Thursday, 16 June 2011 12:37 KNG (ပေးပို့ သူ-ဗမာ့သွေး)
ပြီးခဲ့အပတ်မှစတင်သည့် မြန်မာစစ်တပ်နှင့် KIA ကြား စစ်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေးလာသူများမှာ တရုတ်နယ်စပ်တစ်လျှောက် လူဦးရေ ၁၀၀၀၀ ကျော်ပြီဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေးအရာရှိ ဆလန်ကဘာ ဒွဲပီဆာပြောသည်။
“မနေ့ညစာရင်းအရ လိုင်ဇာမှာ ၂၂၉၁ ၊ တပ်မဟာ ၃ အူရာဘွမ် ဖျင်ရှန်အနားမှာ ၃၀၀ ကျော်၊ လွယ်ဂျေက ၄၂၃၈၊ မန်ဝိန်းဘက် က ၂၀၀၀ ကျော်၊ မိုင်ဂျာယန်ဘက် ၃၀၀ ကျော်မယ်။”
စစ်ပြေးဒုက္ခသည်များ ၀င်လာဆဲဖြစ်ကာ မိမိရဲ့အိမ် မိမိနေရပ် မလုံခြုံဟုယူဆကာ မိမိရဲ့ရွာ မိမိအိမ်ကိုစွန့်ပြီး ဖယ်ခွာတဲ့လူများကို စစ်ပြေးဟုသတ်မှတ်ထားပြီး ယခုအခါ စစ်ပြေးဒုက္ခသည် ၁၀၀၀၀ အထက်ရှိမည်ဟု အရာရှိက ပြောသည်။
Rest of your post
Saturday, June 18, 2011
တရုတ်နယ်စပ်သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ရောက်၊ ဆက်ရောက် လာနေဆဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment