“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, June 10, 2011

ကချင်မှာ သေနတ်ပေါက်ပြီ

ဧရာဝတီ Thursday, 09 June 2011 18:46 (ပေးပို့ သူ-ဗမာ့သွေး)
ကချင်ပြည်နယ် မိုးမောက် မြို့နယ်တွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ စစ်ရေးတင်းမာနေရာမှ ယနေ့တွင် တိုက်ပွဲ စတင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။


တရုတ်-မြန်မာနယ်စပ်ရှိ KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုစန်းအောင်က “တိုက်ပွဲအနီးက ဒေသခံတွေက သေနတ်ပစ်သံတွေ မနက် ၂ နာရီထိုးလောက်မှာ စကြားရတယ်ပြောတယ်။ နေ့လည် ၁၂ ရီအထိ ဆက်ကြားနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“အစိုးရတပ်တွေက KIA ကို ခြိမ်းခြောက်ချင်ပုံရပါတယ်။ KIA က သူတို့ထိန်းချုပ်တဲ့ နယ်မြေကို မကျော်ဖို့ အရင်က သတိပေးထားတော့ KIA ကို အစိုးရတပ်တွေက သွေးတိုးစမ်းတာထင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မိုးမောက် အခြေစိုက် KIA တပ်မဟာ ၃ နှင့် အစိုးရတပ်များ လအတန်ကြာ စစ်ရေးတင်းမာနေပြီးနောက် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း KIA နှင့် နီးစပ်သူတဦးက ဆိုသည်။

KIA တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း ၁၅ နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး နှစ်ဘက် အထိအခိုက်စာရင်းကို မသိရသေးကြောင်း၊ နှစ်ဘက်စလုံး အထိအခိုက်များမည်ဟု ယူဆရကြောင်း ကိုစန်းအောင်က ဧရာဝတီသို့ ပြောသည်။

ယခင်လကတည်းက KIA က ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မဝင်ရောက်ရန် သတိပေးခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာထဲသို့ အစိုးရတပ်များ ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခင်လကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာအတွင်း တိုက်ပွဲဖြစ်ခဲ့ပြီးကတည်းက အစိုးရတပ်များနှင့် စစ်ရေးတင်းမာနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဗန်းမော် တောင်ပိုင်းတွင်လည်း အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ တပ်မှူးတဦး ကျဆုံးသည်ဟု ကချင်သတင်းရပ်ကွက်က ဆိုသည်။

၂၀၁၀ ပြည့်နှစ်ကတည်းက KIA တပ်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရက ဖိအားပေးခဲ့ရာမှ ဆက်ဆံရေး တင်းမာနေခဲ့သည်။

KIA ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင်က “နယ်ခြားစောင့်တပ် ပြောင်းတယ်ဆိုတာက အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို လုံးလုံးကြီး ရောက်သွားတာနဲ့ အတူတူပဲ” ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးကို အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ရက်အနည်းငယ်အကြာတွင် အစိုးရထိန်းချုပ်သော သတင်းစာများက KIA ကို “သောင်းကျန်းသူ” ဟု ပြန်လည် သုံးနှုန်းခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် သဘောတူထားခဲ့သော အစိုးရတပ်နှင့် KIA အကြား အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း လိုင်ဇာမြို့ရှိ KIO ဌာနချုပ်အနီး ဖြတ်သန်းသွားသော ထူးကုမ္ပဏီပိုင် ရဟတ်ယာဉ်တစင်းကို KIA တပ်များက ခြောက်လှန့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */