“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, January 10, 2010

မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ် ဆေးရုံတင်ထားရ

ကွန်းအိန်
ဇန်နဝါရီ ၁၀ ၊၂၀၁၀။

ကွန်းအိန်(ဇန်နဝါရီ- ၁ဝ)။ ။ မွန်ပြည်နယ်ချောင်းဆုံမြို့နယ်ဇာတိ မွန်ရဟန်းပျိုအဖွဲ့မှ အသျှင်အဇ္ဇခေါ် ဦးဇင်း ဇော်လတ်ကို သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ပြီး စစ်ကြောရေးစခမ်းတွင် နှိပ်စက်ညှင်းပမ်းခဲ့သည့် ဒါဏ် ကြောင့် ယမနေ့က မော်လမြိုင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရသည်ဟု ဒေသခံများမှ ပြောပါသည်။

ကြုံကျုပ်ကျေးရွာ ဘုန်းကြီးပျံပွဲသို့သွားရန် သံဖြူဇရပ်မြို့မှအထွက်တွင် အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်ကို ကွန်ပျူ တာနှင့် ဗွီဒီယို ကင်မရာတစ်လုံး လက်ကိုင်တွေ့ရှိခဲ့၍ သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှ ဇန်နဝါရီ(၇) ရက်နေ့တွင် ဖမ်းဆီး ခဲ့ပြီး သံဖြူဇရပ် စစ်ကြောရေးစခန်းတွင် လူမဆန်စွာ ညင်းပန်းနှိပ်စက်ခံခဲ့ရတဲ့အတွက် မော်လမြိုင်မြို့ဆေးရုံတွင် အရေးပေါ် ဆေးဝါးကုသတာခံနေရပြီး ဆွေမျိုးသားချင်းများနှင့်လည်း တွေ့ဆုံခွင့်မရခဲ့ဟု ၄င်းနှင့်နီးစပ်သူ ဒေသခံ တစ်ဦးမှ ပြောပါသည်။

စစ်အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦး၏အဆိုအရ ပြီးခဲ့သည့်ဇန်နဝါရီလ(၁)ရက်နေ့တွင် မော်လမြိုင်မြို့မှ ရေးမြို့ အထိ ကားလမ်းတလျှောက်တွင် (၂ဝ၁ဝ)ရွေးကောက်ပွဲဆန့်ကျင်သော စာတမ်းများကို စပရေးမှုတ်ဆေးများနှင့် ကတ္တရာကားလမ်းပေါ်မှာ ရေးသားဆန့်ကျင်လှုပ်ရှားမှု ရှိခဲ့ပါသည်။ ဤလှုပ်ရှားမှုများကို အသျှင်အဇ္ဇကိုယ်တိုင် ပါဝင်နေသည်ဟု အာဏာပိုင်တွေမှ သံသယရှိနေသည်ဟု ပြောပါသည်။ အသေးစိပ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

အသျှင်အဇ္ဇသည် မွန်ပြည်နယ် မွန်ရဟန်းပျိုအဖွဲ့မှကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများမှ သင်တန်းဆရာအနေနှင့် စာပေတွေကို သင်ကြားပေးနေတာဖြစ်ပြီး နိုင်ငံရေးနှင့် ပက်သက်ပြီး လုပ်ဆောင်ခြင်းမရှိ ဟု မွန်ရဟန်းပျိုအဖွဲ့မှ အရှင်သြဘာသက အခုလိုပြောပြပါသည်။

“ဦးဇင်းဇော်လတ်ဆိုတာက ဦးဇင်းတို့နဲ့စာသင်ဖော် စာသင်ဘက်တွေပဲ။ သူကတိုးတက်တဲ့ အမြင်တွေရှိတယ်။ အခု သွားတာကလည်း ဘုန်းကြီးပျံပွဲပေါ့နော်။ သံဖြူဇရပ်မြို့နယ်က ကြုံကျုပ်ကျေးရွာမှာ ဘုန်းကြီးပျံတစ်ပါး ရှိတယ်။ ဘုန်းကြီးပျံပွဲရှိတယ်။ အဲဒီဘုန်းကြီးပျံပွဲကိုသွားရင်းနဲ့ ဘုန်းကြီးပျံပွဲမှာ သူက ဒီဗွီဒီယိုမှတ်တမ်းတွေရိုက်ဖို့ အဲဒီလို သွားရင်းနဲ့ သူ့ကိုမသင်္ကာမှုနဲ့ဖမ်းတာလို့ ဦးဇင်းတို့ မြင်တာပေါ့။ သူက နိုင်ငံရေးနဲ့ပတ်သက်တာ တွေလည်းရှင်း တယ်။ သူလုပ်တာလည်း အများအကျိုးအတွက် သူလုပ်တာအများကြီး တွေ့ခဲ့ရတယ်လေ။ ဒီလိုသူ့ကိုဖမ်းဆီးတာ ရိုက်နှက်တာတွေက ဦးဇင်းတို့သံဃာတွေ၊ သံဃာပျိုတွေက ဒီလုပ်ရပ်တွေကို ရှုံ့ချပါတယ်။

အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်၏လှုပ်ရှားမှုအပေါ် အတွင်းသိသူ တပည့်တစ်ဦးဖြစ်သည့် မင်းသိုက်အောင်ကို မေးမြန်းခဲ့ရာတွင် အခုလိုပြောပြခဲ့ပါသည်။

“သူက ဒီဗုဒ္ဓစာပေယဉ်ကျေးမှုတို့ ယဉ်ကျေးမှုသင်တန်းတွေပေါ့နော်။ သူကတအားတက်ကြွတဲ့သူပေါ့။ အမြဲဆရာ အနေနဲ့ ပါဝင်ပြီးတော့ ပါဝင်သင်ကြားနေတဲ့သူတစ်ယောက်။ ပြီးရင် ဒီသင်တန်းသားတွေကို အမြဲတမ်းပြောတတ်ပါ တယ်။ အခုကခေတ်မီတဲ့အချိန်ဆိုတော့ ခေတ်မှီတဲ့နည်းပညာပိုင်းတွေကိုတော့ သူကသင်ကြားဖို့လည်း သူကအမြဲ တမ်းအားပေးတယ်။ ကွန်ပျူတာသင်တန်းတွေတက်ဖို့။ အင်္ဂလိပ်စာ သင်တန်းတွေတက်ဖို့၊ အဲဒီလိုမျိုးပေါ့နော် တခါ တခါဆို အင်တာနက်တွေ သုံးဖို့နော်သူပြောတယ်”

မွန်ပြည်နယ်အတွင်း၌ ရဟန်းသံဃာတော်များ၏ လှုပ်ရှားမှုတွေကို စစ်အာဏာပိုင်များမှ အမြဲတမ်းစောင့်ကြည့် နေသည်ဟု မွန်ရဟန်းပျိုတစ်ပါးမှ ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် (၂ဝဝ၇)ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုတွင် ရဟန်းပျိုများမှ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့်အတွက်ကြောင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့်သံဃာတော် များကို ဆွမ်းဆန်စိမ်းလောင်းလှူသည့်ပွဲများကို ပိတ်ပင်ထားသလို မလွှဲမရှောင်သာ ခွင့်ပြုရတဲ့အခါမျိုးတွင်လည်း မြန်မာအာဏာပိုင်တို့က ဘက်ပေါင်းစုံမှနေ လုံခြုံရေးတွေတင်းကြပ်စွာ ချထားခဲ့သည်ဟု မွန်ရဟန်းပျိုအဖွဲ့ဝင်တစ်ပါး မှ ပြောကြားခဲ့ပါသည်။ http://www.kaowao.org/b/2010jan-10.php

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */