“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, January 08, 2010

အောက်တိုဘာ ၁၀ရက် ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင် စစ်အစိုးရပြောကြား

မြန်မာစစ်အစိုးရ တဖက်သတ်ရေးဆွဲ ပြဌာန်းပြီး အရပ်သားအစိုးရသို့  အာဏာလွဲပြောင်းရေးအတွက် အထွေထွေရွေး ကောက်ပွဲကို ယခုနှစ် အောက်တိုဘာ ၁၀ရက်နေ့ မှာ ပြုလုပ်ပေးမယ်လို့  ယနေ့ ( ၆.၁.၂၀၁၀)ရက်နေ့ မှာ ပြောကြား လိုက်ပါတယ်။ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် စစ်တပ်အရာရှိ အတော်များများဟာ ဧပြီလအထိ နောက် ဆုံးထားပြီး စစ်တပ်မှအနားယူ နှုတ်ထွက်မှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်မယ်လို့  သိရပါတယ်။ မဲဆွယ်ဖို့ အတွက် အချိန် ၆လ ဆိုရင် လုံလောက်တယ်လို့ ယူဆပုံရပါတယ်။

စစ်အစိုးရ အရာရှိများအဆိုအရ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်အမတ် (အောက်လွတ်တော် ၄၄၀နေရာ)နှင့် တိုင်းရင်း သားကိုယ်စားလှယ်အမတ် (အထက်လွတ်တော် ၂၄၂နေရာ) ကိုတပြိုင်နက်တည်း လုပ်ဆောင်ပြီး ဧပြီလ မတိုင်မီနှင့် နောက် ပိုင်းမှာ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပါတီစည်းမျဉ်းစည်းကမ်းများကို သတ်မှတ်မယ်လို့  ယူဆရပါတယ်။ စစ်တပ်မှ အနားယူတဲ့ စစ်တပ်အကြီးပိုင်းမှသူများနှင့်အတူ ကြံ့ဖွံ့ အသင်းမှ နံပါတ် ၂ နှင့် ၃တို့ ဟာ ပါတီဖွဲ့ စည်းမယ်လို့ လဲ ယူဆရပါတယ်။

၂၀၀၈ခုနှစ် မေလမှာ ရွေးဆွဲထားတဲ့ အခြေခံဥပဒေအသစ်အရ အထက်နှင့်အောက်လွတ်တော်အမတ် နေရာရဲ့  ၄ပုံ ၁ပုံမှာ စစ်တပ်က ပါဝင်နေရာယူထားမှာဖြစ်ပြီး ကျန်တဲ့နေရာ တွေကတော့ ရွေးကောက်ပွဲအရ အသိအမှတ်ပြုခံရတဲ့ အမတ်များအ တွက်ဖြစ်ပါတယ်။ စစ်တပ်ရဲ့  လက်အောက်မှာ ကိုင်တွယ်ထားနိုင်မဲ့ အမတ်အများစုကို ထဲ့သွင်းပြီး ရွေးကောက်ပွဲပြီးနောက် ပိုင်းမှာလည်း ဆက်လက်ကိုင်တွယ် ထားနိုင်ဖို့  စီစဉ်ထားတာကတော့ အသေအချာပါပဲ။

ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဖို့ အတွက် အစီအစဉ်တွေ စတင်ပြုလုပ်နေပါတယ်။ စစ်အစိုးရဟာ အမြောက်အများရှိတဲ့ အစိုးရ၀န်ထမ်း တွေရဲ့  လစာကို ရှိရင်းစွဲလစာကနေ ကျပ် ၂သောင်းတိုးမြှုင့်ပေးဖို့  ဆုံးဖြတ်ထားတာဟာ အဲဒီဝန်ထမ်းတွေဆီ က မဲရရှိဖို့  လို့  ယူဆရပါတယ်။

အန်အယ်လ်ဒီနှင့် အခြားစစ်အစိုးရ ဆန့် ကျင်ရေးအဖွဲ့ တွေလဲ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့  များနေကြောင်း နိုင်ငံ ခြားအဖွဲ့ အစည်းများက ဆိုပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲကို ပြုလုပ်ပြီး အစိုးရသစ်ကို နိုင်ငံတကာဆီ ကို ဆွဲထုတ်သွားဖို့  ရည်ရွယ်ပုံရပါတယ်။

စစ်အစိုးရရဲ့  နှိပ်ကွပ်မှုကြောင့် အန်အယ်လ်ဒီပါတီ အင်အားကျဆင်းသွားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ်က လွတ်ပေးဖို့ မရှိဘူးလို့  ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာ လှုပ်ရှားခွင့်မပေးပဲ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် တောင်မှ အလွယ်တကူ အနိုင်ရဖို့ မလွယ်ကူပါဘူး။ ရွေးကောက်ပွဲဝင်သင့် မ၀င်သင့် အမှားအမှန်ကို သေသေ ချာချာ ဝေဖန်စဉ်းစား နေပုံရပါတယ်။

(အဆာဟိသတင်းစာ)
ကိုမိုးသီးဆီက သူဝှက်လုလာတာပါ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */