“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, January 08, 2010

ကလေးများ၏ အနာဂတ်အရေး..တွေးကြဖို့ တော်ပြီ။

မိဘအုပ်ထိန်းမှု အောက်တွင်ရှိသော ဆယ်ကျော်သက်အရွယ် လူငယ်များနှင့် အသက် ၂၀ ကျော်လူငယ်အချို့ အချိန်နှင့်ငွေ ကြေး အလွဲအသုံးချမှု များပြားလာမှုအပေါ် မိဘများ ပိုမိုသတိပြု အာရုံစိုက်လာရကြောင်း အဆိုပါ အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရပါ သည်။
'' ကလေးတွေကို အုပ်ထိန်းနိုင်ဖို့ အတွက် ပိုဂရုစိုက်လာရတယ်။
ကျွန်တော်တို့လည်း လူငယ်ဘ၀ကနေ လူကြီးဖြစ်လာသူတွေဖြစ် တဲ့အတွက် ကိုယ့်ကလေးတွေရဲ့ လူငယ်အရွယ်မှာရှိတဲ့ စိတ်နေစိတ်ထားတွေကိုကိုင်တွယ်နိုင်အောင် ကြိုးစားပေမယ့် ကွာခြားမှုတွေ၊ အခက်အခဲတွေရှိတယ်။


ဖြတ်သန်းကြတဲ့ ခေတ်ကလည်း မတူခြားနားမှုတွေများတယ်။ သူတို့လုပ်တဲ့ပုံစံတွေကို အချိန်ပြည့် စောင့်ကြည့်နိုင်ဖို့
အခက်အခဲတွေရှိတယ်။ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့က ဦးစားပေးတာဝန် ဖြစ်နေတယ်။ အခုဖြစ်တဲ့ ပုံစံကလည်း ကိုယ့်ရဲ့သားသမီးက အိမ်မှာ လည်းမရှိဘူး၊ ကျောင်းမှာလည်းမရှိဘူး၊ လမ်းပေါ် မှာလည်း မရှိဘူးဆိုတော့ လိုက်ရှာ ကြည့်တဲ့အခါမှာ သူတို့အတွက် တစ်နေ့တာ လုံခြုံစိတ်ချရတယ် ထင်တဲ့နေရာမှာ သူတို့သူငယ်ချင်းတစ်စုလုံးကို အုပ်စုလိုက်ကြီး တွေ့ခဲ့ရတယ်။ ကိုယ့်သားသမီးဖြစ်တဲ့အတွက် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ခဲ့ပေမယ့် အတတ်နိုင် ဆုံးထိန်းသိမ်းသွားမှာပါ'' ဟုမိဘအုပ်ထိန်းသူ တစ်ဦးကပြောကြားခဲ့သည်။
ထိုသို့ လူငယ်များ၏ အချိန်နှင့် ငွေကြေးအလွဲ အသုံးချမှုပိုမိုများပြား လာခြင်းကို မိဘဆရာများသတိပြု စောင့်ကြည့်လာကြပြီး ယင်းအလွဲ
အသုံးချမှုဖြစ်စဉ်များသည် ဘွဲ့ကြို ပညာသင်တန်းများတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ဆယ်ကျော်သက်နှင့် အသက်နှစ်ဆယ်ကျော် လူငယ်များတွင်အများဆုံးဖြစ်ပွား လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်မှုများထဲတွင်ပြည်တွင်းဟိုတယ်နှင့် တည်းခိုခန်းများတွင် လူငယ်များ စုပေါင်း၍ အခန်းရယူပြီး လောင်းကစားရေးရာကိစ္စရပ်များနှင့် အရက်သေစာအသုံးပြုမှု
များလည်းပါဝင် ကြောင်းနှင့် ၄င်းလူငယ်များသည် မိဘအုပ်ထိန်းမှုအောက်တွင်ရှိသည့် လူငယ်များဖြစ်သောကြောင့် ကိုယ်ပိုင်ဝင်ငွေရရှိနေသူများနည်းပါးကြောင်း သိရှိရပါသည်။
''လူငယ်ဆိုတာ စူစမ်းချင်တဲ့စိတ်၊ တက်ကြွရွှင်လန်းစိတ်၊ လေ့ လာချင်တဲ့စိတ်၊အပေါင်းအသင်းခင်မင်တဲ့စိတ်၊ တိုးတက်လိုတဲ့စိတ်၊ အပြောင်းအလဲကိုနှစ်လိုတဲ့စိတ် စတာ တွေရှိသလို ရှင်သန်ရာ ပတ်ဝန်းကျင် အလိုက် ခုနကစိတ်တွေရဲ့ ဆန့်ကျင်ဘက် စိတ်တွေအပြင် အလိုမကျတဲ့ စိတ်၊တွန်းလှန်လိုတဲ့စိတ်၊ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့စိတ်၊အရှုံးမခံလိုတဲ့စိတ်၊ ရှင်သန်ရာခေတ်ကို အကောင်း မမြင်နိုင်တဲ့စိတ် စတာတွေအပြင် အဆိုးမြင်စိတ်တွေ များနေနိုင် ပါတယ်။ သေချာတာတစ်ခုကတော့ လူငယ်တွေက
အသိပညာ၊ အတွေး အခေါ်နဲ့ အတွေ့အကြုံနုနယ်ပေမယ့် တိုးတက်ချင်တဲ့မျော်လင့်ချက်တွေ ကိန်းအောင်းနေတာပါ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို လေးစားဖို့၊ သူတို့မကောင်းတာလုပ် ရင် မကောင်းကြောင်းနားလည်သ ဘောပေါက်အောင် ရှင်းပြနိုင်ဖို့၊ အခြေအနေနဲ့ အချိန်အခါအလိုက်မျမျတတ ဆုံးမနိုင်ဖို့ အတွက် မျတ ပွင့်လင်းတဲ့ မိဘတစ်ယောက်ဖြစ်အောင်၊ကိုယ့်သားသမီးက လည်း ဒီလိုပဲ ယူဆပြီး လိုက်နာအောင် မိဘတွေကြိုးစားသွားရမှာပါ''ဟု အငြိမ်းစား စိတ်ပညာပါမောက္ခတစ်ဦးကရှင်းပြခဲ့ပါသည်။
ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များ အနေဖြင့် အချိန်နှင့် ငွေကြေးအလွဲအသုံးချမှုများအပြင် မိဘများ၏ ယုံကြည်မှုအပေါ် အလွဲ
သုံး စားပြုမူမှုများသည် ဖြစ်ပေါ် လျက်ရှိသော ခေတ်အခြေအနေများ၊ မိဘများ၏လူမှုစီးပွားပြဿနာများ၊ သင်ယူနေသော ပညာ ရေးရာ များ ကိုလက်တွေ့အသုံးချနိုင်စွမ်း၏ မသေချာမရေရာမှုများကဲ့သို့ရိုက်ခတ်နိုင်မှုများ၊ ကိုယ့်ဘ၀ကိုယ်ခင်တွယ်လိုစိတ်နည်းပါးမှုများ နှင့်ဘ၀အနာဂတ်အပေါ် အကောင်းမြင်စိတ်ဖြင့် မျော်လင့်အားထားမှု လျော့နည်းလိုစိတ်များ စသည်တို့ ပါဝင်နေသော ကြောင့် မိဘများ အနေဖြင့် ဆယ်ကျော်သက်နှင့်လူငယ်များကို အချိန် အတိုင်းအတာ တစ်ခုပေး၍ ပိုမိုအာရုံစိုက်လမ်းညွှန်သင့်ကြောင်း လူငယ် ရေးရာ လေ့လာသူများက ဆိုကြပါသည်။
http://www.first-11.com/ မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */