“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, January 21, 2010

သူဘဲ ဆရာကြီး..

ဒေါ်တတ်ပကြီး.နှင့် ဒေါ်စားဖားကြီး...

မွန်ပြည်နယ်စာတိုက်လုပ်ငန်းမှ ပြစ်ဒဏ်ဖြင့်ပြောင်းရွှေ့လာသူဖြစ်ပြီး ယခုလက်ရှိပဲခူးတိုင်း(အရှေ့)ကြေးန်းလုပ်ငန်း သို့ပြေင်းရွှေ့လာသူ
ဒေါ်မြတ်သန္တာဝင်း(လထ/မန်နေဂျာ)နှင့် မိခင်ဖြစ်သူဒေါ်ခင်ဌေးဝင်း( အင်ြမ်းစားဝန်ထမ်း) သည် ရုံးဖွဲစည်းပုံ /နှင့် ကြေးနန်းဌာနဆိုင်ရာ နှင့် မည်သို့မှ ပက်သက်ခြင်းမရှိဘဲ
1 ။ ရုံးတွင်းတွင်းကိစ္စ များကို ၀င်ရောက်စွတ်ဖက်ပြီးဝင်ထမ်းများအားရိုင်းပြစွာခိုင်းစေခြင်း
2။ ရုံးပြင်ပ မိသားစုကိစ္စ များတွင်လည်း ၀၀န်ထမ်းများအားအသုံးပြုခိုင်းစေချင်း
3။ ပဲခူးတိုင်း(အရှေ့ )နယ်ရုံးများဖြစ်ကြသော ဒိုက်ဦး ၊ဖြူး၊ညောင်လေးပင်တို့ မှ လစဉ် ငွေ ၅၀၀၀၀ (ငါးသောင်းကျပ်)ကို
ခေါင်းစဉ်မဲ့ တောင်းရမ်းပြီး စားရင်းမဲ့ လက်မှတ်မထိုးဘဲမိခင်ဖြစ်သူဒေါ်ခင်ဌေးဝင်း အမည်ဖြင့် ဘဏ်မှ လွဲ ပေးနေရခြင်း ။

အဆိုပါ ရုံးခွဲမှ ၀န်ထမ်းများသည် လစဉ် ၅၀၀၀၀ ကျပ်ရရှိရန် အသည်းအသန်ကြိုးစားကာ ဒေါ်ခင်ဌေးဝင်းအမည်နှင့် လွဲရန်
ဖိအားပေးခိုင်းစေခြင်း ကိုခံနေရပါသည်။

ထို့ပြင်ဝန်ထမ်းများအား အလုပ်ပြုက်သွားခြင်လားဟူသောချိန်းခြောက်စကားဖြင့် အလုပ်ထွက်ရန် ဖိအားပေးခြင်းကို ရင်ဆိုင်နေရပါသည်။
ထို့ပြင် တိုင်းမန်နေဂျာနှင့်ပူးပေါင်းကာ ပဲခူးမြို့တွင်းတွင် ကြေးနန်းစခန်းများဖွင့်ကာဖက်စ်ဖုန်း ထားပြီး pco တင်ကာဝန်ထမ်းများကို မိသားစုအသုံးစရိတ်ရှာခိုင်းနေသည်ဟုလဲ ကြားသိရပါသည်။

ဒိုက်ဦး ၊ဖြူး၊ညောင်လေးပင်တို့မှ လစဉ်ပုံမှန်ငွေလွဲပေးနေရခြငးအပေါ်သက်ဆိုင်ရာဘဏ်ခွဲများမှတဆင့် စုံစမ်းသိရှိနိုင်ပြီး ဌာန
လက်အောက်ဝန်ထမ်းများမှ လည်း ခေါ်ယူစစ်ဆေးအတည်ပြုခြင်းဖြင့်ဖြစ်ရပ်မှန်ကိုဖော်ထုပ်နိုင်ပါသည်။

အထက်ပါကိတ်စရပ်များကို ရုံးဝန်ထမ်းများအနေဖြင့်အဆင့်ဆင့်တင်ပြရန်သင့်မသင့် ကိုချင့်ချိန်ပြီး မိမိတို့၏ အလုပ် ခွင်ရေရှည်တည်တန့်ရေးကို ဦးစားပေးကာ ယခုလို အွန်လိုင်းမှ တဆင့်တင်ပြခြင်းဖြစ်ပါသည်။

တရားဝင်တိုင်ကြားပါက လဲ အထက်လူကြီး များ မှ သေချာစစ်ပေးလျှင်တော်သေးသည်။မစစ်ပေးပါ က တိုင်ကြားသူသာ ပြန်လည် သက်ရောက်မည်စိုးပါ သဖြင့်ဝန်ထမ်းများအား စာနာသော စိတ်ထားဖြင့် တင်ပြတောင်းဆို ခြင်းဖြစ်ပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */