“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, February 15, 2010

ရှိတာ အကုန်လုနေတဲ့ စည်ပင်..

သင်္ကန်းကျွန်းဈေး မီးလောင်ကျန်ပစ္စည်း စည်ပင်သိမ်း
ထွန်းသစ်ကျော်/ ၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ


ရန်ကုန်မြို့၊ သင်္ကန်းကျွန်းဈေးကြီး မီးလောင်ခဲ့ပြီး ကျန်ရှိသည့်ပစ္စည်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်းများ ၀င်ရောက် ယူငင်ခဲ့ကြသည်ဟု ဈေးသူဈေးသားများထံမှ သိရှိရသည်။
မီးလောင်ပြီးနောက်နေ့ ဖေဖော်ဝါရီ (၁၃) ပဲ။ စည်ပင်ကား (၂) စီး ကားဖင်ထိုးပြီး ဈေးထဲဝင်ကောက်တာ။ တချို့ မီးမကျွမ်းတဲ့ သွပ်ပြားတွေကို ခါပြီးယူကြတယ်။ တော်တော်ပါသွားတယ်။ စိတ်ကြိုက်ကို ကောက်သွားတာ။ ဈေးသူဈေးသားတွေကျတော့ လုံးဝအ၀င်မခံသေးဘူး” ဟု မျက်မြင်ကိုယ်တွေ့ ဈေးသည်တဦးက ပြောသည်။

ဈေးပိတ်ရက်ဖြစ်သော ပြည်ထောင်စုနေ့၊ ည (၇) နာရီခွဲတွင် မီးစတင်လောင်ကျွမ်းခဲ့သည့် သင်္ကန်းကျွန်းမြို့နယ်ရှိ အဆိုပါဈေးကြီးနှင့် မနီးမဝေး တောင်ဥက္ကလာမြို့နယ်အတွင်းမှ ပစ္စည်းဟောင်းများ ရောင်းဝယ်သောဆိုင်အချို့တွင် စည်ပင်ဝန်ထမ်းအချို့ မီးလောင်ကျန်ပစ္စည်းများ လာရောင်းသွားသည်ကို တွေ့မြင်ရကြောင်း တောင်ဥက္ကလာမြို့နယ်အတွင်းရှိ ပစ္စည်းအဟောင်းဆိုင်အနီး နေထိုင်သူတဦးက ပြောသည်။

“မိုတွေ (ရွှေပန်းတိမ်လုပ်ငန်းတွင်သုံးသော ပုံသွင်းခွက်များ) တော်တော်များများတွေ့တယ်။ သောင်းနဲ့ချီတန်တာ။ (လေး၊ ငါး၊ ခြောက်) ရာလောက်နဲ့ ရောင်းသွားတာ။ သံထည်တွေများတယ်။ မီးမလောင်ဘဲ ကျန်ခဲ့တာတွေ” ဟု ၎င်းက ဆိုသည်။

ဈေးသူဈေးသားအချို့၏အဆိုအရ ဈေးကြီးမီးလောင်ပြီး (၂) ရက်အကြာ ဖေဖော်ဝါရီ (၁၄) ရက်ကျမှသာ ဈေးဆိုင်ပိုင်ရှင်များအား ဈေးအတွင်း ၀င်ရောက်ခွင့်ပြုခဲ့ကြောင်း၊ သို့သော် ဆိုင်ပိုင်ဆိုင်မှုစာအုပ်ပြသမှသာ ၀င်ရောက်ခွင့် ပြုခြင်းဖြစ်ကြောင်း၊ မီးလောင်မြေမှ ပစ္စည်းများကို စည်ပင်ဝန်ထမ်းများ ၀င်ရောက်ကောက်ယူသွားပြီဖြစ်သဖြင့် အကျိုးမထူးတော့ကြောင်း ဈေးသည်များက ပြောသည်။

အဆိုပါဈေးကြီးတွင် ဆိုင်ခန်းပေါင်း (၇၀၀) ကျော်ရှိပြီး အားလုံးနီးပါး မီးလောင်ကျွမ်းခဲ့ကာ ဈေးကြီး၏တည်နေရာမှာ ဂျန်းရှင်းဇ၀န စူပါစင်တာအနီးတွင် တည်ရှိသဖြင့် စီးပွားရေးအကွက်အကွင်းကောင်းကြောင်း၊ လွန်ခဲ့သည့် (၆) နှစ်လောက် ကတည်းကပင် အဆိုပါဈေးကိုဖျက်၍ အဆင့်မြင့် ဈေးဝယ်စင်တာတည်ဆောက်ရန် စစ်အစိုးရနှင့်နီးစပ်သော လုပ်ငန်းရှင်ကြီးများက အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြကြောင်း၊ ဈေးသူဈေးသားများက ညီညွတ်သဖြင့် မအောင်မြင်ခဲ့ကြောင်း ဈေးသူဈေးသားအချို့က ပြောဆိုသည်။
http://www.khitpyaing.org/news/February%2010/15210d.php

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */