“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 09, 2011

သတိ - NLD အားလုပ်ကြံရန်ရှိ


ပုံ ( ဓါးနဲ့ အထိုးခံရတဲ့ NLD လူငယ် စိုးမြတ်သူ)
သတင်း က ရင်ကို နင့်စေပါတယ် ရင်းနှီးခဲ့ကြတဲ့တော်လှန်ရေးမောင်နှမ ထဲက မောင်ငယ်လေး ကို စစ်ဗိုလ် အုပ်စုက ဓါးနဲ့ ထိုးလို့ တဲ့ အဆုတ် ထိတဲ့အတွက် စိုးရိမ်ရတယ် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ခန်း ခုပဲတင်လိုက်ရတယ်တဲ့ ။ဘုရားတ ပြီး ကျမ မျက်ရည်တွေစီးကျခဲ့ပါတယ်။

တစ်ပြိုင်နက်ကျမ ခေါင်းထဲကို ၀င်လာတာတခုက သက်နိုင်ဦး ကိစ္စ။။ လွန်ခဲ့တဲ့ဆယ်စုဝက် က ဖြစ်ပျက်ခဲ့တဲ့ ရဲဘော်သက်နိုင်ဦးကိစ္စ
မေ့မရခဲ့ပါဘူး စစ်တပ် စစ်သား စစ်ဗိုလ်များ နဲ့  ဒီမိုကရေစီလိုလားတဲ့ အတွေးအခေါ်မြင့်မားတဲ့ တိုင်းပြည်ကို ချစ်တဲ့ လူငယ်လေးများ က
ရန်သူများလားရယ်လို့ ရင့်နင့်စွာခံစားရပါတယ် ။

စစ်တပ်နဲ့  NLD ဟာ ဘက် နှစ်ဖက် လုံးဝမဟုတ်ပါဘူး ဒါကို တပ်မတော်သားတွေ အထူးသတိထားကြဖို့ လိုပါတယ်။ မြှောက်စားတိုင်း
လည်းမရမ်းကားမိဖို့  တပ်မတော်သားတွေကိုသတိပေးချင်ပါတယ်။ NLD လူငယ်အများစုဟာ ပွင့်လင်းရိုးသားပြီး မိမိယုံကြည်ချက်ပေါ်မှာ
သစ္စာရှိရှိ နဲ့ အပွန်းအပဲ့ အထိအရှများစွာနဲ့  အန္တယယ်ကြားကဒီခရီးကိုလျောက်နေကြရတာပါ။

ဓါးထိုးခံရတဲ့ NLD လူငယ် စိုးမြတ်သူ ဆိုရင် တကယ့် ပျော်တက် တဲ့လူငယ်ပွင့်လင်းမှုရှိတယ်။ မိခင်ကြီးကို လုပ်ကျွေးနေတယ် သူတက်တဲ့
ပညာရပ်လေးကစလောင်းတွေလိုက်တပ်ဆင်တယ်ရတဲ့ ငွေလေးနဲ့  မိခင်သူနာပြုဆရာမ ကို စောင့်ရှောက်နေတာဖြစ်ပါတယ် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို နှစ်ထောင်ခုနှစ်နောက်ပိုင်းမှာ တာမွေ မြို့ နယ်လူငယ်အဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး သူနိုင်တဲ့ဝန်နဲ့ 
ဒီမိုကရေစီ တော်လှန်ရေးထဲပါဝင်နေတဲ့ကလေးပါ လက်ရှိ ဗဟိုလူငယ်အထောက်အကူပြု လုပ်ငန်းတွေလုပ်နေပြီး အဖွဲ့ ချုပ်မှာ အားကိုး
အားထားရတဲ့လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်။

ခေတ်လူငယ်တွေ သူတို့ ခေတ် ပဲ ဆိုပြီး အနောက်တိုင်းပုံစံလေးတွေနဲ့ လေလွင့်နေတဲ့ မြန်မာလူငယ်အများစုကြားက ခေတ်ကိုလည်းမြင်
မြန်မာပြည်ရဲ့စစ်အုပ်ချုပ်ရေး စနစ်ကိုလည်းချဉ် ပြီး ကိုယ်ယုံကြည်တဲ့ဒီမိုလမ်းကို ရဲရဲရင့်ရင့်လျောက်နေတဲ့လူငယ်တွေထဲက စိုးမြတ်သူ(ခ)
ကိုမြတ်ဟာလည်းတိုင်းပြည်အနာဂတ်ကောင်းဖို့ အတွက်ဘ၀ရဲ့ အချိန်တွေပေးဆပ်နေရတဲ့လူငယ်တစ်ယောက်ပါ ။

စစ်အုပ်စုရဲ့ အာဏာစက် အောက်က ဥပဒေ ဆိုတာကို ကျမမယုံကြည်ပါဘူး ။ လူငယ်တွေ ရန်ဖြစ်တယ် စကားများတယ် နောက်ဆုံး
သောက်စား တယ်ပဲ ထားပါဦး တဖက်က စစ်ဗိုလ်နှစ်ယောက် နဲ့ ကြေးစားလူမိုက် ရာဇ၀တ်ကောင် တဖက်က NLD မှာ တာဝန်ရှိတဲ့ လူငယ်
ပါတဲ့ လူငယ်သုံးယောက် -- ဒီရန်ပွဲ ဟာ တိုက်ဆိုင်မှုလို့ ကျမ လုံးဝ လက်မခံပါဘူး ။

တဖက်သတ် အစီစဉ်တကျ ရန်စပြီး လူတစ်ယောက်ကို သေလောက်အောင် လုပ်ကြံတာအသေအချာပါပဲ ။ စစ်တပ်ကြီးစိုးနေတဲ့ မြန်မာပြည်မှာ
စစ်ဗိုလ် စစ်သား အနိုင်ကျင့်သမျှNLD လူငယ်ကတော့ ဘယ်နည်းနဲ့ မှ ခေါင်းငုံ့ ခံမှာ မဟုတ်ပါဘူး ဒီလို ငုံ့ မခံတဲ့အတွက်လည်း
ရက်ရက်စက်စက် အသေထိုးသတ်လိုက်တာပဲလို့ ကျမနားလည်ပါတယ် ။

ကံကောင်းလို့  စိုးမြတ်သူ အခြေအနေ မသေဆုံးနိုင်ဘူးလို့ ကြားနေရပေမဲ့ ဒီကိစ္စကို ကျမတို့ ဒီမိုကရေစီအင်အားစု တွေက လက်ပိုက်ကြည့်လို့ 
မရပါဘူး ။ လက်၇ှိတာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ စစ်ဗိုလ် ကော ကျန် နှစ်ဦးကို ပါ ထိရောက်တဲ့အရေးယူမှု လုပ်ဖို့ တောင်းဆိုကြရပါမယ်
မြန်မာပြည်ရဲ့ ဥပဒေက အစိုးရအောက်မှာရှိနေတဲ့အတွက် နိုင်ငံတကာဥပဒေ ခုံရုံးတွေအထိ ဒီကိစ္စကို လိုအပ်ရင် တင်သွင်းကြရပါမယ် ။
ကျမအနေနဲ့ ဒီလိုတိုက်တွန်းတာ နောင် ဒီလို လုပ်ကြံမှုမျိုး ထပ် မပြုမူနိုင်အောင်ပညာပေးဖို့ ရယ် နဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
မကြာခင် ထွက်မဲ့ ခရီးစဉ် အတွက်လည်း ကာကွယ်ပြီးသားဖြစ်အောင်လို့ ပါ။

ကျမ အထူးပဲ စိုးရိမ်ပူပန်မိပါတယ် စိုးမြတ်သူလို လူငယ်တစ်ယောက် သူမှာ နဂိုဗီဇ စိတ်ကိုက ရန်လိုတဲ့အကျင့်မရှိ သူများကိုအတော်သီးခံတက်တဲ့
လူငယ်တစ်ယောက်ရဲ့အသက်ကိုတောင် နုတ်ယူဖို့ ကြိုးစားခဲ့တဲ့ စစ်အုပ်စုအသိုင်းအ၀န်းရဲ့ရမ်းကားမှုဟာ နောက် လူငယ်တွေ အတွက်
သက်နိုင်ဦး လို အလုပ်ကြံခံရနိုင်မှုများရှိလာဦးမလား ဒါသတိထားရတော့မဲ့ အချက်ပါ ။
NLD များ အထူး သတိရှိကြပါ ။။။။။။။။

ဒါ့အပြင် စစ်အုပ်စု အထူးသဖြင့် သန်းရွှေ သိန်းစိန် တို့ လူတစ်စု အင်မတန် ကြောက်ရွံ နေတဲ့ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း လုံခြုံရေး ပိုလို့ စိုးရိမ်မိပါတယ် ။
ဒီဖြစ်ရပ်တွေကိုကျမတို့  လေ့လာပြီး အစစအရာရာ လျော့မတွက်ကြဖို့  အဖွဲ့ ချုပ်အဖွဲ့ ဝင်တွေကိုလည်းအကြံပြုချင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ်
ထွက်မယ်ဆိုတာ တရားဝင်ကြေညာထားတဲ့အခြေအနေမှာ အဖွဲ့ ချုပ်အဖွဲ့ ဝင် လူငယ် တစ်ယောက်ကို ခုလိုရန်ရှာပြီး လူသတ်မှုကျူးလွန်တာဟာ ရိုးသားတဲ့
ပြဿနာ မတော်တဆဖြစ်တဲ့ အခြေအနေတစ်ရပ် မဟုတ်ဘူးဆိုတာ တင်ပြလိုက်ပါတယ် ။

ရဲဘော်အချင်းချင်း ရိုင်းပင်းစောင့်ရှောက်နိုင်ကြပါစေ

မင်းထက်မြတ် (မျိုးချစ်တပ်ဦးလူငယ်-၈၈)Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */