“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 08, 2011

ကျမလို အဖြစ်မျိုးမဖြစ်ရလေအောင်

Tuesday, June 7, 2011
ကျမကိုယ်တွေ့ ကြုံတာလေးတစ်ခုကို စင်္ကာပူမှာရှိတဲ့  သူငယ်ချင်းများကျမလိုနောက်နောင် အလားတူအဖြစ်မျိုးမဖြစ်ရလေအောင်သင်ခန်းစာအနေနဲ့ တင်ပေးလိုက်တာပါ... ကျမ passport သက်တမ်းတိုးဖို့ service ပေးတဲ့အေဂျင်စီကို သွားခဲ့ ပါတယ်...လိပ်စာက ကိုပိုးတီ၊မနွယ် ကောင်းထက်သံရုံးဝန်ဆောင်မှုလုပ်ငန်း 111 North Bridge Road ,Penisular plaza ,#05-59,Singapore (179098) ဖြစ်ပါတယ်... ၁၂-၅-၂၀၁၁ ရက်နေ့ ကပါ...အေးဂျင့်နဲ့ တွေ့ ပြီးပတ်စ်စပို့ သက်တမ်းတိုးဖို့  အခွန်ဆောင်ရန်ကိစ္စအားလုံးပြောခဲ့ ပါတယ်...သံရုံးကိုအခွန်ဆောင်ရန် ငွေပမာဏနှင့်အေးဂျင့်ဖီးစ် ငွေပမာဏ၀န်ဆောင်ခတို့ က နှစ်ဦးနှစ်ဖက် သဘောတူပြီးကျသင့်ငွေကို တစ်ခါတည်းပေးခဲ့ ပါတယ်... ၃-၆-၂၀၁၁ ညနေတွင်ကျမအေးဂျင့်မှကျမဆီဖုန်းဆက်၍ အခွန်ဆောင်ပြီး ပတ်စ်စပိုသက်တမ်းတိုးပြီးပြီ ဖြစ်ကြောင်း နောက်တစ်နေ့ တွင်ပတ်စ်စပို့ လာယူလို့ရပြီဖြစ်ကြောင်း ပြောပါသည်...၄-၆-၂၀၁၁ရက်နေ့ တွင် ကျမသွားယူသောအခါ.သတ်မှတ်ထားသော ငွေပမာဏထက် ပိုပြီးတောင်းပါသည်...ကျမကသဘောတူသတ်မှတ်ထားသောငွေပမာဏထက်ပိုမပေးနိုင်ကြောင်း ပြောလိုက်ပါသည်...ထိုအခါ၎င်းအေးဂျင့်မှကျမပတ်စ်စပို့ ကို ပြန်မပေးနိုင်ဟုပြောပါသည်... ကျမက ပတ်စ်စပို့ပြန်မပေးလျှင် သံရုံးကိုတိုင်မည်ဟု ဆိုသောအခါ အေးဂျင့်မှမနွယ်က နင်တို့လို စောက်ဖြစ်မရှိတဲ့ မလောက်လေးမလောက်စားကောင်မတွေက သံရုံးကိုတိုင်ဦးမတဲ့ လား...ဒီမယ်... အဲဒီသံရုံးကလူတွေကို ငါ့အိပ်ကပ်ထဲ ထည့်ထားတာ...တိုင်......ကြိုက်တဲ့ နေရာသွားတိုင် ဟုရိုင်းစိုင်းစွာပြောဆိုပါသည်... ကျမတို့ လို ရေမြေခြားမှာအလုပ်လုပ်ရသော အလုပ်သမားများအဖို့  ပတ်စ်စပို့ သည် ဘယ်လောက်အရေးကြီးသလဲ ဆိုတာကိုနိုင်ငံရပ်ခြားတွင်အလုပ်လုပ်ကိုင်နေသော သူငယ်ချင်းများ အားလုံးသိကြမှာပါ... ကျမရဲ့ S-passcardသက်တမ်းလည်း ကုန်ခါနီးပြီဖြစ်လို့  ပတ်စ်စပို့ ကလည်းကျမအတွက်အရမ်းအရေးကြီးတာပါ...ကျမရဲ့ ပတ်စ်စပို့ ကိုဆုတ်ဖြဲပြီးလွှင့်ပစ်လိုက်ရင်ကောကျမဘာဆက်လုရမလဲ... ဒါကြောင့် ကျမလိုစင်္ကာပူမှာလုပ်ကိုင်နေသော သူငယ်ချင်းများကိုလည်း ကျမလို အဖြစ်မျိုးမဖြစ်ရလေအောင်ကိုပိုးတီ၊မနွယ်ဆိုသော အေးဂျင့်ကို ရှောင်ကြဉ် နိုင်အောင်သိစေချင်လို့ ရေးလိုက်တာပါ..ထိုမှသာသူတို့ ရဲ့  အကျည်းတန် တဲလုပ်ရပ်ကို ဟန့်တားနိုင်လိမ့်မည်ဟု ထင်ပါတယ်.Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */