“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, June 11, 2011

ဗိုလ်ချုပ်သွေးမို့ တို့ယုံသည်

သန်းဝင်းလှိုင်ဇွန် ၉၊ ၂၀၁၁
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့အမှတ်တရ)
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရရဲ့ မတရားတဲ့ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ နေအိမ်အကျယ်ချုပ် (၇) နှစ်၊ (၆) လ၊ (၂၃) ရက်ကျခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ် နိုဝင် ဘာလ (၁၃) ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့တာ အခုဆိုရင် (၇) လပြည့်ခဲ့ ပါပြီဗျာ။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ချိန်မှာပဲ အတုအယောင်ရွေးကောက် ပွဲကျင်းပပြီး၊ အရပ်သားအရေခြုံ စစ်အာဏာရှင်အုပ်စုရဲ့ အစိုးရသစ်ပေါ်ထွန်းနေချိန်နဲ့ လဲ တိုက်ဆိုင်နေပါတယ်။ ၎င်းတို့က “ဒေါ်အောင် ဆန်း စုကြည်ကို သာမန်ပြည်သူတ ယောက်လိုပဲ သဘောထားပါတယ်။ လက်ရှိ သူတို့ချမှတ်ထားတဲ့ ဥပေ ဒဘောင် အတွင်း ဥပဒေတွေ စည်းကမ်းတွေနဲ့အညီ သွားလာလှုပ်ရှားဆောင်ရွက်နိုင်ပါတယ်။ ပြီးတော့ သူတို့တ ဖက်သတ်ရေးဆွဲထားတဲ့ နာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံကိုလည်း လေးစားလိုက် နာရမယ်” လို့ မကြာမီ က မြန်မာနို င်ငံကိုလာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း ကို ပြောကြားသွား ခဲ့ပါတယ်ဗျာ။
အမှန်ကတော့ စစ်အစိုးရက လူထုထောက်ခံမှုအပြည့်အ၀ရှိနေတဲ့ ဒေါ် အောင်ဆန်းစုကြည်ကို လူထုမြင်ကွင်း က ပျောက်ကွယ်သွားအောင် သေဆုံးသည်အ ထိ အကျဉ်းချထားချင်တာပါ။ စစ်အစိုးရက ဒေါ်အောင် ဆန်း စုကြည်ရဲ့ဂုဏ်သိက္ခာနဲ့ လူထုထောက်ခံမှုရရှိနေတာတွေကို သေးသိမ်သွားေ အာင်၊ စည်းအပြင်ရောက် သွား အောင် အချိန်၊ နေရာအခွင့်ကြုံတိုင်း ကျားကုတ် ကျားခဲ ကျားနာလို ကြိုးပမ်းနေတာ ပါ။ ဒေါ်အောင် ဆန်းစုကြည်ဟာ စစ်အစိုးရအတွက်တော့ ဆုပ်လည်းစူး၊ စားလည်းရူးပမာ အကျဉ်းအကျပ်တွေ့နေပါတယ်။
နို့ပေမယ့် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို မှေးမှိန်ပျောက်ကွယ် သွားအောင် လုပ်လို့မရပါဘူး။ သူမဟာ ဘမျိုးဘိုးတူ သမီး။ သူ့ဖခင် ဗိုလ်ချုပ်အောင် ဆန်းဟာ လွန်ခဲ့တဲ့ ၆၄ နှစ်က ကျဆုံးသွားခဲ့သော်လည်း ယနေ့တိုင်ပြည်သူ့ရင်ထဲမှာ လွတ်လပ်ရေးရဲ့သင်္ကေတအဖြစ် ထာဝရကိန်းဝပ်နေသလို၊ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာပြည်သူလူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလွတ်လပ်မှုရဲ့သင်္ကေ တ တခုအဖြစ် တည်ရှိနေပါတယ်။ ဒါကြောင့် တပြည်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ရဲ့ဓာတ်ပုံတွေ ဟာ ရှေ့ဆုံးကအထင်ကရ ရှိနေပါတယ်။ သူလွတ်မြောက်လာနေတဲ့နေ့က သူ့ခြံဝရှေ့မှာ သူ့ကိုစောင့်ကြိုနေတဲ့ လူထု ထောင် ပေါင်းများစွာဟာ လမ်းမပေါ်ထွက်ပြီး ကြိုဆိုနေကြတာကို ကြည့်ရင် သိသာလှပါတယ်။ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လူထုဟာ ရေကိုခွဲလို့မရသ လို တသားတည်းရှိနေတယ် ဆိုတာကို စစ်အစိုးရလည်းသိမှာပါ။ ပြီးတော့ စစ်ဗိုလ် ချုပ်တွေဟာ လူထုထောက်ခံယုံကြည်မှုမှာ ဘယ်လိုမှဒေါ်အောင်ဆန်းစုကြည်နဲ့ယှဉ်လို့မရဘူးဆိုတာကိုလည်း သိကြမှာပါ။ စစ်အစိုးရသစ်ပေါ်ပေါက်ပြီဆိုပေမယ့် မဲလိမ်၊ မဲခိုး၊ အတင်းအဓမ္မခြိမ်းခြောက်အနိုင်ကျင့် မဲထည့်ခိုင်းပြီး တက်လာတဲ့ကလိမ်ကကျစ် အစိုးရကို ကမ္ဘာရော၊ မြန်မာလူထုကပါ အော့နှလုံးနာတယ်ဆိုတာလည်း သိကြပါ တယ်ဗျာ။
စစ်အစိုးရကို အားလုံးမယုံကြည်ကြတာလဲ အဆန်းတော့မဟုတ်ပါဘူး။ ဦး ပုညရေးစပ်ခဲ့တဲ့ တေးထပ်ထဲကလို …. “ကလိမ်တွင် လိမ်တင်ရ၊ လိမ်ပင်ကဘုရင်၊ လိမ်ချင်လှ တခင်ရယ်၊ အလိမ်တွင်ခေါင်းဆုံး၊ လိမ်ရှုပ်လို့ လိမ်ရုပ်ဖော်သည်၊ လိမ်နှုတ် တော်စွဲသည့်နှလုံး၊ လိမ်ဟန်နှင့်လိမ် ဉာဏ်ဆင်၊ လိမ်စံတွင်တနှုန်း၊ လိမ်ပြန်လျှင်တ ဖုန်းက လိမ်အသုံးခက်အောင်၊ လိမ်သလေ၊ လိမ်နေကျ၊ လိမ်မေက ၀မ်းနံပါတ်ဆောင်၊ လိမ်လွန်းလှ၊ လိမ်ကွန်းဆောင်မှာ လိမ်မွန်းရောင် ချိန်သစ်လို့၊ အလိမ်ပြစ်အမျိုးဝင်၊ တိုးလို့လိမ်ချင်၊ ကြိုးလိမ်ရန်ဆံထုံးခင်ရယ်၊ တမျိုးပင်လိမ်းအုံးကွဲ့လေး” ဟူသောစာ သားအတိုင်း ဖွတ်လျှာသဏ္ဌာန်၊ နှစ်ခွဉာဏ်ဖြင့် ကလိမ်စေ့ငြမ်း စင်တတ်သည့် ကလိမ် ကကျစ် စစ်အစိုးရမို့ လူထုက မယုံကြည်ကြတာပါ။
ဒါကြောင့်မို့ စစ်အစိုးရအတွက် အကောင်းဆုံးနဲ့ ဖြစ်နိုင်ခြေအရှိဆုံးရွေးချယ်မယ့်လမ်း ကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာကာ၊ အမျိုး သားရင်ကြားစေ့ရေးပါပဲ။ ဒီလိုမှမဟုတ်ဘဲ အရပ်သားအေ ရခြုံထားတဲ့ စစ်အစိုးရသစ် ဟာ အရင်ကရော၊ အခုရော လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အာဏာရှိစဉ် ဆက် တိုက်မှားခဲ့တဲ့ အမှားတွေအပေါ် အပြစ်ပေးအရေးယူခံရမှာကို အကြောက်ကြီး ကြောက်ပြီး စိုးရိမ်စိတ်လွန်ကဲ ကာ ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးတာဟာ သူတို့အတွက် အရှုံးပေးရတော့မယ့်နေရာ၊ သူတို့ဘ၀အဆုံးသတ် ရမယ့် သင်္ချိုင်းလို့ ယူဆထားမယ် ဆိုရင် အမျိုးသားရင်ကြားစေ့ရေဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ယနေ့မြန် မာ နိုင်မှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ေ ရး ရေးပြဿနာတွေ၊ ဖက်ဒရယ်မူကိစ္စတွေနဲ့ အလုံးစုံသောပြဿနာတွေရဲ့တခုတည်း သောအဖြေဟာ တွေ့ဆုံဆွေးနွေးကာ အဖြေရှာရေးပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတသစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်ဟာ စိတ်ဆန္ဒ သာရှိမယ် ဆိုရင် ဘယ်နေရာ၊ ဘယ်အချိန် ဘယ်လိုအခွင့် အလမ်းကိုမဆို သူလက်လွတ်ခံမှာ မဟုတ်ဘဲ၊ ရရှိတဲ့အ ခွင့်အလမ်းကိုဆုပ်ကိုင်ပြီး တွေ့ဆုံဆွေးနွေးသွားပါလို့ ပြောကြားသွားပါတယ်ဗျာ။
ပြီးတော့ လူထုကြီးကိုလည်း ဒီမိုကရေစီနဲ့လူ့အခွင့်အရေးများကို ရရှိအောင် သူတယောက်တည်း စွမ်းဆောင်နို င်မှာမဟုတ်ဘူး။ ပြည်သူလူထုနဲ့ပူးပေါင်းပြီး အလုပ် လုပ်ချင်တယ်။ ကျမတစ်ယောက်ထဲ အလုပ်မလုပ်ချင်ဘူး။ တယောက်တည်းလုပ်တာ ဒီမိုကရေစီမဟုတ်ဘူး။ အားလုံး နိုင်ငံရေးအသိစိတ်ဓာတ်ရှိရှိ၊ ညီညီညွတ်ညွတ် သတ္တိ ရှိရှိနဲ့ကိုယ်လိုချင်တဲ့ အခွင့်အရေးကိုသိရှိပြီး တာဝန်ယူကာ စဉ်းစားကြပါ။ လုပ်ရဲ ကိုင် ရဲကြပါ လို့ ပြောကြားသွားပါတယ်ဗျာ။
ဒီကနေ့ တိုင်းပြည်စီးပွားရေးဆင်းရဲကျပ်တည်းနေတာနဲ့ပတ်သက်ပြီးတော့ လည်း မြန်မာပြည်ဆင်းရဲနွမ်းပါး ရတာဟာ အခြေခံသဘာဝအရင်းအမြစ်တွေ၊ ရင်းနှီး မြှပ်နှံမှုတွေ မရှိလို့မဟုတ်ဘဲ ကောင်းမွန်တဲ့ သန့်ရှင်း စင်ကြယ်တဲ့အစိုးရကို ပေါ်ပေါက် စေတဲ့ အခြေခံအကျင့်ဓလေ့တွေမရှိလို့ ဆင်းရဲရတာဖြစ်ေ ကြာင်း ပြော ကြားသွားပါ တယ်။
ပြီးတော့ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြီးတခုလုံး တည်တံ့ခိုင်မြဲဖို့၊ တိုးတက်သာ ယာဝပျောဆိုတာ ပြည်တွင်းငြိမ်းချမ်းရေးမရှိမဖြစ်လိုအပ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနှင့်ရှာရမယ်ဆိုတာ ယုံကြည် တဲ့အတွက် ၂၁ ရာစု ပင်လုံညီလာခံကြီးမှာ ပြည်ထောင်စုကို ဘယ်ပုံဘယ်နည်းနဲ့ အေးအေးချမ်းချမ်းနဲ့ တိုင်းရင်းသားအားလုံး တိုးတက်သာယာဝပျောအောင်၊ အာမခံ ချက်ရှိအောင် ဘယ်ပုံဘယ်နည်းနဲ့တည်ဆောင် မယ်ဆိုတာ ကျမတို့ တိုင်းရင်းသားလူမျိုးစုတွေအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ဆုံးဖြတ်ရယူရမှာပဲ။ ကျမတို့နိုင်ငံဟာ တကယ့်ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်လို့ ပြောကြားသွားပါ တယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုနှင့်အတူ ပင်ပန်းအဆင်းရဲ ခံပြီး ဒီမိုကရေစီတိုက်ပွဲဝ င်နေတာဟာ စစ်ကျွန်ဘ၀မှာ မလှုပ်မယှက်ငြိမ်ခံနေမယ့် အစား အခြေခံလူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်ရင်း စစ်အာဏာရှင်တို့ရဲ့ နည်းမျိုး စုံနဲ့ နှိပ်စက်ညှင်းပမ်းနေတာတွေကိုရင်ဆိုင်တွန်းလှန်ကာ စစ်အစိုးရယန္တရားကို အပြီး တိုင်ချေမှုန်းမှရမယ်ဆိုတာ ယုံကြည်နေလို့ပါပဲ။
နို့ပေမယ့် အကြီးအကျယ်ဖိနှိပ်နေတဲ့ အာဏာရှင်အစိုးရရဲ့ယန္တရားနဲ့ စစ် အင်အားကိုရင်ဆိုင်တဲ့အခါမှာ တခါတရံကြောက်ရွံ့ပြီး တွေဝေသွားတတ်ပါတယ်။ သတ္တိဆိုတာ မကြောက်တတ်တာကို သတ္တိလို့မခေါ်ပါ ဘူး။ ကြောက်ကြောက်နဲ့ပဲ မိမိ တို့ရဲ့တာဝန်နဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ရဲရဲဝံ့ဝံ့ရယူရဲတာဟာ သတ္တိပါပဲ။ အ ချို့ကလဲ ‘ဖွတ်’ထွက်တာတောင် ‘တောင်ပို့’ မှန်းမသိတဲ့သူတွေက လက်ရှိအခြေအနေ ကို လက်ခံတာပဲေ ကာင်းတယ်လို့ စိတ်ကူးယဉ်နေတဲ့သူတွေရှိနေသေးတာဟာ အံသြ စရာပါပဲ။ ပြောင်းလဲဖို့ ဆိုတာ ပြောင်း လဲဖို့လိုတာတွေကို ပြောင်းပစ်နိုင်ရမယ်ဆိုတဲ့ စွမ်းအားကို ကျနော်တို့ ယုံကြည်ရပါမယ်။ လူပိန်းတွေအဖို့ သိန်း၊ စွန်ရဲတို့ရဲ့ဇွဲမာန်ကို စာသူငယ်မသိနိုင်သလို ဘယ်လိုမှမသိနိုင်ပါဘူး။
မည်သို့ဆိုစေ မြန်မာပြည်မှာ အစိုးရသစ်ဟာ အသွင်တမျိုးနဲ့ ပေါ်လာပြန် ပြီ။ အဲဒီအစိုးရဟာ မင်းသားခေါင်းေ ဆာင်းထား တဲ့ဘီလူးဆိုတာ သိဖို့လိုပါတယ်။ ဒီမို ကရေစီဆိုတာ ရွေးကောက်ပွဲကျင်းပပေး တာနဲ့မဆိုင်ပါ ဘူး။ ရွေးကောက်ပွဲလွန်အစိုး ရဟာ ဘယ်လိုအစိုးရလဲ၊ ပြည်သူလူထုကို ဘာအခွင့်အရေးပေးသလဲ။ ဘယ်စနစ်တွေ နဲ့အုပ်ချုပ်တယ်ဆိုတာနဲ့ ဆိုင်ပါတယ်။ ဒေါ်စုကတော့ “စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ ကိုယ့်ပြည် သူလူထုကို လွတ်လပ်မှုနဲ့ လုံခြုံမှုပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်” လို့ ပြောကြား သွားပါတယ်။
ဒါကြောင့် အာဏာရှင်စနစ်ကို မလိုလားတဲ့ပြည်သူတိုင်းဟာ အဲ့ဒီအာဏာ ရှင်စနစ်အောက်ကနေ လွတ်မြောက်အောင် ဆက်လက်ရုန်းကန်တိုက်ပွဲဝင်သွားရဦး မှာပဲဖြစ်ပါတယ်။ ဒီမိုကရေစီတိုက်ပွဲဟာ ဘယ်လောက်ပဲကြာသည်ဖြစ်စေ၊ ဘယ် လောက်ပဲဝေးသည်ဖြစ်စေ ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီတဲ့ ခရီးဖြစ်ပါစေ။ အဆုံး တနေ့မှာ ပြည်သူတွေမလိုလားတဲ့စနစ်ဟာ အဆုံးမှာ ချုပ်ငြိမ်းပျောက်ကွယ်သွားမှာ ပဲဖြစ်ပါတယ်။ တနည်းပြောရလျှင် မြန်မာ့မြေပေါ်မှာ ဒီမိုကရေစီသစ်ပင်ကြီးဟာ မုချမ သွေ မြေကြီးလက်ခမလွှဲ ရှင်သန်ပွားစည်းခိုင်မြဲလာမှာပဲဖြစ်ပါတယ်။ မူမှန်တဲ့လူသား သဘာဝနှင့် အာဏာရှင်စနစ် ဟာ ပြဒါးတလမ်း သံတလမ်းပမာ ဓမ္မာသောက အင်းဝ ရာဇာ ဖြစ်ပါတယ်။ဘယ်လိုမှ ဆီလျော်အပ်စပ်မှုမရှိပါဘူး။ ဒါကြောင့် “ဒီမိုကရေစီစနစ် ဟာ လွတ်လပ်ရေးနဲ့ စီလျော်တယ်” ဆိုတဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ် ချုပ် အောင် ဆန်းရဲ့အဆိုအမိန့်ကို ပေါင်းဖက်လိုက်တဲ့အခါ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဟာ မလွှဲ မသွေ အောင်ပွဲခံမှာပဲဖြစ်ပါတယ်။
ဘယ်ကိစ္စမဆို အတက်ရှိရင် အကျရှိတယ်ဆိုတဲ့ လောကနိယာမအရ စစ်အာဏာရှင်စနစ်ဟာ လည်း နေ ထွက်ချိန်ရှိသလို နေ၀င်ချိန်လည်းရှိပါတယ်။ နေ၀င် ချိန်ဟာလည်း မဝေးတော့တာမို့ မဲလိမ်မဲခိုးပြီး တက်လာ တဲ့နအဖတဖြစ်လည်း ဗိုလ် သန်းရွှေနောက်ကွယ်က ကြိုးကိုင်ထားတဲ့အစိုးရသစ်ဟာ အလီဘာဘာနဲ့ ခိုးသား လေး ဆယ်ဇာတ်ကားလို တိုင်းပြည်ဘဏ္ဍာတွေ၊ သယံဇာတတွေ ဆက်လက်ခိုးထုတ် ရောင်းချပြီး စစ်အင်အားတိုးချဲ့ကာ လူထုကို ဆက်လက်ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်နေ မယ်ဆိုလျှင် သူတို့ဘ၀ဇာတ်သိမ်း ဟာလည်း သိပ်တော့လှပမှာ မဟုတ်ဘူး။ ဒါကြောင့် လက်ရှိအခြေအနေကို နားလည်သဘောေ ပါက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန် ဆုံးတွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးပြဿနာတွေကို အဖြေရှာပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အမုန်းတရားကိုရင်ဝယ်ပိုက်ပြီး အာဃာတတရားကို တွန်းအားသ ဖွယ် ယုံကြည်ယူဆပြီး ဆက်ပြီးမိုက်တွင်းနက်နေဦးမယ်ဆိုလျှင် ဘ၀ဇာတ်သိမ်းဟာ လည်းကောင်းမှာမ ဟုတ်ဘူး ဆိုတာကို စေတနာကောင်းဖြစ် တိုက်တွန်းလိုက်ပါတယ် ဗျာ။
ဒေါ်အောင်ဆန်းစုကြည်အဖို့ကတော့ မြန့်မာ့နိုင်ငံရေးပြဿနာပေါင်းစုံဟာ စိန်ခေါ်နေဆဲပဲဖြစ်ပါတယ်။ ဘဲအုပ်ကတရာ မဗေဒါကတပင်တည်းမို့ ဒီအရှုပ်အထွေး ကို ဘယ်လိုဖြေရှင်းမလဲလို့ စိတ်ဝင်စားစွာေ စာင့်ကြ ည့်ေ နသူတွေလည်းရှိပါတယ်။
ကျနော်ကေ တာ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအရည်အသွေးနှင့် သူ့ရဲ့ နိုင်ငံနှင့်လူမျိုးအပေါ် ထားရှိတဲ့စေတနာကို ဗိုလ်ချုပ်သွေးမို့ အကြွင်းမဲ့ယုံကြည်နေ ကြောင်းပါဗျာ။
● ● ●
http://moemaka.com/index.php?option=com_content&task=view&id=9082&Itemid=1 Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */