“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, January 11, 2010

ရန်ကုန်တိုင်း သုဝဏ္ဏမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား

စိုင်းဇွမ်ဆိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း သုဝဏ္ဏမြို့နယ် ရန်ကုန်သစ်ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းတွင် ယမန်နေ့ညက မီးလောင်ခဲ့သဖြင့် အနည်းဆုံး နေအိမ် ၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကျပ် ၁၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဌာနက ပြောသည်။

"သံကူကွန်ကရစ် တထပ်တိုက် တလုံး၊ ပျဉ်ထောင်သွပ်မိုး ၂ လုံး၊ အုပ်ညှပ် တလုံး၊ စုစုပေါင်း ၄ လုံး။ မီးသတ်ယာဉ် အစီးရေ ၃၀ ၊ အုပ်ချုပ်မှုယာဉ် ၉ စီး၊ ပေါင်း ၃၉ စီးနဲ့ ငြှိမ်းသတ်ခဲ့ပါတယ်" ဟု သင်္ကန်းကျွန်း မီးသတ်ဌာနမှ ဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

မီးလောင်ကျွမ်းပုံ အသေးစိတ် အချက်အလက်ကို မီးသတ်ဌာနက ပြောဆိုခြင်း မရှိသော်လည်း မျက်မြင်များကမူ ထမင်းဆိုင်တဆိုင်မှ စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး၊ အခြား အိမ် ၄ လုံးကိုပါ ကူးစက်ခဲ့ကြောင်းနှင့် မီးသတ်ကား အစီးရေမှာလည်း ၇ စီးသာဖြစ်ကြောင်း ပြောသည်။

ဖယောင်းတိုင်မီးမှ စတင် လောင်ကျွမ်းခြင်း ဖြစ်သဖြင့် ထမင်းဆိုင်ပိုင်ရှင်၏သား ဦးဖူးကျော် ဆိုသူကို သုဝဏ္ဏရဲစခန်းက ဖမ်းဆီးသွားကြောင်း သိရသည်။

မီးဘေးဒုက္ခသည်များ၏ နေရေးစားရေးကို အိမ်နီးနားချင်းနှင့် သက်ဆိုင်ရာ ဆွေမျိုးများက တာဝန် ယူပေးထားရပြီး သက်ဆိုင်ရာ အာဏာပိုင်များက ယခုအထိ အကူအညီများ မပေးသေးကြောင်း ယင်းရပ်ကွက်နေ ဒေသခံများက ပြောသည်။

မီးငြှိမ်းသတ်မှုတွင် ပါဝင်ခဲ့သော မီးသတ်ကား ၇ စီးအတွက် ကျပ်ငွေ ၃ သိန်းကျော်ကိုလည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများထံမှ ရပ်ကွက် ဥက္ကဋ္ဌ ကိုယ်တိုင် ယမန်နေ့ညက ကောက်ခံသွားကြောင်း နယ်မြေခံများထံမှ သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */