“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, January 16, 2010

ဘွဲ့ တွေရောင်းတယ်..၀ယ်တယ်...ကြံဖွတ် ဘုန်းကြီးလုပ်ရဲရင် အလကားပေးမယ်

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် (၂) ခု နအဖ အတွင်းရေးမှူး (၁) တိုက်ရိုက်ရွေးချယ်မည်
အောင်ထက် /၁၅ ဇန်န၀ါရီ ၂၀၁၀

လူပုဂ္ဂိုလ်များကိုသာ ပေးအပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဖြစ်သည့် သီရိသုဓမ္မမဏိဇောတဓရနှင့် သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်များကို လာမည့် မတ် (၂၇) ရက်နေ့ တော်လှန်ရေးနေ့တွင် နေပြည်တော်၌ ကျင်းပမည့် ဂုဏ်ထူးဆောင် ဘွဲ့၊ တံဆိပ်တော် အပ်နှင်းခြင်းအခမ်းအနားတွင် ထည့်သွင်းချီးမြှင့်မည်ဖြစ်ကြောင်း နေပြည်တော်မှလာသော သတင်းများအရ သိရသည်။


အဆိုပါဘွဲ့တံဆိပ်နှစ်ခုသည် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်းပွဲတွင် နှစ်စဉ် တပေါင်းတည်း ထည့်သွင်းနေကျဖြစ် သည်။

ယင်းဘွဲ့တံဆိပ်နှစ်ခုကို ယခင်က သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနကသာ ရွေးချယ်ဆုံးဖြတ်ပြီး ယခုနှစ်မှစ၍ နအဖ အတွင်းရေးမှူး (၁) က စိစစ်ရွေးချယ်ကြောင်း နေပြည်တော် သာသနာရေး အရာထမ်းတဦးက ပြောသည်။

နအဖကို သိန်း (၅၀) လှူဒါန်း သို့မဟုတ် ပေးကမ်းပါက အဆိုပါ ဘွဲ့နှစ်ခုထဲက တခုရကြောင်း၊ ယင်းကိစ္စကို ပြည်ပမီဒီယာများက ရေးသားပြောဆိုမှုများရှိလာ၍ နှစ်စဉ် စိစစ်နေကျ သာသနာရေးဝန်ကြီးဌာနမှ နအဖ အတွင်းရေးမှူး (၁) က လက်လွှဲယူလိုက်ခြင်းဖြစ်နိုင်ကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုနေကြသည်။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ အပ်နှင်းခဲ့ရာတွင် ၂၀၀၈ ခုနှစ်က ပြည်တွင်း-ပြည်ပ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် အပါး (၅၀၀) ကျော်၊ ၂၀၀၉ ခုနှစ်က (၂၅၁) ပါးနှင့် ယခုနှစ်တွင် (၁၂၅) ပါး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေအပေါ် ဆရာတော်ကြီးတပါးက “တနှစ်ထက်တနှစ် ပိုများလာဖို့ပဲ ရှိပါတယ်။ အသစ်တိုးလာတဲ့ ကိုယ်တော်တွေရှိတယ်။ ဘွဲ့တံဆိပ်တော်တခု ရပြီးတာနဲ့ ဘယ်နှနှစ်အကြာမှာ ဘယ်ဘွဲ့ပေးရမယ်ဆိုတာ ရှိတယ်။ တနှစ်ထက်တနှစ် ဘွဲ့တံဆိပ်တော်ဦးရေ ခုလို နည်းပါးလာရခြင်းဟာ လျှောက်လွှာတင်သူ ရဟန်းရဲ့ နိုင်ငံရေး ပါဝင်ဆက်နွှယ်ပတ်သက်မှုအပေါ် အခြေခံပြီး ရွေးချယ်တာကြောင့်ပဲ” ဟု မိန့်တော်မူသည်။

အဆိုပါဘွဲ့တံဆိပ်တော်များရရှိရန် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့သည် ၎င်းတို့၏ ကိုယ်ရေးဖိုင်များကို သက်ဆိုင်ရာ ပြည်နယ်/တိုင်း သာသနာရေးဦးစီးမှူးများထံ တင်ပြရသည်။ ထို့နောက် ရန်ကုန်တိုင်း သာသနာရေး ဦးစီးမှူးရုံးမှ စိစစ်ပြီး နေပြည်တော် သာသနာရေး ဦးစီးမှူးရုံးနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးရုံး ဘုတ်အဖွဲ့တို့က ဆက်လက်စိစစ်သည်။

သာသနာရေးဝန်ကြီးထံ ကိုယ်ရေးဖိုင်တွဲများ ရောက်ရှိချိန်၌ သတင်းတပ်ဖွဲ့ (SB) မှ အဆိုပါ ရဟန်းပုဂ္ဂိုလ်သည် နိုင်ငံရေး ကင်းရှင်းမှု ရှိမရှိ စစ်ဆေးပြီး သာသနာရေးဝန်ကြီး၏ တင်ပြချက်အပေါ် အတွင်းရေးမှူး (၁) က နောက်ဆုံးအဆင့် ပယ်ဖျက်ခြင်း၊ အတည်ပြုဆုံးဖြတ်ခြင်းတို့ ပြုလုပ်ကြောင်း သာသနာရေးဝန်ထမ်းများထံမှ သိရသည်။

“ချီးမြှင့်မြောက်စားသင့်သူကို ချီးမြှင့်ခြင်းဟာ မင်္ဂလာတပါးဖြစ်ပါတယ်။ ဒါပေမယ့် လာရောက်ဆက်ကပ်ခြင်း ခံရမယ့်နေရာမှာ ကိုယ်ဘွဲ့တံဆိပ်ရဖို့ မိမိကိုယ်ရေး မိမိတင်ပြနေရတယ်ဆိုတာ သဘာဝတော့ မကျလှဘူး။ တို့ရဟန်းတော်တွေလည်း ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တွေ ဖြစ်နေကြပြီ” ဟု နာမည်ကျော် ဓမ္မကထိက ဆရာတော်တပါးက မိန့်သည်။

ဆရာတော် အများစုကမူ စက်တင်ဘာ သံဃာ့အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့သည့် ရဟန်းတော်များ၊ အာဏာပိုင်တို့၏ အကျင့်ပျက်ခြစားမှုတွေ၊ လူမှုဖောက်ပြန်မှုတွေ၊ နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစားပြုမူနေမှုများကို ဘုရားရှင်၏ တရားတော်နှင့် ယှဉ်နှိုင်းပြောဟောနေသည့် သံဃာတော်တို့၏ စာရင်းများ ရန်ကုန်တိုင်း သာသနာရေးဦးစီးတွင် အခိုင်အမာရှိနေကြောင်း
မိန့်ဆိုကြသည်။
http://www.khitpyaing.org/news/January%2010/15110c.php

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */