“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 09, 2011

လေ​ယာဉ်​တင်တရုတ်​စစ်သင်္ဘော မြင်​ကွင်း​ထွက်​လာ

BBC News ။ ။ 08-06-2011 (ပေးပို့ သူ-ဗမာ့သွေး)
တရုတ်အစိုးရက သူတို့မှာ လေယာဉ်တင် သင်္ဘော စီမံကိန်း ရှိတယ် ဆိုတာကို ပထမဆုံးအကြိမ်ထုတ်ဖေါ်ဝန်ခံလိုက်တာကြောင့် နိုင်ငံတနိုင်ငံရဲ့အဆင့်အတန်းကို ညွှန်းဆိုပြတဲ့ လက္ခဏာ သင်္က࿿တေ တရပ် ပိုင်ဆိုင်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။

China Carrierတရုတ်နိုင်ငံရဲ့ လေယာဉ်တင် စစ်သင်္ဘောကမ္ဘာပေါ်မှာ လေယာဉ်တင် သဘောင်္တွ ထားရှိ မောင်းနှင်နိုင်တဲ့ နိုင်ငံဆိုလို့ လက်ချိုး ရေတွက်လို့ ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ယူကရိန်း နိုင်ငံကနေ ဝယ်ထားတဲ့ ဆိုဗီယက် လုပ် လေယာဉ်တင် သင်္ဘော တစ်စင်းကို ပြန်ပြင်နေတယ်လို့ ကြားနေရတာ နှစ်နဲ့ချီ ကြာနေပြီး အခုမှ ဒီသတင်း ပြန်ထွက်လာတာ ဖြစ်ပါတယ်။


တရုတ် လေယာဉ်တင် သင်္ဘောကို ဒီနှစ်ကုန်လောက်မှာ ရေပြင်မှာ အစမ်း မောင်းနှင်နိုင်တော့မယ်လို့ ယူဆရပေမယ့် ဒီလေယာဉ်တင် သင်္ဘောကို သင်တန်း လေ့ကျင့်မှုတွေက လွဲလို့ တခြား နေရာတွေမှာ အသုံးပြုနိုင်ဖွယ် မတွေ့ရပါဘူးလို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။အမေရိကန် ရေတပ်နဲ့ နှိုင်းယှဉ် ကြည့်မယ် ဆိုရင် အမေရိကန် ရေတပ်မှာက အပြည့်အဝ လှုပ်ရှားနိုင်တဲ့ လေယာဉ်တင် စစ်သင်္ဘော ၁၁စင်းလောက် ရှိနေပါတယ်။

နောက် အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ အိန္ဒိယ နိုင်ငံကို ကြည့်မယ် ဆိုရင်လည်း အလားတူ ဆိုဗီယက်လုပ် သင်္ဘ࿿ောကြီး တစ်စင်းကို အိန္ဒိယ ရေတပ်အတွက် ပထမဆုံး ပြည်တွင်းထုတ် လေယာဉ်တင် သဘောင်္ကြီး အဖြစ် ပြန်ပြင် ဆောက်လုပ်ဖို့ လုပ်နေပါတယ်။တရုတ်အစိုးရကတော့ သူတို့ ဒီသင်္ဘေကြီး ပိုင်ဆိုင်တာအပေါ် တခြားနိုင်ငံတွေ အနေနဲ့ ဘာမှ စိုးရိမ် ထိတ်လန့်စရာ မလိုဘူးလို့ ပြောနေပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */