“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, January 20, 2010

အဖွဲ့ ဖွဲ့ ရုံနဲ့  စပါးကျီဖြစ်တော့မတဲ့..အာဖျံရွှီး..ချစ်တီး...

မြန်မာကို အာရှဆန်အိုးကြီး ဖြစ်ရေး ဆောင်ရွက်နေဟုဆို
Tuesday, 19 January 2010 16:17 အောင်သက်ဝိုင်း .မြန်မာနိုင်ငံကို အာရှဆန်အိုးကြီး အဖြစ် ပြန်လည် ရောက်ရှိရေး ဆောင်ရွက်ရန် ဆန်စပါး လုပ်ငန်းအသင်း ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကို ဆန်စပါးစိုက်ပျိုး ထုတ်လုပ် ရောင်းချသည့် ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိနိုင်ရန် အဆိုပါ အသင်းကြီးကို ဖွဲ့စည်းလိုက်ပြီး ဆန်စပါးအထူးပြု ကုမ္ပဏီများ ဆက်တိုက် ထူထောင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတဦးက ပြောသည်။


ချောင်းသာကမ်းခြေမှ တဆင့် ဧရာဝတီတိုင်းထွက် ဆန်များကို လှေဖြင့် တင်ပို့ရန် ဆန်အိတ်များ ချနေစဉ် (ဓာတ်ပုံ - ကိုခိုင်)
မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းနှင့် ပုဂ္ဂလိက ဆန်စပါး စီးပွားရေး လုပ်ကိုင်သော ကုမ္ပဏီများ စုပေါင်းပြီး မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းကြီး (Myanmar Rice Industry Association) အဖြစ် တရားဝင် တည်ထောင် ထားကြောင်း ဇန်န၀ါရီလ ၁၃ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတ၀န်းရှိ တောင်သူ လယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးခြင်း၊ မြေသြဇာများ တင်သွင်းခြင်း၊ မျိုးစပါးများ ထောက်ပံ့ခြင်း အပါအ၀င် ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်နှင့် ဖွံ့ဖြိုးလာစေရန် အဆိုပါ အသင်းက ဆောင်ရွက် သွားမည်ဟု သိရသည်။

ထို့ပြင် နိုင်ငံတကာနှင့်တန်းတူ ရင်ပေါင်တန်းနိုင်ရန် ပြည်တွင်းတွင် ဆန်စပါးအခြေပြု စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်မည့် ဆန်စပါး အထူးပြုကုမ္ပဏီများ ဆက်တိုက် တည်ထောင်၍ တောင်သူ လယ်သမားများနှင့်အတူ ဆန်စပါး စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရန် လုပ်ဆောင်မည်ဟု အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

လက်ရှိတွင် ဆန်အထူးပြုကုမ္ပဏီ ၂၉ ခုရှိနေပြီး ထိုကုမ္ပဏီများက ဆန်စပါး လုပ်ငန်းများတွင် ကျပ် ဘီလီယံ ၅၀ ရင်းနှီး မြုပ်နှံ ထားသည်ဟု အသင်း တာဝန်ရှိသူတဦးက ဆိုသည်။

ဆန်စပါး အထူးပြု ကုမ္ပဏီများသည် ကျေးလက် ဒေသများရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေများ အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပြီး စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သော ဓာတ်မြေသြဇာ၊ မျိုးစပါးနှင့် ပိုးသတ်ဆေး အပါအ၀င် ဆန်စပါးအထွက် တိုးရေးအတွက် လိုအပ်သော နည်းပညာနှင့် အကူအညီများ ထောက်ပံ့မှုများ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

ဆန်စပါး အထူးပြုကုမ္ပဏီများသည် ၂၀၀၉ ခုနှစ် စိုက်ပျိုးရာသီအတွင်း တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ် ကျပ်ငွေ
ဘီလီယံ ပေါင်းများစွာ ထုတ်ချေးခဲ့ပြီး တောင်သူများက စိုက်ပျိုးရိတ်သိမ်းပြီးချိန်တွင် ချေးငွေများ ပြန်လည်ပေးဆပ် ခဲ့ကြသည်ဟု အသင်းတာဝန်ရှိသူက ရှင်းပြသည်။

ပြည်တွင်း စီးပွားရေးပညာရှင်တဦးက မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဖြစ်ပေါ်လာခြင်းနှင့် တောင်သူများအား အတိုးနှုန်း သက်သက်သာသာဖြင့် ချေးငွေထုတ်ချေးခြင်းကြောင့် မြန်မာ့ဆန်စပါး တစ်ခေတ် ဆန်းသစ်ဖွယ်ရှိကြောင်း ပြောသည်။

“ပါမောက္ခ စတစ်ဂလစ်ကိုယ်တိုင်ကလည်း လယ်သမားတွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးဖို့ အလေးပေးပြောခဲ့တယ်။ အခု ပုဂ္ဂလိက ကုမ္ပဏီက ဒီ လိုအပ်ချက်ကို ဖြည့်ဆည်းလိုက်ရင် ဆန်းစပါးလုပ်ငန်းတွေ တိုးတက်လာမယ်၊ ပြည်ပ တင်ပို့မှု တိုးလာမယ်၊ အရင်ကလို အာရှစပါးကျီ၊ အာရှဆန်အိုးကြီး ပြန်ဖြစ်လာနိုင်ပါတယ်” ဟု သူကသုံးသပ်သည်။

သို့ရာတွင် စစ်အစိုးရအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်အတူ ဆန်စပါးအခြေခံ စီးပွားရေးလုပ်ငန်းများကို တက်ကြွစွာ ပါဝင် ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်ပဆန်တင်ပို့မှုဆိုင်ရာ နည်းဥပဒေများကိုလည်း ဖြေလျှော့ပေးသင့်သည်ဟု ၎င်းက ဆိုသည်။

“ဆန်စပါးကို နိုင်ငံရေး မဟာဗျူဟာ သီးနှံအဖြစ် စဉ်းစားပြီး ပိတ်ပင်ကန့်သတ်တာတွေ အစိုးရက လျှော့ဖို့ လိုတယ်။ ဈေးကွက်ကို လွတ်လွတ်လပ်လပ် ဖွင့်ပေးပြီး အစိုးရက စောင့်ကြည့် ထိန်းပေးတာမျိုးလောက်ပဲ လုပ်သင့်တယ်” ဟု ထိုပညာရှင်က ဆိုသည်။

ဆန်တင်ပို့ခွင့် လိုင်စင်များကို လျှောက်ထားပြီး အမှန်တကယ် မတင်ပို့ဘဲ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သော ကုမ္ပဏီများကို စစ်ဆေးတွေ့ရှိသဖြင့် သတိပေးကာ ဆန်တင်ပို့ခွင့် လိုင်စင်များ ရုတ်သိမ်းခဲ့ကြောင်း ဇန်န၀ါရီ ၁၁ ရက်ထုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနပိုင် Commerce ဂျာနယ်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးဧက သန်း ၂၀ ကျော်ရှိပြီး စပါးတင်း သန်းပေါင်း ၁၅၀၀ နီးပါး ထွက်ရှိကြောင်း၊ လူတဦးလျှင် တနှစ် ပျှမ်းမျှ ဆန်ကီလို ၂၀၀ (သို့မဟုတ်) ၆ တင်း စားသုံးသောကြောင့် လူဦးရေ ၅၃ သန်း စားသုံးရန် ဆန်တင်းပေါင်း ၃၁၈ သန်း (သို့ မဟုတ်) စပါးတင်း သန်းပေါင်း ၁၀၀၀ သာ လိုအပ်သောကြောင့် နှစ်စဉ် ဆန်တန်ချိန် ရာပေါင်း များစွာ ပိုလျှံကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ တာဝန်ရှိသူတဦးက တွက်ပြသည်။

မြန်မာနိုင်ငံ ဆန်းစပါး လုပ်ငန်းအသင်းတွင် ဦးချစ်ခိုင် (ဧဒင်ကုမ္ပဏီ) က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ဦးလှမောင်ရွှေ (ဧရာဝတီ စိမ်းလန်းမြေကုမ္ပဏီ)၊ ဦးအောင်သန်းဦး (ဆန်စပါး ကုန်သည် အသင်းဥက္ကဋ္ဌ)၊ ဦးစိန်ဝင်းလှိုင် (ဆန်စပါး စိုက်ပျိုး ထုတ်လုပ်အသင်း ဥက္ကဋ္ဌ)၊ ဦးတင်ဝင်း (ဆန်စက် လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ) တို့က ဒုတိယ ဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး ဗဟို အလုပ်အမှုဆောင် ၄၀ ထက်မနည်း ပါဝင်ကာ ၂၀၁၀ ပြည့်နှစ်အတွင်း တနိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အသင်းများ ဖွဲ့စည်းသွားမည်ဟု တရားဝင် သတင်းထုတ်ပြန် ထားသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2443-2010-01-19-09-21-56

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */