ခေါင်းဆောင်ကောင်းဖြစ်ချင်ရင်ခေါင်းဆောင်ကောင်းတွေရဲ့နည်းလမ်းကိုလိုက်ရမည်။ ခေါင်းရှောင်တဲ့ ခေါင်းဆောင်မလုပ်ပါနဲ့ ...
ခေါင်းဆောင်တစ်ကောင်းတစ်ယောက်ဖြစ်ချင်ရင် ဗိုလ်ချုပ်အောင်ဆန်းလိုလုပ်ရမည်။ ဗိုလ်ချုပ် အောင်ဆန်းဆိုရင် ခေါင်းမရှောင်ပဲ နယ်ချဲ့တွေကို တော်လှန်တိုက်ထုတ်ခဲ့တယ်ဆိုတာ ငါတို့ ပြည်သူ/သားအားလုံးအသိပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့နည်းဗျူဟာတွေနဲ့ သတ္တိသွေးတွေဟာ တိုက်ပွဲကြီးတစ်ခုဖြစ်တော့မယ်ဆိုရင် ကိုယ်ထိလက်ရောက် နယ်ချဲ့တွေကို တိုက်ထုတ်နိုင်မှ အောင်မြင်မယ်ဆို တဲ့ သတ္တိသွေးတွေဟာ ချီးကျူးလေးစားလောက်စရာကောင်းပါတယ်။
နောက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓါတ်နဲ့ နဖူးရည် ဒူးရည်ကြည့်လိုက်မယ်ဆိုရင် မြန် မာနိုင်ငံကို အုပ်ချုပ်မယ်ဆိုတဲ့ စိတ် ဓါတ် လည်း သူ့မှာမရှိခဲ့ဘူး။ ငါခေါင်းဆောင်လုပ်ပြီး နယ်ချဲ့ တွေကို တိုက်ထုတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံကို ငါအုပ်ချုပ်မယ်ဆိုတဲ့ မာန်မာန လည်း သူ့မှာမ ရှိဘူး။ ငါတို့မြန်မာနိုင်ငံကြီး သူ့ကျွန်ဘ၀က လွတ်မြောက်အောင်လို့ ငါ့ရဲ့အသက်ကို ပေးပြီး နယ်ချဲ့တွေကို တိုက်ထုတ် မှအောင်ပွဲရမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ ယခုခေတ် ခေါင်းဆောင်ဖြစ် နေကြတဲ့ ခေါင်းရှောင်သူတွေရဲ့သတ္တိကိုတော့ အံ့သြလောက်စရာ ကောင်းပါတယ်။ ယခုခေတ် ခေါင်းဆောင်လုပ်နေကြတဲ့ သူတွေရဲ့စိတ်ဓါတ်ဟာ ငါကခေါင်းဆောင်ဆိုပြီးတော့ အောက် လက်ငယ် သားတွေကို Statement ပေးလိုက်တယ်။ ငါတို့ဆရာပေးလိုက်တဲ့ Statement နဲ့ လုပ်မယ်ဆိုတဲ့ အောက် လက်ငယ်သားတွေကတော့ သမင်မွေးရင်းကျားစားရင်းဖြစ်သွားကြ တယ်ဆိုတာကို ခေါင်းရှောင်တဲ့သူတွေအားလုံးအသိပါပဲ။ ယခု ခေတ် ခေါင်းဆောင်တွေလိုဆို ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်နိုင်ငံမှာအေးအေးဆေးဆေးနေပြီးတော့ သူ့ရဲ့အောက် လက် ငယ်သားတွေကို Statement ပေးပြီး နယ်ချဲ့တွေကို တိုက်ခိုက်ခိုင်းလို့ရပေမယ့် အောက်လက်ငယ်သားတွေကို သမင်မွေးရင်း ကျားစားရင်းဖြစ်မှာစိုးတဲ့အတွက် သူကိုယ်တိုင် နယ်ချဲ့တွေကို မြန်မာနိုင်ငံကနေ ထွက်ခွာသွားအောင် မောင်းထုတ်ပစ်လိုက်တာ ကို တို့တစ် တွေအားလုံးအသိပါပဲ။
ယခုခေတ် စစ်အာဏာရူးတွေကို တိုက်ထုတ်ဖို့အတွက် ခေါင်းဆောင်ဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံ မယ့်သူကို ငါတို့မြန်မာနိုင်ငံမှာ လို အပ် နေတာတော့အမှန်ပါပဲ။ အဲဒီလို အလိုအပ်ဆုံးလူတစ် ယောက်ဟာ ဗိုလ်ချုပ်အောင်ဆန်းလို သူကိုယ်တိုင်တိုက်မှ နယ်ချဲ့တွေ ရဲ့ ညှင်းပန်း နှိပ်စက် တဲ့ဒါဏ်ကို မြန်မာနိုင်ငံသူ/သား အားလုံးအတွက် သူ့အသက်ကိုပေးပြီးတော့ မြန်မာပြည် လွတ်လပ်ရေးရသွား အောင်ကြိုးပမ်း ခဲ့တဲ့ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သတ္တိတွေ သွေးတွေကတော့ အံ့မခန်းလောက်စရာပါပဲ။ ဗိုလ်ချုပ် အောင်ဆန်းလို လူမျိုး ကို စစ်မိစ္ဆာခွေး တွေလက်ထက်မှာ ပေါ်လာခဲ့မယ်ဆိုရင် ငါတို့မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး တိုက်ပွဲဝင် နေတဲ့ ဒီမိုကရေစီတိုက်ပွဲပြီ ကြီးအောင်မြင်ပြီးဆုံးသွားမှာ အသေအချာပါပဲ..။ ယခုခေတ် လူ တွေအားလုံးဟာ ခေါင်းဆောင်ဖြစ်နေ တဲ့ လူတွေအများကြီးပဲ။ ဘယ် ခေါင်းဆောင်ကို အဖေ ခေါ်ရမှန်းမသိတဲ့ ငါတို့ရဲ့ပြည်သူလူထုကြီးဟာ ရင်လေးစရာဖြစ်နေပါတယ်။ တကယ်ကို ခေါင်းဆောင်ကောင်း ပီသစွာနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အကျဉ်းကျခံနေကြရ တဲ့ ကျောင်းသားခေါင်းဆောင် မင်း ကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ် အစ ရှိတဲ့ အကျဉ်းကျခံနေရတဲ့ခေါင်းဆောင်တွေကို စစ်မိစ္ဆာခွေးတွေလက်ထဲက မထုတ်နိုင်သေး တဲ့အတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက်နိုင်ကြသေးတာဖြစ်ရမည်။
ရင်တွင်းဖြစ် စာပေချစ်ပရိတ်သတ်များ ဤစာကိုဝေဖန်တိုက်ခိုက်တဲ့ စာဟု မမြင်ပဲနဲ့ ဗိုလ်ချုပ် အောင်ဆန်းလို အသက်စွန့်ပြီး တိုက်ပွဲ ၀င်မယ့်ခေါင်းဆောင်တွေကို ကယ်ထုတ်ကြရမည်။
ရေးသားပေးပို့လာသူ။ ရွှေဝါရောင် နန္ဒာစရိယ
http://kamikaze-2010.blogspot.com/2010/01/blog-post.html မှ
Monday, January 11, 2010
ခေါင်းရှောင်တဲ့ ခေါင်းဆောင်မလုပ်ပါနဲ့ ...
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment