“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, June 13, 2011

ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး ပိုမိုခွင့်ပြု

BBC News ။ ။ 12-06-2011
တောင်တရုတ်ပင်လယ်က ရေပိုင်နက် အငြင်း ပွားမှုနေရာကနေ ၂ နိုင်ငံ တင်းမာ မှုတွေ တိုးမြင့်လာနေချိန်မှာပဲ ဗီယက်နမ် အာဏာပိုင်တွေက သူတို့နိုင်ငံမှာ တရုတ် ဆန့်ကျင် ဆန္ဒပြမှုတွေကို ပိုပို ခွင့်ပြုနေ ပါတယ်။

ဟနွိုင်းမြို့ တရုတ်သံရုံး အပြင်ဘက်မှာ လူ ၁၀ဝ ကျော်လောက် စုဝေး ဆန္ဒပြခဲ့ပြီး၊ ဟိုချီမင်းမြို့ မှာ တော့ ဒီထက်ပိုများတဲ့ လူတွေဟာ လမ်းမ ပေါ် ထွက်ပြီး တရုတ်နိုင်ငံကို ဆန့်ကျင် ဆန္ဒပြခဲ့ ကြပါတယ်။

ကွန်မြူနစ်အုပ်ချုပ်ရေးနဲ့ တင်းကျပ်စွာ အုပ်ချုပ်တဲ့ ဗီယက်နမ်က လမ်းမတွေပေါ်က ဆန္ဒပြမှုတွေကို ထိန်းထိန်းသိမ်းသိမ်း ဖြစ်နိုင်ဖို့ လုံခြုံရေးတွေ ထူထူထဲထဲ ချထားတာပါ။

ဆန္ဒပြမှုက ပြီးခဲ့တဲ့သတင်းပတ်ကလည်း ဖြစ်ခဲ့သလို အခု ဆန္ဒပြမှုမှာလည်း လူတွေက ဗီယက်နမ်အလံတွေ လှုပ်ယမ်းကြသလို တချို့ကလည်း တရုတ်ဆန့်ကျင်ရေး ကြွေးကြော် ကြပါတယ်။

မကြာသေးခင်က တရုတ်သင်္ဘာတွေဟာ ဗီယက်နမ်ရေပိုင်နက်အတွင်းက ဗီယက်နမ် ရေနံရှာဖွေရေး သင်္ဘာတွေကို နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်နှောက်ယှဉ်ခဲ့တယ်လို့ ဗီယက်နမ်အစိုးရကလည်း တရုတ်ကို စွပ်စွဲပါတယ်။

ရုတ်ဘက်ကလည်း ဗီယက်နမ်သင်္ဘာတွေက သူတို့ပိုက်နက်ကျုးလွန်တာလို့ ပြန်လည် ချေပခဲ့ပါတယ်။ နောက်ပြီး အခုလို့ နယ်မြေအငြင်းပွားမှုမှာ လူထုလှုပ်ရှားမှုတွေ ပေါ်မလာအောင် ဗီယက်နမ်အစိုးရက ကြိုးစား ထိန်းသိမ်းသင့်တယ်လို့ တရုတ်ဘက်က ပြောပါတယ်။

ဒီနေ့ ဆန္ဒပြတာကလည်း ဗီယက်နမ်အစိုးရဘက်က လက်နက်ကျည်ဆံအစစ်နဲ့ လေ့ကျင့်မယ့် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု မတိုင်ခင် တစ်ရက်အလိုမှာ ဖြစ်နေပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကိုလည်း တရုတ်ဘက်က ကန့်ကွက်လာနိုင်သလို တင်းမာမှုတွေက ပိုပြီး တောင် မြင့်လာနိုင်ပါတယ်။ တစ်ဘက်မှာလည်း ဗီယက်နမ်အစိုးရ အတွက် စိုးရိမ်စရာ ကတော့ ဒီလို လူထုကို ဆန္ဒပြခွင့်ပေးလိုက်တဲ့ အတွက် လူထုအပေါ် ကျပ်ကျပ်မတ်မတ် အုပ်ချုပ်နိုင်မှု လျော့သွားမှာကို ပိုပြီးတော့တောင် စိုးရိမ်နိုင်ပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */