“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, January 11, 2010

ပြေးစရာလည်း..မြေမရှိတော့.......ဒီလိုပေါ့

မြန်မာသို့ ပြန်ပို့မည့် သတင်းကြောင့် အရွယ်မရောက်သူ ဒုက္ခသည် အမျိုးသမီးငယ်များ လက်ထပ်မူ တိုးမြင့်လာ

1/10/2010

မောင်အေး(နိရဉ္စရာ) မြန်မာနိုင်ငံသို့ ပြန်ပို့မည့် သတင်းကြောင့် ဘင်္ဂလာဒေ့ခ်ျရှိ မြန်မာ မူဆလင် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် အသက်မပြည့်သူ အမျိုးသမီးငယ်များ၏ လက်ထပ်မူနုန်းမှာ အထူးတိုးပွားလာသည်ဟု နာမည်ကြီး ဘင်္ဂလီ သတင်းစာ ပြော်ထင့် အာလောင်က ယနေ့တွင် ရေးသားဖေါ်ပြသည်။

အဆိုပါ သတင်းစာက ကော့ဘဇားခရိုင် ကောတော့ပလောင် ဒုက္ခသည် စခန်း တခုတည်းတွင်းပင် လွန်ခဲ့သော ရက်အနည်းငယ် အတွင်း အသက် ၁၂ နှစ်မှ ၁၅ နှစ်အကြားရှိ အသက်ငယ်ရွယ်သူ ရိုဟင်ဂျာ မိန်းခလေး ၂၅ ဦးခန့်သည် ဘင်္ဂလာဒေခ်ျ့ အမျိုးသားများကို လက်ထပ်ခဲ့သည်ဟု ဖေါ်ပြသည်။

“ အခုလို ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေနဲ့ အိမ်ထောင် ပြုပေး လိုက်ရင် သူတို့ အနေနဲ့ နေစရာ အိမ်ရှိသွားမယ်။ ပူစရာမလိုတော့ဘူး။ မြန်မာနိုင်ငံကို ပြန်သွားစရာလည်း မလိုတော့ဘူး။ မိဘတွေ ပြန်သွားရရင်တောင် သမီးတွေ အတွက် စိတ်အေးရတဲ့ သဘောနဲ့ ခုလို အသက်မပြည့်ပေမယ့် လင်ပေးစားတာ ဖြစ်ပါတယ် ”ဟု စခန်းတွင်းမှ အဘဒူလ် မာဘူလ်ကို ကိုးကားပြီး သတင်းစာက ဖေါ်ပြသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံအကြား ဒုက္ခသည် ၉၀၀၀ ကို ဘင်္ဂလာချေ့်မှ ပြန်ပို့ရန် သဘောတူညီပြီးနောက် အများစု ဒုက္ခသည်များမှာ မြန်မာနိုင်ငံသို့ အတင်း ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြသည်။

သို့အတွက် ကောတော့ပလောင်စခန်းရှိ မူဆလင် ဒုက္ခသည်များမှာ စခန်းတွင်းမှ ထွက်ပြေးတိမ်းရှောင်မူများ ပေါ်ပေါက်ခဲ့သည်။

အဆိုပါ ပြော်ထင့် အာလောင် သတင်းစာပါ သတင်းနှင့် ပတ်သက်ပြီး စခန်းတွင်းတွင် နေထိုင်သူ ကျောင်းဆရာ တဦးကို မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“ ဒီကိစ္စတော့ ကျွန်တော် မကြားရသေးပါဘူး။ အယင်တော့ အသက် မပြည့်ပေမဲ့ လက်ထပ်တာတွေရှိခဲ့တယ်။ အခုတော့ မရှိ သလောက် ဖြစ်သွားပါပြီ။ အခု လက်ထပ်မယ်ဆိုရင် စခန်းတွင်းက စခန်းမှူးကို လက်ထပ်ခွင့် တင်ပြရတယ်။ လက်ထပ်ခွင့် ပြုပြီးမှ လက်ထပ် ရတာပါ။ ဒါပေမယ့် အသေးစိတ် လေ့လာကြည့်ပါအုံးမယ်။”

ယခင်က ဘင်္ဂလာဒေခ်ျ့ အစိုးရမှ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ အတင်း ပြန်ပိုခဲ့သော သာဓက ရှိသဖြင့် ကော့တော့ ပလောင် ဒုက္ခသည် စခန်းမှ ဒုက္ခသည်များ ရာနှင့်ချီပြီး စခန်းအနီးရှိ တောများတွင် ပုန်းအောင်းနေကြသဖြင့် အခြေအနေမှန်ကို မသိရှိရသေးကြောင်း သူက ပြောသည်။

မြန်မာနိုင်ငံမှ မူဆလင်များကို ပြန်ပို့မည့် သတင်းကြောင့် လွန်ခဲ့သည့် တပတ်အတွင်း အိုခီးယားမြို့နယ်ရှိ ကောတော့ ပါလောင် ဒုက္ခသည်စခန်း၊ တက်ကနက် မြို့နယ် နာယာပါရာ ဒုက္ခသည် စခန်းနှင့် ဒုက္ခသည် စခန်း အနီးအနား တ၀ိုက်တွင် နေထိုင်သူ အရွယ်မရောက်သူ မူဆလင် အမျိုးသမီးငယ် ၅၀ ကျော် ဘင်္ဂလီများနှင့် လက်ထပ်ခဲ့ကြောင်း သတင်းစာက ဖေါ်ပြသည်။

ထိုသို့ လက်ထပ်ရန် အတွက် သမီးရှင် မိဘများက သတိုးသား ယောင်္ကျားများကို တာကာငွေ ၂၀၀၀၀ မှ ၅၀၀၀၀ ထိ လက်ဖွဲ့ငွေ ပေးခဲ့ရသည်ဟု ကောတော့ပလောင် ဒုက္ခသည် စခန်းမှ မြန်မာမူဆလင် တဦးဖြစ် သူ အာလင်ဂီ အပြောကို ကိုးကားပြီး သတင်းစာက ရေးသား ဖေါ်ပြသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */