“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 09, 2011

ကျွဲပါးစောင်းတီး ဘယ်သူပြောပြော ရမည်မဟုတ် (တစ်ခန်းရပ်ပြဇတ်)

Rozoner King opslog noget i Big Brothers & Sisters.[By Ko Baloi]
အခန်းနားအပြင်ဆင်။ ။တမလွန်ရောက် ဗိုလ်ချုပ်ကြီးနေဝင်း-စိန်လွင်-စောမောင်နှင့်
(မဆလ)ပါးကွက်သားများနှင့် ငရဲမင်းနဲ့ ငရဲသားများ။
တစ်ဘဝစံ-ဦးနေဝင်းမှာ ငရဲပြည်ရောက်နေတာကြာမြေ့နေပြီးဖြစ်သော်လည်း သူ့အား
ငရဲသားများက ကြီးလေးတဲ့အပြစ်ဒဏ်အမိန့်ချစီရင်ထား၍ သူနဘေးနားကငရဲအိုးတွေမှာ
ဘယ်သူဘယ်ဝါရောက်ရှိနေသည်ကို သတိမပြုမိ၊ ဒီကနေ့မှ ငရဲအိုးအပူရှိန်အနည်းငယ်
လျှော့သွား၍ နဘေးပတ်လည်ရှိ ငရဲအိုးများကိုကြည့်လိုက်သည့်အခါ စိန်လွင်၊ စောမောင်နဲ့
(မဆလ)ခေတ်-နောက်လိုက်တပြည့်များကို တအံ့တသြနဲ့ တွေ့ရှိသွားသည်။
ဦးနေဝင်း ။ ။ ဟာ...ဟေ့ကောင် စိန်လွင် ငါသည်မှာငါသည်မှာဟု ထပ်ခါတလဲလဲအော်ခေါ်
နေသည်။
ငရဲသား ။ ။ ဟေ့ကောင်နေဝင်း မင်းဘာဖြစ်လို့အသံပြဲကြီးနဲ့ ဇွတ်အော်နေတာလည်း မင်း
အော်သံကြောင့် ငရဲမင်းတွေစည်းစိမ်ပျက်နေဦးမယ်။
ဦးနေဝင်း ။ ။ ဦးနေဝင်းက တုန်တုန်ရီရီဖြင့် ငရဲသားရဲ့မျက်နှာကို မဝံ့မရဲကြည့်ကာ ဒါဆို-
ကျနော်မျိုးကို ငရဲအိုး နံပါတ် ၂ က-မျက်မှန်တပ်ထားတဲ့ ခေါင်းဖြူ စိန်လွင်ကို
တချက်လောက်ခေါ်ပေးပါလား...ခင်ဗျား။
ငရဲသား ။ ။ အေ...အေ ၁၅ မိနစ်တော့စကားပြောခွင့်ပြုမယ်၊ အသံအကျယ်ကြီးနဲ့ အော်
အော်ကြီးဟစ်ကျယ်မပြောကြနဲ့...ကြားလား။ ငရဲမင်းကြီးကြားသွားလို့ ငရဲ
စည်းစိမ်ပျက်မှုနဲ့ နောက်တမှုထပ်တိုးပြီး မီးပြင်းထပ်တိုက်ခိုင်းနေဦးမယ်။
ဦးနေဝင်း ။ ။ ကဗြာကရာဖြင့် လက်အုပ်လေးချီကာ ဟုတ်ကဲ့-ဟုတ်ကဲ့ အကျယ်ကြီးမပြော
ဘူးလို့ ဂတိပေးပါတယ်။
ငရဲသား ။ ။ ဟေ့ကောင်...နေဝင်း ဂတိတွေ-သစ္စာတွေလုပ်မနေနဲ့ ဒါ-လူ့ပြည်မဟုတ်ဘူး၊
ဆူဆူညံညံလုပ်ရင်တော့ မီးပြင်းတိုက်ခံရမှာပဲ...ကြားလား။
ဦးနေဝင်း ။ ။ ဟုတ်....ဟုတ်....ဟုတ် ဟုပြောပြီး တအောင့်ကြာသော်...။
ငရဲသား ။ ။ ကဲ...ပြောလို့ရပြီး ၁၅ မိနစ်ထက်မပိုစေနဲ့...။
ဦးနေဝင်း ။ ။ ဟေ့ကောင်...စိန်လွင် မင်းဘယ်တုန်းက ဒီကိုရောက်လဲ...ငါ့-ငရဲအိုး နံပါတ် ၁-
က ပူလွန်းတော့ နဘေးနားကငရဲအိုးတွေမှာ ဘယ်သူတွေရောက်နေလဲဆိုတာ
မကြည့်အားဘူးဖြစ်နေတယ်ဟု စကားစလိုက်သည်။
စိန်လွင် ။ ။ မျက်မှန်ထူကြီးကိုပင့်တင်ပြီး...ရှေ့ဆင့်နောက်ဆင့်ရောက်တယ်လို့ထင်တာပဲ၊
ကျနော်ကတော့ ဆရာကြီးနေဝင်းကိုတွေ့တာကြာပြီး။
ဦးနေဝင်း ။ ။ ဟေ...ဟုတ်လား ဒါဆို-မင်းကဘာလို့ ငါ့ကိုလှမ်းမခေါ်တာလဲ..။
စိန်လွင် ။ ။ လူ့ပြည်မှာတုန်းကလည်း လူပေါင်းမှားပြီးပြီးဆိုတော့...ငရဲပြည်မှာ လူမှားမပေါင်း
ချင်တော့လို့ပါဟု အစာမကြေတဲ့လေသံနဲ့ ဦးနေဝင်းကိုလှမ်းပြောလိုက်သည်။
ဦးနေဝင်း ။ ။ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားကာ...ဒါတွေထားလိုက်ပါဦး..ဒါနဲ့-
စောမောင်နဲ့ ကျန်တဲ့လူတွေရဲ့ အခြေနေကဘယ်လိုလည်း၊ ငရဲမင်းကအမိန့်ဘယ်
လိုချထားတာလဲ...င့ါကိုတော့ လူ့ပြည်ပြန်မပို့တော့ဘူးလို့ အမိန့်ချထားတယ်၊ အယူ
ခံတော့ဝင်ခိုင်းတာပဲ...ငါ့အထင် အယူခံဝင်လည်း မထူးပါဘူးကွာ၊ အမိန့်ချတုန်းက
ငါ့-အပြစ်ကို ဘယ်လိုမှ ခွင့်လွှတ်လို့မရတဲ့အပြင် လျှော့ပေါ့လို့လည်းမရဘူးလို့ ငရဲ
မင်းကြီးကပြောတာပဲ..။
စိန်လွင် ။ ။ ဟိုဘကက် ငရဲအိုးနံပါတ် ၃ မှာစောမောင်ရှိတယ်၊ ဗိုလ်ချုပ်ကြီးရဲ့ ဘေးပတ်လည်က
ငရဲအိုး ၂ ကနေ တစ်ဆယ်ထိဟာ...ဗိုလ်ချုပ်ကြီးနဲ့ ပတ်သက်ခဲ့တဲ့လူတွေကြီးပဲ...
တချို့ကိုတော့ အမိန့်ချထားတယ်...တချို့က အမိန့်မချရသေးဘူး...တချို့က အယူ
ခံဝင်နေတုန်းပဲ အခြေနေက သိပ်တော့အထူးပါဘူး...အတူတူနဲ့ အနူနူကြီးပဲ...လေ။
ဦနေဝင်း ။ ။ မယုံကြည်တဲ့လေသံနဲ့ ဟေ....ဟုတ်လား၊ ဒါဆို- လူ့ပြည်မှာ ကျန်ရှိနေသေးတဲ့
သန်းရွှေတို့ သိန်စိန်တို့ သူတို့ရဲ့ နောက်လိုက်တွေကို...ငါတို့ရဲ့ ငရဲပြည်က အဖြစ်ဆိုး
တွေကို ငရဲမင်းကြီးကတဆင့် သံကြိုးရိုက်ခိုင်းပြီး အကြောင်းကြားခိုင်းရင် မကောင်း
ဘူးလား၊ သူတို့လည်း အမြင်မှန်ရသွားတာပေါ့ကွာ..။
စိန်လွင် ။ ။ မျက်မှန်ထူကြီးကိုချွတ်လိုက်ပြီး...သှူု့-ငရဲအိုးဘေးနားက သူတို့စကားပြောတာကို
နားစွင့်နေကြသည့် စောမောင်နှင့် နောက်လိုက်များအားလုံးက ဦးနေဝင်း-ကို ကြည့်ပြီး
သံပြိုင်-ပြန်ပြောလိုက်တာကတော့....ကျုပ်တို့-ခင်ဗျားတို့တုန်းကလိုပေါ့ဗျာ...အာ
ဏာရစ်မူးနေတော့ ဘယ်သူပြောပြော အကောင်းမထင်- ငါလုပ်တာ ငါအမှန်ထင်
နေတော့...အခုလည်း သန်းရွှေတို့ သိန်းစိန်တို့ အုပ်စုကို ငရဲမင်းမပြောနဲ့ သကြား
မင်းပြောတောင်ရမယ်မထင်ဘူးဟု...ဆိုကာ တစ်ခန်းရပ်ပြဇတ်လိုက်ကာကြီးချ
လိုက်လေသတည်း..။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */