အာဏာရှင်တို့အလှည့် ဇာတ်သိမ်းမလှ
အမှောင်နဲ့ အလင်း
စစ်ပြိုင်ခင်းက
အလင်းသည်သာ အောင်ပွဲခံမှာ။
ကဒါဖီ အာဏာရှင်
မည်သို့ပင် ငွေရွှင်ရွှင်
မည်သို့ပင် အာဏာခင်ခင်
ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ရဲသည်သို့
စစ်ပွဲဆင်သမျှ
အရှုံးကြီးရှုံးရ
နောက်ဆုံးအမြှီးကုတ်
ကုလတပ်ကမောင်းထုတ်
နောက်ဆုတ်စရာမရှိ
ကိုယ့်ကျော့ကွင်းနဲ့ ကိုယ်ငြိ
ခလုတ်ထိမှ အမိတ
ကယ်လို့ပင် မလွယ်လှ
မာယာရှင်တို့ရဲ့နတ်စိမ်းဘဝ
အာဏာရှင်တို့အလှည့် ဇာတ်သိမ်းမလှ။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဇွန် ၉ ၂၀၁၁Rest of your post
Saturday, June 11, 2011
အာဏာရှင်တို့အလှည့် ဇာတ်သိမ်းမလှ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment