“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 09, 2011

“အရေခွံလဲအစိုးရ၊ ဆိတ်သားရေဖုံး ဆင်သေကောင်များနဲ့ သံခင်းတမန်ခင်း


June 8, 2011 http://www.yeyintnge.com/2011/06/blog-post_9489.html
၁၈ ကြိမ်မြောက် အာဆီယံ အဖွဲ့ကြီးရဲ့ အစည်း အဝေးကြီးကိုလည်း မေလအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြီးခဲ့ ပါ ပြီ။ မြန်မာနိုင်ငံမှာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား တွေ အားလုံးကို လွှတ်ပေးဖို့၊ စာနယ်ဇင်းလွတ်လပ်ခွင့် အပါအဝင် အခြေခံဒီမိုကရေစီအခွင့်အရေးတွေ ပေးအပ်ဖို့ တိုက်တွန်းအပ်ပါကြောင်း တရားဝင် အစည်းအဝေးကြီးအတွင်း တိုက်တွန်းတောင်းဆိုခဲ့ကြသလို အလွတ်သဘော တွေ့ဆုံမှုတွေမှာလည်း မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်မိတဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။ အဓိက အရေးကြီးတဲ့ အ ချက်ကတော့ မြန်မာနိုင်ငံက မကြာခင်မှာ ရရှိလာတော့မယ့် အာဆီယံအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ရာထူးကို ပေးအပ်လို့ ဖြစ်ပါ့မ လား။ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေနဲ့ လက်ရှိ လူ့အခွင့်အရေး ဒီမိုကရေစီရေး တည်ဆောက်မှုတွေမှာ လိုက်နာလုပ်ဆောင်တာတွေ မတွေ့ ရသေးတဲ့အတွက် ဥက္ကဋ္ဌ နေရာကိုတော့ ပေးအပ်လို့ မဖြစ်လောက်သေးဘူးလို့ ယူဆနေတဲ့ နိုင်ငံတွေကလည်း သတိပေး နေပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဂျာမနီနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေက သူတို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့ အယူအဆကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြပါတယ်။
ပြောရရင်တော့ အာဆီယံဥက္ကဋ္ဌပေးဖို့ ဆိုရင်တော့ မထိုက်တန်သေးဘူးပေါ့လေ။ ဆက်ဆံရတာ သိပ်ခက်ခဲသွားမှာ ဖြစ်သလို ဒီမိုကရေစီနိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးမှာ အများကြီး ထိခိုက်နစ်နာသွားနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ သုံးသပ် ကန့် ကွက်ကြပါတယ်။ မြန်မာနိုင်ငံ တာဝန်ရှိပုဂ္ဂိုလ် ကြီးတွေလို့ ကိုယ့်ကိုကိုယ်ယူဆ၊ ကိုယ့်ရာထူး ကိုယ်ခန့် ထားတဲ့ သူတွေကတော့ ထုံးစံအတိုင်း လိမ်ညာကြ၊ ကာကွယ်ကြ လုပ်ကြတာပါပဲ။ ဒါပေမယ့်…။
နောက် မကြာခင် ကာလလေးကမှ သမ္မတဆိုသူ ဦးသိန်းစိန်ကလည်း သူ့ရဲ့ကျေးဇူးရှင် တရုတ်နိုင်ငံကို သွားရောက် လည်ပတ်ပြီး စီးပွားရေးမက်လုံးတွေပေးအပ်ပြီး ကျနော်က တကယ်လုပ်မှာပါ။ ယုံပါ။ မြန်မာနိင်ငံကို စစ်တပ်က ချည် ပြီးတုပ်ပြီး လုပ်ပြီးရင် တဖြည်းဖြည်း တရွေ့ရွေ့ စည်းကမ်းပြည့်ဝ ငြိမ်ဝပ်ပိပြားနေတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်ပေးမှာ ဖြစ်တဲ့အကြောင်းကတိပေး ပြောကြားခဲ့ပါပြီ။
maesod dump
တရုတ်တာဝန်ရှိ ပုဂ္ဂိုလ်ကြီးတွေကတော့ သူတို့နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု ပြည်သူလူထု အကျိုးစီးပွားရမယ်ဆိုတဲ့ စကား ကြောင့် “ဟောင် ဟောင်” လို့ ပြောပြီး ကျနော်တို့က မြန်မာနိုင်ငံ အစိုးရသစ်ဟာ ဒီမိုကရေစီနိုင်ငံတခုအဖြစ် တိုးတက် ပြောင်းလဲ၊ ဈေးကွက်စီးပွားရေးမှာလည်း တက်တက်ကြွကြွပါဝင်လာပြီး ဒေသဖွံဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက် လာမယ်လို့ ယုံကြည်ပါကြောင်း ဘာညာပြောပြီး ကိုယ်ကျိုးစီးပွားကာကွယ်ပြီး သွားသလို မြန်မာအရေခွံလဲ သမ္မတကြီး ကလည်း စစ်တပ်အကျိုးစီးပွား ဗိုလ်ချုပ်ကြီးတွေ အကျိုးစီးပွားကို ကာကွယ်သွားခဲ့ပါပြီ။ အလွန်လှပအတိုင်အဖောက် ညီပါပေတယ်။ မြန်မာနိုင်ငံတွင်းမှာကတော့ တနှစ်ကြီးတောင် လျှော့ပေါ့ပေးလိုက်တဲ့ ထောင်ဒဏ်အတွက် နှစ် ၆၀ ကျော် ၁၀၀ ကျော် အကျဉ်းကျခံနေတဲ့ နိုင်ငံရေးသမား နိုင်ငံရေးလှုပ်ရှားသူတွေက အတော်ကြီး စိတ်ပျက်အားလျှော့ (အားလျှော့ မယ်ဆိုလည်း လျှော့စရာပါ။) သွားကြသလို မိသားစုတွေကလည်း ခေါင်းငိုက်စိုက် ကျသွားခဲ့ကြပါတယ်။ ဒီလိုဆိုရင်တော့ တို့ယောင်္ကျား၊ တို့မိန်းမတော့ မိသားစုတွေနဲ့ ပြန်တွေ့စရာအကြောင်း မရှိတော့ပါဘူး။ စစ်အစိုးရသစ် အောက်မှာတော့ လွတ်လာစရာ မရှိတော့ဘူးလို့ စိတ်လျှော့သွား ကြသူတွေလည်း ရှိပါတယ်။ ကျနော်တို့ အကျဉ်းကျ ခံနေရတဲ့ကာလမှာ ၁၁/၉၂ နဲ့ လိမ်တာကို ခံခဲ့ရသလိုပါပဲ။ သူတို့က ထုံးစံအတိုင်း လိမ်နေကျ အတိုင်း လိမ်နေတာပါ။
ခုတခါ အမေရိကန်နိုင်ငံရဲ့ အလွန်သြဇာရှိတဲ့ ရပတ်ဗလစ်ကန်ပါတီကြီးရဲ့ ရွေးကောက်ပွဲဝင် သမ္မတလောင်းဟောင်း အထက်လွှတ်တော်အမတ်မင်း ဗီယက်နမ်စစ်အကျဉ်းသားဟောင်း မစ္စတာ ဂျွန်မက်ကိန်း ရောက်ရှိလို့လာပြန်ပါပြီ။ ကျနော်တို့ ငယ်ငယ်က ဇာတ်ပွဲမှာ တရုတ်သူရဲကောင်းတွေ တယောက်ပြီးတယောက်ထွက်ပြီး ကိုယ်ရည်သွေး ဓားစွမ်း ပြနေသလိုပါပဲ။ လာပြန်ပြီ သူရဲကောင်းတယောက်။
“ကျနော်တို့အနေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို တဖြည်ဖြည်း ပေးနေပါကြောင်း …
နိုင်ငံရေး အကျဉ်းသားဆိုတာ လည်း ကျနော်တို့ နိုင်ငံမှာ မရှိပါကြောင်း …
ရာဇဝတ်ပြစ်မှု ကျူးလွန်လို့သာ ဖမ်းဆီး ပြစ်ဒဏ် ခံနေရတဲ့သူတွေ ဖြစ်ပါကြောင်း …
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း ပြောလိုပါကြောင်း …
အနိုင်နိုင်ငံမှာလို ပြန်လည်ပြင်ဆင်ခွင့်အတွက် ဥပဒေတွေ ပြဌာန်းပေးထာားပါကြောင်း …
လွှတ်တော်တင်မကပဲ ပြည်သူ့ဆန္ဒခံပွဲ နည်းနဲ့ လည်း ပြောင်းလဲနိုင်ခွင့် ပေးထားပါကြောင်း…
(ကျနော်ဒီဆောာင်းပါးရေးနေတုန်း မြန်မာ့ရုပ်မြင်သံကြားက ကြားနေရတဲ့ အသံတွေကို ထည့်ရိုက် ပေးလိုက်တာပါ) အမေရိကန်နိုင်ငံနဲ့ အနာဂတ် ဆက်ဆံရေးကောင်းမွန်ပြီး ပူးပေါင်းဆောင် ရွက်မှုတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါ ကြောင်း… မျက်နှာထားတည်တည်နဲ့ ဗြောင်လိမ်သွားတာ တွေ့ရပါတယ်။
ဂျွန်မက်ကိန်းခမျာလည်း သံတမန်အဖြစ်လာရတဲ့ လူကြီးသူကြီး အထက်လွှတ်တော်အမတ် သမ္မတလောင်းဟောင်း ဆိုတောာ့ ခုလိုကြားရတာ ဝမ်းမြောက်ပါကြောင်း မြန်မာနိုင်ငံပြည်သူတွေ မကြာခင်ဒီမိုကရေစီအခွင့်အရေးတွေ ပြည့် ပြည့်ဝဝရရှိကြ ပြီးတင့်တင့်တယ်တယ် ချမ်းချမ်းသာသာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြတော့မယ်လို့ မျှော်လင့်ပါကြောင်း ပြောပြီး ပြည်တော်ပြန်ပါပြီ။
၂၀၁၀ ရွေးကောာက်ပွဲဝင် ပါတီတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူတို့အဓိကထား ပြော ခဲ့တာကတော့ မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှု ကို ရုတ်သိမ်းပေးဖို့ပါ။ အဲဒီ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံ ဆင်းရဲနေတာ၊ ပြည်သူလူထုတွေ ဆင်းရဲ တွင်းနက်နေတာလို့ တကယ်ပဲ ယုံကြည်နေ ကြတာလား။ အခွင့်အရေးကို မျှော်ပြီး စစ်အစိုးရအကြိုက် လိုက်ပြောနေ ကြလေသလား ဆိုတာာကတော့ သူတို့ပဲ သိပါလိမ့်မယ်။
ရပ်ကွက်ဈေးလောက်ရောက်ဖူးရင်တောင် ပြည်သူလူထု အသံကို ကြားရမှာပါ။ ဒါပေမယ့် အဲဒီလိုလည်း သိကြပုံမရ ပါဘူး။ ပြည်သူလူထုနဲ့ ကင်းကွာ တဲ့ သူတွေဟာ နိုင်ငံရေးလုပ်လို့ မရဘူးဆိုတာကို သိဖို့အရေးကြီးပါတယ်။ ပြည်သူ လူထုကြီး တရပ်လုံးနဲ့ ပြည်သူလူထု ထောက်ခံမဲပေးခဲ့တဲ့ အဓိက နိုင်ငံရေး ပါတီကြီးက လူထုခေါင်းဆောင်တွေက ပြောနေတာကိုလည်း ဂရုမစိုက် စစ်အစိုးရ အကြိုက် လိုက်ပြောနေတာကို ကိုယ့်လိပ်ပြာကိုယ် မရှက်တတ်ကြတာကို အံ့သြရပါတယ်။
ထားပါတော့။
ခု မြန်မာနိုင်ငံက စစ်အစိုးရရဲ့ ရုပ်သေးသမ္မတနဲ့ ဝန်ကြီး ဆိုသူတွေက အမေရိကန် အထက်လွှတ်တော်အမတ်မင်းကို တဦးချင်းရော စုပေါင်းလို့ပါ လိမ်လိုက်ကြ ပြန်ပါပြီ။
ဒါပေမယ့် သူဟာ မြန်မာနိုင်ငံအကြောင်း ဘာမှ မသိတဲ့သူတယောက်တော့ မဟုတ်သလို နိုင်ငံရေး နားမလည်သူ လည်း မဟုတ်ပါဘူး။ သူ့မှာ နားတထောင်ရှိပါလိမ့်မယ်၊ မြင်နေတာ ကြားနေ တာတွေလည်း ရှိပါလိမ့်မယ်။
မက်ကိန်း၊ ဒေါ်အောင်ဆန်းစုကြည်
တကယ့်ပြည်သူလူထုကြီးရဲ့ အသံကို ပေးနိုင်ခဲ့ကြ တဲ့ သူတွေရဲ့ အသံကိုလည်း သူနားထောင်ပြီး သွားခဲ့ပါပြီ။ ဒါ ကြောင့်လည်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ် တော် ကိုယ်စားပြုကော်မတီတို့နဲ့တွေ့ဆုံရာမှာနဲ့ သံရုံးကထုတ်တဲ့ သူ့ရဲ့ ထုတ်ပြန်ကြေငြာချက်မှာ အကျဉ်း သားလွှတ် ပြမှုဟာ မလုံလောက်သေးဘဲ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ထိ တိုက်တွန်းပြောဆိုမယ့်အကြောင်း၊ ဒေါ် အောင်ဆန်းစုကြည်ရဲ့ လူထု စည်းရုံးရေးခရီးစဉ်ထွက်မယ်ဆိုရင် ဒါဟာ အစိုးရသစ်ရဲ့ သဘောထားကို စမ်းသပ်တာ ဖြစ်တဲ့ အကြောင်း၊ လုံခြုံရေးအတွက်လက်ရှိတက်လာတဲ့ အစိုးရမှာသာ တာဝန်ရှိတဲ့အကြောင်း၊ အစိုးရက ဒေါ်အောင် ဆန်းးစုကြည်ကို သာမန်ပြည်သူ တယောက်လို သဘောထားတယ်ဆိုရင် ပြည်သူလူထုတွေ ရသင့်ရထိုက်တဲ့ အခွင့်အ ရေးတွေနဲ့ ကာကွယ် စောင့်ရှောက် မှုတွေကို ပေးဖို့တာဝန်ရှိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို မြန်မာနိုင်ငံအစိုးရသစ်က ခိုင်မာတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးတွေ တကယ်တမ်းလုပ် ပြလာမှသာ ရုတ်သိမ်းပေးနိုင်မှာဖြစ်ကြောင်းနွေးထွေးတဲ့ စကားပြောဆိုမှုနဲ့တင် မရဘဲ လက်တွေ့လုပ်ဆောင်ပြသရမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေ အပေါ်ထားရှိတဲ့ သဘောထားနဲ့ လုပ်ဆောင် ချက်တွေကိုလည်း ထိုင်းနိုင်ငံနယ် နိမိတ်အတွင်းက မြန်မာဒုက္ခသည် စခန်းကြီးတခုကို သွားရောက်ပြီး တကယ့်ဒုက္ခသည်တွေရဲ့ ခံစားချက်ကို သိရှိခဲ့ပြီးဖြစ်တဲ့ အထက်လွှတ်တော် အမတ်ကြီးက အဲဒီ ဖြစ် ရပ်တွေကို မြန်မာအစိုးရအနေနဲ့ သတိပြုရမှာဖြစ်ကြောင်းပြောပြ၊ ဖော်ပြခဲ့ပါတယ်။ စစ်အစိုးရ ဖုံးထားတဲ့ ဆိတ်သားရေ အောက်က ဆင်သေကောင်တွေကို မစ္စတာဂျွန်မက်ကိန်းက တွေ့မြင်ပြီးဖြစ်ပါတယ်။ မင်းသားခေါင်းဆောင်းနောက်က ဘီလူးမျက်နှာတွေကိုလည်း မြင်ပြီးပါပြီ။ သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့အစိုးရအဖွဲ့ကို တင်ပြပြောဆိုတဲ့အခါ ဘယ်လို ပြောမလဲ အမေရိကန်ပြည်ထောင်စုအစိုးရက မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက်၊ စစ်အာဏာရှင်စနစ်အောက်က ဖိနှိပ် ခံပြည်သူလူထုအတွက် ဘယ်လိုများဆက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာ စောင့်ကြည့်ရမှာပါပဲ။
ဒါပေမယ့် အမေရိကန် လွှတ်တော်အမတ်တယောက်ရဲ့ ခရီးစဉ်ဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရေးလွတ်လပ်ရေး ငြိမ်းချမ်းရေးပြဿနာမှာ သိပ်အဓိက မကျပါဘူး။ အဓိကက ကျနော်တို့ မြန်မာနိုင်ငံသား ဒီမိုကရေစီဘက်တော်သား တွေ၊ နိုင်ငံရေးပါတီ နိုင်ငံရေးသမားတွေ၊ ရဟန်းရှင်လူ ပြည်သူလူထုတွေရဲ့ ကိစ္စသာ ဖြစ်ပါတယ်။ စစ်အာဏာရှင် လက်အောက်မှာ ဖိစီးနှိပ်စက်တာကို ဆက်မခံချင်ကြရင် စစ်အာဏာရှင်တွေကို ကိုယ်လုပ်နိုင်တဲ့ အာခံဆန့်ကျင်တိုက် ခိုက်မှုနဲ့ အာခံဆန့်ကျင် တိုက်ခိုက်ကြဖို့သာ ဖြစ်ပါတယ်။ လိုလျှင်ကြံဆနည်းလမ်းရ ဆိုသလိုပါပဲ။ နည်းလမ်းတွေရှိပါ တယ်။ အကြမ်းမဖက်၊ တပိုင်း အကြမ်းဖက်၊ အကြမ်းဖက် နည်းလမ်းပေါင်းစုံ သုံးပြီးတိုက်ခိုက်ကြဖို့သာ ဖြစ်ပါတယ်။ ဦးဆောင် နိုင်စွမ်းရှိသူတွေက မှန်မှန်ကန်ကန် ဦးဆောင်။ မှန်ကန်တဲ့ ဦးဆောင်မှုနောက်ကို ရဲရဲရင့်ရင့် လိုက်ပါတဲ့သူ တွေက လိုက်ပါ။ စည်းလုံးညီညွတ် မှုရှိကြမယ်ဆိုရင်။ စစ်အာဏာရှင်စနစ် ကျဆုံး ရမှာပါပဲ။ နိုင်ငံသားတိုင်း ပြည်သူလူ ထုတိုင်းက ကိုယ့်ရဲ့တာဝန်ရှိမှုကို ကိုယ် နားလည်လက်ခံ လက်တွေ့လုပ်ကိုင် လှုပ်ရှားဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။ တယောက်ကိုတယောာက် အပြစ်ဖို့ အပြစ်တင်နေရမယ့်အချိန် မဟုတ်ဘဲ လက်ကိုမြဲမြဲ တွဲဆုပ်ပြီး စစ်အာဏာရှင် စနစ်ကို အမြစ်က နှုတ်ပစ်ရမယ့်အချိန် ဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ လုပ်နိုင်ရာ တိုက်ပွဲနည်းလမ်းကို ရွေးချယ်ပြီး ဘုံရန်သူစစ်အစိုးရကို ကိုယ်စီကိုယ်စီ တိုက်ခိုက်ကြဖို့သာ ဖြစ်ပါတယ်။ ။
စိုးနေလင်း
http://www.naytthit.net/?p=13905 Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */