“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, January 12, 2010

Eleven jounal က တောင် ပြောလာရတဲ့၂၀၁၀ မှာ စောင့်ကြည့်ရမဲ့ ရွေးကောက်ပွဲများ

Written by ဇေ၀င်းနောင်
အီရန်က မငြိမ်မသက်မှုတွေကို ဖန်တီးပေးခဲ့တဲ့ သမ္မတရွေးကောက်ပွဲ၊ နိုင်ငံရေးရေချိန် ပြောင်းစေခဲ့တဲ့ ဂျပန်ရွေးကောက်ပွဲ၊ မဲပေးသူစံချိန်တင်ခဲ့တဲ့ အိန္ဒိယရွေးကောက်ပွဲ စတဲ့ ကမ္ဘာတစ်လွှားက ရွေးကောက်ပွဲတွေ ဟာ ၂၀၀၉ အတွက် အမှတ်ရစရာ အကောင်းဆုံး အခိုက်အတန့် တွေကို ဖန်တီးပေးခဲ့ပါတယ်။ ၂၀၁၀ မှာ ရော ဘာတွေ ဖြစ်ဦးမလဲ။ ရွေးကောက်ပွဲတွေကနေ အပြောင်းအလဲ တွေ ဘယ်လို ဘယ်အတိုင်းအတာ အထိ ဆောင်ကြဉ်းလာနိုင်မလဲဆို တာ စောင့်ကြည့်ရပါဦးမယ်။
ယူကရိန်း၊ ကိုလံဘီယာ၊ ဘရာဇီး၊ ဖိလစ်ပိုင်တို့မှာ သမ္မတရွေး ကောက်ပွဲတွေ ရှိသလို အီရတ်၊ အာဖဂန်၊ အီဂျစ်၊ ဗြိတိန်၊ အမေရိကန်၊ မြန်မာတို့မှာလည်း အထွေထွေရွေး ကောက်ပွဲတွေ ရှိနေပါတယ်။
ပြင်သစ်က နိုင်ငံရေးတွေးခေါ် ပညာရှင် မွန်တက်စကျူက ''မဲပေး ခြင်းလုပ်ငန်းစဉ်နဲ့ ပြည်သူတို့ဟာ သူတို့ရဲ့အစိုးရ ပေါ်ထွက်လာရေး ရွေးချယ်မှုမှာ အရှင်သခင်တွေအဖြစ် ဆောင်ရွက်ပြီး အချုပ်အခြာအာဏာ ပိုင်မှုစွမ်းပကားကို မောင်းနှင်လည် ပတ်စေတယ်''လို့ ဆိုခဲ့ပါတယ်။ အဲဒီအတိုင်း ဖြစ်မဖြစ်ဆိုတာက ရွေးကောက် ပွဲတွေရဲ့ စစ်မှန်မှု အတိုင်းအတာကို ဖော်ကျူးတာပါပဲ။

ယူကရိန်း သမ္မတရွေးကောက်ပွဲ ဇန်န၀ါရီ ၁၇
ငါးနှစ်တာဟာ ဘာတွေခြားနားသွားစေသလဲ ဆိုတာ ယူကရိန်း သမ္မတရွေးကောက်ပွဲရဲ့ ပုစ္ဆာပါ။၂၀၀၅ မှာ လက်ရှိသမ္မတ ဗစ်တာယူ ချင်ကိုဟာ လိမ္မော်ရောင်တော်လှန် ရေးနဲ့ အတူ ထင်ရှားလာခဲ့ပြီး မော်စကို ကျောထောက်နောက်ခံပြု ဗစ်တာ ယာနူကိုဗစ်ခ်ျကို အနိုင်ရခဲ့ပါတယ်။ တော်လှန်ရေးသမား တစ်ယောက်အနေ နဲ့ အောင်မြင်ခဲ့ပေမယ့် သမ္မတတစ်ယောက်အနေနဲ့ကတော့ ယူချင်ကို ဟာ အခြေမလှခဲ့ပါဘူး။ စီးပွားရေး ကျဆင်းနေမှုနဲ့ ခြစားမှုအရှုပ်တော်ပုံ တွေဟာ ယူကရိန်းအစိုးရကို ကမ္ဘာပေါ်မှာ လူကြိုက်အနည်းဆုံး အစိုးရ ဖြစ်စေခဲ့ပါတယ်။
ယူချင်ကိုဟာ ယာနူကိုဗစ်ခ်ျ နဲ့ရော တစ်ချိန်က လိမ္မော်ရောင် မဟာမိတ် ယူလီယာတိုင်မိုရှင်ကိုနဲ့ပါ အဆင်မချောခဲ့ပါဘူး။ နောက်ထပ် ကမောက်ကမ အချိုးအကွေ့ကတော့ တစ်ချိန်က အမျိုးသားရေးမီးရှူး တန်ဆောင်တစ်လူလူ လွှင့်ခဲ့တဲ့ တိုင် မိုရှင်ကိုဟာ ရွေးကောက်ပွဲပြီးက တည်းက ရုရှားသမ္မတ (အခုဝန်ကြီး ချုပ်) ပူတင်နဲ့ ပလဲနံပသင့်နေတာ ကြောင့် ကရင်မလင်က တိုင်မိုရှင်ကို ကို ပိုလိုလားဟန်ရှိပါတယ်။ ငြင်းစရာ ခုံစရာဖြစ်လာပြီဆိုရင်တော့ ရုရှားရဲ့ ၀င်ရောက်စွက်ဖက်နိုင်ချေ ကလည်း စဉ်းစားစရာပါပဲ။

အီရတ်ပါလီမန်ရွေးကောက်ပွဲ မတ် ၁၇
လူမျိုးရေး၊ ဂိုဏ်းဂဏမတူညီမှု အပေါ်မှာအခြေခံတဲ့ ရှည်ကြာလှတဲ့ ငြင်းခုံမှုတွေ အပြီးမှာတော့ အီရတ် ပါလီမန်ဟာ ဒီဇင်ဘာလအတွင်းမှာ ရွေးကောက်ပွဲဥပဒေကို အတည်ပြု နိုင်ခဲ့ပါတယ်။ အရင်စီစဉ်ထားတဲ့ အတိုင်းဆိုရင် အမတ်နေရာခွဲတမ်း နည်းနေတယ်လို့ဆိုခဲ့တဲ့ ကာ့ဒ်တွေ အတွက် နေရာပေးမှုအပါအ၀င် အ မတ်နေရာ ၅၀ ကျော်ထပ်တိုးခဲ့ပါ တယ်။ အီရတ်ပါတီတွေဟာ လူမျိုးရေး၊ ဘာသာရေး ကွဲလွဲတွေရှိတယ် ဆိုပေမဲ့လည်း နိုင်ငံရေးအရပူးပေါင်း မှုတွေကျတော့ ပိုရှုပ်ပါသေးတယ်။
အထင်ရှားဆုံးကတော့ ရှီး ယိုက်ဝန်ကြီးချုပ်နူရီအယ်လ်မာလီ ကီဟာ သဘောထားတင်းမာသူ မူ တာဘာအယ်လ်ဆာဒါးဦးဆောင်တဲ့ ရှီးယိုက်ဘာသာရေးပါတီစုကို ယှဉ် နိုင်ဖို့ ဆွန်နီပါတီတွေနဲ့ မဟာမိတ် ဖွဲ့ထားရတာပါ။ ထုံးစံအတိုင်းပဲ လုံခြုံရေးကလည်းပြဿနာတစ်ရပ်ဖြစ် နေတာမို့ မကြာသေးခင်က ဘဂ္ဂဒက် မှာ ပေါက်လိုက်ကြတဲ့ဗုံးတွေဟာ ရွေးကောက်ပွဲကို ဆော်ကြမယ့် ရှေ့ပြေး နိမိတ်ပဲလို့ ဆိုကြသူတွေရှိပါတယ်။ ရွေးကောက်ပွဲရလဒ်က ဘယ်လိုပဲ ထွက်ထွက် အမေရိကန်တပ်တွေ ဆုတ်ခွာချိန်မှာ အီရတ်တွေကိုယ့် မင်း ကိုယ့်ချင်းလုပ်ကြတဲ့အခါဟန်၊မဟန် ဆိုတာကပဲ အဓိကကျပါလိမ့် မယ်။
ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲ မေ ၁၀
ဒီနှစ်သမ္မတရွေးကောက်ပွဲမှာ တော့ဖီလစ်ပိုနိုတွေဟာ မြင်နေကျ နာမည်တွေပဲ ပြန်မြင်ရဦးမှာပါ။၂၀၀၁ ခုနှစ်က အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့အတူ လူထုအုံကြွမှုနဲ့ ဖြုတ်ချခံခဲ့ရတဲ့ ရုပ်ရှင်မင်းသားကြီး သမ္မတဟောင်း ဂျိုးဇက်အက်စထရာ ဒါကလည်း ၀င်နွှဲဦးမှာပါ။ ဘီလျံနာ နိုင်ငံရေးသမား မန်နီဗီလာ၊ ဒီမိုကရေ စီအိုင်ကွန်သမ္မတဟောင်း အကွီနိုရဲ့ သား နွိုင်နွိုင်အကွီနို၊ ကမ္ဘာကျော် လက်ဝှေ့သမား ပတ်ကွီယိုတို့ နဲ့ အရောင်စုံလူစုံပါပဲ။ ဆင်းပေးရတော့ မဲ့ အာရိုယို ထောက်ခံပေးထားတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း သီအိုဒိုရို ကလည်း လျော့မတွက်သင့်တဲ့သူပါ။
ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက ဖိလစ်ပိုင်တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ လူသတ်ပွဲဟာ အာဏာဆီကိုသွားတဲ့ လမ်းမှာ အကြမ်းဖက်မှုနဲ့ အာဃာတတို့ ဒွေးရောယှက်တင်ရှိနေတယ်ဆို တာကို ဖော်ကျူးနေဆဲပါ။
အာဖဂန်နစ္စတန် ဥပဒေပြုအမတ် ရွေးကောက်ပွဲ နှင့် ဒေသဆိုင်ရာရွေးကောက်ပွဲ မေ ၂၂
၂၀၀၉ မှာ သမ္မတရွေးကောက်ပွဲ အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့တဲ့ အာဖဂန်ဟာ ၂၀၁၀ မှာလည်း ရွေးကောက်ပွဲတွေနဲ့ ထပ်ကြုံရပါဦးမယ်။ နိုင်ငံတစ်ဝန်း ကိုယ်စားလှယ် ၃၀၀၀ ကျော် ပြိုင်ကြမယ့် ဒီရွေးကောက်ပွဲတွေဟာ လိမ်လည်တယ်၊ စီမံခန့်ခွဲမှုညံ့ဖျင်း တယ်ဆိုတဲ့ ဝေဖန်မှုတွေကြားက ရုန်းထွက်နိုင်ဖို့ မရှိသေးပါဘူး။ ၂၀၀၅ ပါလီမန်ရွေးကောက်ပွဲ၊ ၂၀၀၉ သမ္မတ ရွေးကောက်ပွဲလိုပဲ အငြင်းပွားမှု တွေ မငြိမ်သက်မှုတွေနဲ့ဆိုရင်တော့ အာဖဂန်သားတွေရဲ့ ရွေးကောက်ပွဲ အတွက် စိတ်အားထက်သန်မှုဟာ အဟောသိကံဖြစ်ရဦးမှာပါပဲ။

အီဂျစ်ပါလီမန်ရွေးကောက်ပွဲ မေ၂၂
၂၀၀၅ တုန်းက တရားဝင်ပိတ် ပင်ထားတဲ့ Muslim Brotherhood Party က ကိုယ်စားလှယ်လောင်းတွေ ဟာ တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ခဲ့ကြပြီးတော့ ပါလီမန်မှာ အမတ်နေရာ ငါးပုံတစ်ပုံအထိရခဲ့ပါတယ်။ အီဂျစ် အစိုးရဟာ အစ္စလာမ္မစ်အုပ်စုတွေကို ပိတ်ပင်မှုတွေ၊ ဖမ်းဆီးမှုတွေတောက် လျောက်လုပ်ခဲ့ပါတယ်။ ဒီရွေးကောက် ပွဲမှာလည်း သမ္မတဟော့စနီမူဘာ ရက်ရဲ့ National Democratic Party က ဦးစားပေးခံရပြီး မဲခိုးတယ်ဆိုတဲ့ သတင်းကို ကြားရဦးမှာပါပဲ။

ကိုလံဘီယာ သမ္မတရွေးကောက်ပွဲ မေ၃၀
ကိုလံဘီယာ မူးယစ်ဂိုဏ်းကြီး တွေနဲ့ FARC သူပုန်တွေကို နှိမ်နင်း နိုင်ခဲ့တာကြောင့် လူကြိုက်များတဲ့ သမ္မတ အယ်လ်ဘာရိုအူရီဘေးဟာ နောက်တစ်ကြိမ် ထပ်ပြိုင်နိုင်ဖို့ သက်တမ်းကန့်သတ်ချက်ကို ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါအောင်မြင်ရင်တော့ ထောက်ခံမှုနှုန်း ၇၀ ရာခိုင် နှုန်းနီးပါးရှိတဲ့ အူရီဘေးကို ယှဉ်နိုင်သူမရှိပါဘူး။ ဒါပေမဲ့ တတိယသက်တမ်း ဆက်ထမ်းဆောင်မယ်ဆိုရင် ထိုင်ခုံကြိုက်သူ တစ်ယောက်အဖြစ် နိုင်ငံတကာက အမြင်မကြည်မလင် ဖြစ်နိုင်သလို အိမ်နီးချင်း ဗင်နီဇွဲလား သမ္မတဟူဂိုချားဗက်စ်လိုပဲ ဒီပုတ်ထဲ က ဒီပဲစာရင်းဝင်သွားပါလိမ့်မယ်။ (သူတို့နှစ်ယောက်က အပြင်မှာတော့ မတည့်ကြသလို နှစ်နိုင်ငံဆက်ဆံ ရေးလည်း တင်းမာနေပါတယ်။) သူ မပြိုင်နိုင်ဘူးဆိုရင်တော့ ဆက်ခံသူ ကာကွယ်ရေးဝန်ကြီးဟောင်း ဟွမ်မန် နျူရယ်ဆန်းတို့စ်နဲ့ လစ်ဘရယ် ပါတီခေါင်းဆောင် ရာဖေးလ်ပါဒိုတို့ အပြိုင်ဖြစ်ပါလိမ့်မယ်။
ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ မေ
ဘဏ္ဍာရေး အကျပ်အတည်း ကိုင်တွယ်ပုံ၊ အမတ်တွေရဲ့ အသုံးစရိတ် အရှုပ်တော်ပုံ၊ လစ်ဗျားက အကြမ်း ဖက်သမားကို လွှတ်ပေးခဲ့ပုံတွေသာ မက ၀တ်ပုံစားပုံကအစ အရာရာဝေ ဖန်ခံနေရတဲ့ ဂေါ်ဒွန်ဘရောင်းကို အလွန့်အလွန်ပဲ လူကြိုက်နည်းနေ ကြပါတယ်။ သူ့ရဲ့ လေဘာပါတီက လည်း ပြီးခဲ့တဲ့နှစ် ဇွန်လ ဒေသဆိုင် ရာရွေးကောက်ပွဲတွေမှာ အဆိုးရွား ဆုံးရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဗြိတိန်နိုင်ငံရေးမှာ လေဘာပါတီရဲ့ ၁၂ နှစ်ကြာ လွှမ်းမိုးမှုဟာ ဒီရွေး ကောက်ပွဲမှာ အဆုံးသတ်သွားမယ်လို့ မှန်းဆကြတာတွေရှိနေပါတယ်။ ဒါပေမဲ့ အဓိကပြိုင်ဘက် တိုရီခေါင်းဆောင် ဒေးဗစ်ကင်မရွန်ကိုယ်တိုင်က ဘရောင်းလုပ်တာ ဘာတွေမှားတယ် ပြောနေရုံကလွဲလို့ ဘာလုပ်ပေးမယ် ဆိုတာ ရှင်းရှင်းလင်းလင်း မရှိလှသေး ပါဘူး။ အဓိက ပါတီကြီးနှစ်ခုလုံး အပေါ် ပြည်သူက ကျေနပ်နှစ်သက်ဖို့ ခဲယဉ်းနေတာက လက်ယာစွန်း ဗြိတိသျ အမျိုးသားပါတီအတွက် အခွင့်ကောင်းဖြစ်ပါလိမ့်မယ်။

ဘရာဇီး သမ္မတ ရွေးကောက်ပွဲ အောက်တိုဘာ
အထိုင်များလို့ အညောင်းမိမှာ ကြောက်တဲ့ လူလာဒါဆေးဗားဟာ ကိုယ်ကိုယ်တိုင်ပဲ တတိယသက်တမ်း ၀င်မပြိုင်နိုင်အောင် ဖွဲ့စည်းပုံအရ ပိတ်ပင်ခဲ့ပြီးတော့ နောက်လူတွေ အတွက် လမ်းဖွင့်ပေးခဲ့ပါတယ်။ လူ သိပ်မသိကြတဲ့ သူ့ရဲ့ရုံးအဖွဲ့မှူးချုပ် ဒီလ်မာရိုဆက်ဖ်ဟာ ဆာပေါ်လိုပြည်နယ်ရဲ့ ထင်ရှားတဲ့ အုပ်ချုပ်ရေးမှူး ဟိုဆေးဆာရာနဲ့ အဓိကပြိုင်ရမှာပါ။ ရိုဆက်ဖ်အတွက် အားသာချက်က တော့ လူလာက မဲဆွယ်ပေးမှာနဲ့ တစ်ချိန်က သူပုန်တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်ခဲ့မှုကြောင့် ဒုတိယ အကျော့ပြန် ရွေးရတာမျိုးကြုံလာရင် လက်ဝဲယိမ်းပါတီငယ်လေးတွေရဲ့ ထောက်ခံမှုရနိုင်တာပါ။ ဘယ်သမ္မတ လောင်းကမှတော့ လူလာရဲ့ အလုပ် ဖြစ်ခဲ့တဲ့ မူဝါဒတွေကို သွေဖည်ပြီး လျောက်ရဲကြမှာ မဟုတ်ပါဘူး။

အမေရိကန် လွှတ်တော် ရွေးကောက်ပွဲ နိုဝင်ဘာ ၂
သမ္မတသက်တမ်း ကြားနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ သမ္မတရဲ့ နောက်ပိုင်းနှစ်တွေ နေသာ မလား၊ မိုးသည်းမလားဆိုတာ အဆုံးဖြတ်ပေးမြဲပါ။ အထက်လွှတ်တော် မှာရော၊ အောက်လွှတ်တော်မှာပါ ဒီမိုကရက်တွေ အသာရနေမှုဟာ ဒီ ရွေးကောက်ပွဲတွေမှာ အပြောင်းအလဲ ပြန်ဖြစ်သွားနိုင်ပါတယ်။ ကျန်းမာ ရေးစောင့်ရှောက်မှုစနစ်၊ အာဖဂန် မဟာဗျူဟာအပါအ၀င် အိုဘားမား နဲ့ ဒီမိုကရက်တွေလုပ်ခဲ့တာတွေ အပေါ်မဲပေးသူတွေက ဘယ်လို မြင်ကြသလဲဆိုတာက အဓိကအဆုံး အဖြတ်ပေးပါလိမ့်မယ်။

မြန်မာအထွေထွေရွေးကောက်ပွဲ

၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် ရွေး ကောက်ပွဲတစ်နည်းအားဖြင့် နှစ် ၂၀ အတွင်း ပထမဆုံးရွေးကောက်ပွဲကို ဒီနှစ်မှာ ကျင်းပမယ်လို့ တရားဝင် ထုတ်ဖော်ထားပါတယ်။ နိုင်ငံတကာ က အာရုံစိုက်စောင့်ကြည့်ကြမယ့် ဒီရွေးကောက်ပွဲဟာ မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေး အကောင်းဘက် ပြောင်းမပြောင်းဆိုတဲ့ အပေါ်မှာပါ သက်ရောက်မှုရှိပါလိမ့်မယ်။

Ref:Foreign Policy နှင့်နိုင်ငံတကာသတင်းများ
http://www.baymyanmar.com/2010/01/eleven-jounal.html#more

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */