကြမ်းဖက်တဲ့ လုပ်ရပ်ဆိုးတွေကို လုပ်တဲ့သူတိုင်းကို ဒီနေရာကနေ ထပ်မံအပြစ်တင်ပါတယ်။ ခင်ဗျားတို့  သူရဲဘောကြောင်တဲ့ လုပ်ရပ်ဆိုးတွေကို ရပ်တန်းကရပ်ကြပါတော့။အချိန်မှီမရပ်တန့် ကြရင် လောကစောင့်နတ်တွေက ဒီတိုင်းနေတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာ့နေရာအနှံ့ မှာ သဘာဝဘေးဒဏ် ကပ်တွေ ဆိုက်ရောက်လာနေသလိုမျိုး ခင်ဗျားတို့  အာဏာရမ္မက် လောဘရမ္နက် ဒေါသ ရမ္မက်တွေ ကြောင့် အပြစ်မဲ့တဲ့  မြန်မာပြည်သား တိုင်းရင်းသားညီကိုမောင်နှမတွေပါ ကပ်ဆိုးဘေးဆိုးဒဏ်တွေ ခံခဲ့ကြရပြီ။ခံကြရဦးမယ်။
လုပ်ရပ်ဆိုးတွေ ရပ်ပြီး လူ့ သိစိတ်အမှန်နဲ့  ပြင်ချိန်တန်ပြီ။ပြင်ကြပါတော့။ခင်ဗျားတို့  စစ်အာဏာရူးတွေအတွက်နဲ့ ပြည်သူတွေပါ အဖျားခတ် ဘေးဒဏ် မသင့်ပါစေနဲ့ တော့။
ဗုံးသတင်း အတိအကျက ဒီလိုပါ။2010 April 15 ရက် ကြာသပတေးနေ့  (သင်္ကြန်အကြတ်နေ့ ) ညနေ ၃နာရီလောက်မှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့ နယ် ကန်တော်ကြီးစောင်း- ကရ၀ိတ် အ၀င်အ၀အနီး- သိမ်ဖြူကွင်း ကားမောင်း လေ့ကျင့်ကွင်းကို မေးတင်ဆောက်လုပ်ထားတဲ့
X 2 O(အိတ်ခ်စ် တူး အို) ရေကစား မဏ္ဍပ် လက်ဝဲဘက်ဒေါင့်မှာ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်။ သေဆုံးသူ ၁၀ဦးလောက်ရှိမယ်...ထိခိုက်ဒဏ်ရာရသူ တော်တော်များတယ်လို့  ရန်ကုန်ကို ဖုန်းဆက်ရင်း သိခဲ့ရတာ ဖြစ်ပါတယ် ။
ချစ်ခြင်း မုန်းခြင်းများစွာဖြင့်-
မောင်အိုး
၂၀၁၀ သင်္ကြန်ကာလ
http://www.oway8888.com/2010/04/2010_15.html
Friday, April 16, 2010
2010 ကတ်ကင်း ရိုက်တဲ့ ဗုံးတွေ ပေါက်ပြန်ပြီ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment