“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 09, 2011

မြန်မာ့ မူးယစ်ဆေးဝါး သိန်း(၁၀၀)ကျော်တန်းဖိုး ရက် (၄၀)အတွင်း ဘင်္ဂလာဖမ်းဆီးရမိ

ဂစ္ဆပသတင်းဌာနဇွန်လ (၈)ရက်၊ ၂၀၁၁။http://gissapa.blogspot.com
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) မြန်မာနိုင်ငံမှ တရားမ၀င် တင်သွင်းသည့် မြန်မာ့မူးယစ်ဆေးဝါးမျိုးစုံ တာကာ သိန်း (၁၀၀)ကျော်တန်ဖိုးအား မေမှ ဇွန်လ (၆)ရက်နေ့၊ စုစုပေါင်း ရက်(၄၀)အတွင်း ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် တာခ်နာမြို့ အခြေစိုက် BGB အမှတ် (၄၂)တပ်ရင်းမှ အရာရှိ ဇော်ဇော် မီယာရ် ဦးဆောင်ပြီး တာခ်နာမြို့နယ် ဇာလီယာကျေးရွာနယ်မြေ အမှတ်(၁) ပုဇွန်ခွင်တခုအား ၀င်ရောက်စစ်ဆေးကြည့်ရာတွင် ပုဇွန်နှင့်အတူ ထည့်ထားသည့် ရေအိုင်အတွင်းမှ မြန်မာလုပ်အရက် ၁၇၀ ပုလင်းအား ဇွန်လ(၇)ရက်နေ့က ဖမ်းဆီးရမိကြောင်း သတင်းထောက်များသို့ ထုတ်ဖေါ်ပြော ဆို လိုက်သည်။


အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ် မီယာရ်မှ ဖမ်းဆီးရမိသည့် မြန်မာ့အရက် ၁၇၀ ပုလင်းတန်ဖိုးမှာ တာကာ နှစ်သိန်းခွဲခန့်တန်ဖိုးရှိသည်ဟု အတည်ပြု ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် dailynewscoxsbazarbani သတင်းစာတွင် ဖေါ်ပြချက်အရ သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တာကာ သိန်း (၁၀၀)ကျော်တန်ဖိုးအနက် သိန်း(၉၀)မှာ မေလအတွင်းက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းနှင့် မြန်မာ့မူးယစ်ဆေးဝါးမျိုးစုံ တာကာသိန်း(၉၀)တန်ဖိုးအား တာခ်နာမြို့ အခြေစိုက် အမှတ်(၄၂)BGB တပ်ရင်းမှ တာခ်နာမြို့နယ်အတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောပြချက်အရ သိရှိရသည်။


တာခ်နာမြို့ အခြေစိုက် အမှတ် (၄၂)BGB တပ်ရင်း တရင်းတည်းမှ မေလမှ ဇွန်(၆)ရက်နေ့အထိ ဖမ်းဆီးရမိသည့် စုစုပေါင်း မြန်မာ့ မူးယစ်ဆေးဝါးများမှာ ရာဘားမြင်းဆေး ၁၇၆၈၉ လုံး၊ ဂင်ဇာ ၈ ကေဇီ ၈၀၀ ဂရမ်၊ အရက်မျိုးစုံ ၁၁၈၇ လုံး၊ ၂၈၉၅ ကာတွန့် ဘီယာနှင့် ဒေသထုတ်အရက် ၃၄၈ လီတာ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။ တခြား BGB တပ်ဖွဲ့များမှာလည်း မြန်မာ့ မူးယစ်ဆေးဝါးများကို အပုံလိုက် ဖမ်းဆီးရရှိမှုများ အများအပြားရှိနေသေးကြောင်း ဒေသထုတ် သတင်းစာများအရ သိရှိရသည်။


အဆိုပါ မေလအတွင်းက ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါးများကို ယခုလပထမအပတ်က BGB(၄၂)တပ်ရင်းအတွင်း သက်ဆိုင်ရာ ဒေသအတွင်း တာဝန်ရှိသူများကို ဖိတ်ခေါ်ပြီး ခင်းကျင်းပြသခဲ့သည်။


မောင်တောမြို့ စစ်တပ်သတင်းရပ်ကွက်မှ မြန်မာလုပ် အရက်များနှင့် ရာဘားမြင်းဆေးများ ဘင်္ဂလာသို့ တရားမ၀င် တင်ပို့ရန် အမြောက် အများ အတုထုတ်လုပ်မှုများမှာ မောင်တောမြို့နယ်အတွင်း တည်ရှိကြောင်းဆိုသည်။ အဆိုပါ ထုတ်လုပ်မှုနှင့် တင်ပို့မှုများကို မောင်တောမြို့ အာဏာပိုင်က မူးဆေးဝါးများ ထုတ်လုပ်သူများမှ ငွေစားပြီး လျှို့ဝှက်စွာ ခွင့်ပြုထားကြောင်း သိရှိရသည်။


မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောနှင့် မျက်နှာချင်းဆိုင် တည်ရှိလျှက်ရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့နယ် နှစ်ဘက်နယ်စပ်သတင်းများက နယ်စပ်တရားမ၀င် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများတွင် မြန်မာ့စစ်အုပ်စု အရာရှိကြီးများ ပူးပေါင်းပါဝင်လျှက်ရှိနေကြောင်း ဆိုသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */