“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, September 01, 2010

တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လာလှုပ်လျှင်မျိုးပြုတ်မည်

ဗိုလ်ချုပ်မှူးကြီး ဘာရာထူးမှ မစွန့်ပါ ဆလိုင်း ဟံသာစန်း | အင်္ဂါနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၂၄ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်တပ်မှ အနားယူလိုက်ပြီဟု သတင်းထွက်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ နအဖ ကောင်စီ ဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်မှူးကြီး ရာထူးများဖြင့် ပူးတွဲ ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာ့အလင်း ရှေ့မျက်နှာဖုံးတွင် ပုံမှန် ဖော်ပြလေ့ ရှိသည့်အတိုင်း (၅၃) နှစ်မြောက် မလေးရှားနိုင်ငံ လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ မလေးဘုရင်ထံ ပေးပို့ရာ၌ ပါရှိသည်။

ယခုလ ၂၇ ရက်က မြန်မာစစ်တပ် ထိပ်တန်းရာထူး အပြောင်းအလဲများအနက် အဓိက အကျဆုံး နေရာ ၂ ခုဖြစ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို တို့ကို ခန့်အပ်ခဲ့ကြောင်း ပြည်ပ သတင်းမီဒီယာ အချို့တွင် ဖော်ပြခဲ့သည်။ သို့သော် မြန်မာအစိုးရက ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

“ဗိုလ်သန်းရွှေဟာ စစ်တပ်ရဲ့ အကြီးအကဲလည်း ဖြစ်တယ်။ နိုင်ငံ့ဦးသျှောင်လည်း ဖြစ်တယ်။ နအဖရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ အဲဒီတော့ စစ်တပ်ထဲမှာ ဗိုလ်ချုပ်မှူးကြီးရာထူး ယူထားပေမယ့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို အောက်က လူကို ပေးလိုက်လို့ ရတယ်။ ပြဿနာ ဘာမှ မရှိဘူး” ဟု ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသူ ကိုအောင်နိုင်ဦးက ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ခန့်အပ်သည့်သတင်း မှန်ကန်ပါက ရွေးကောက်ပွဲအပြီး ပေါ်ပေါက်မည့် အစိုးရသစ်အတွက် ကြိုတင်ရည်စူးခြင်းသာ ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက ဗိုလ်ချုပ်မှူးကြီး အနေနှင့် လောလောဆယ် တပ်မတော်က အနားယူရန် မဖြစ်နိုင်သေးဘဲ ရွေးကောက်ပွဲပြီး၍ နောက်အစိုးရသစ် တက်လာသည့် အခါမှသာ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

“ဗိုလ်သန်းရွှေဟာ လောလောဆယ်မှာ စစ်တပ်ကတော့ ထွက်ဖို့ မရှိသေးဘူး။ … နောက်အစိုးရ တက်လာပြီးတော့ ပထမဦးဆုံး အမျိုးသား လွှတ်တော်ခေါ်တဲ့ အချိန်ကျတော့ တပ်မတော်ရဲ့ အုပ်ချုပ်မှု လွတ်သွားပြီပေါ့။ အဲဒီအချိန်ကျမှပဲ တပ်က ထွက်ပြီး စစ်ကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် နောက်မှာနေချင်လည်း နေမယ်။ သူကိုယ်တိုင် သမ္မတလည်း လုပ်ချင်လုပ်မယ်” ဟု ဦးအောင်ကျော်ဇောက ဆက်ပြောသည်။

၂ဝဝ၈ ခု မေလက အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အရပ်ရပ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း စုစုပေါင်း ၃၈၆ ဦးကို ရွေးချယ်ခန့်အပ်မည် ဖြစ်သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်အတူ ဝန်ကြီး ၂၂ ဦးက ယခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် စစ်ဘက် ရာထူးများမှ နုတ်ထွက်ခဲ့ကြပြီး စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့အစည်း တခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်း ဦးဆောင်ခဲ့သည်။

အရပ်ဝတ်လဲ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ဦးဆောင်သော ကြံ့ဖွတ်ပါတီသည် နိုဝင်ဘာရွေးကောက်ပွဲတွင် တနိုင်ငံလုံးရှိ လွှတ်တော် ၃ ရပ် မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ် ၁,ဝဝဝ ထက်မနည်း ဝင်ပြိုင်မည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးများ၏ စစ်ဘက်ရာထူးများ စွန့်လွှတ်မှုအပြီး ၄ လအကြာတွင် စစ်ဘက်ထိပ်တန်း ရာထူး အပြောင်းအလဲ သတင်းများ ပေါ်ထွက်လာသည်။

စစ်ဘက်ရာထူး စွန့်လွှတ်ခဲ့ပါက ဗိုလ်ချုပ်မှူးကြီးသည် ရွေးကောက်ပွဲ နောက်ပိုင်း သမ္မတရာထူးရယူကာ အာဏာ ဆက်လက် ဆုပ်ကိုင်သွားမည်ဟု ကိုအောင်နိုင်ဦးက ဆိုသည်။

“ဒီပုံအတိုင်းဆိုရင် ရွေးကောက်ပွဲ ပြီးသွားရင် သမ္မတနေရာ ဝင်ယူလာနိုင်ပါတယ်။ စစချင်းမှာ သွားပြီးတော့ သမ္မတ မယူဘူးဆိုရင် စစ်တပ်ကို ကိုင်တာက သမ္မတက ကိုင်ရမှာကိုး။ သူက ချက်ချင်းကြီးကို ဘာမှ မလုပ်တော့ဘဲနဲ့ ထွက်လိုက်တာတော့ မဖြစ်ဖို့ များတယ်။ သူက သမ္မတရာထူးကို အနည်းဆုံး ပါလီမန် သက်တမ်းတခုလောက်တော့ ကိုင်ထားဦးမှာပဲ” ဟု သူက ပြောသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် သမ္မတ မရွေးချယ်ရသေးခင် အချိန်အထိ နအဖကောင်စီ ခေါင်းဆောင်နှင့် နိုင်ငံအကြီးအကဲ ရာထူးကို ဆက်လက် ရယူထားလိမ့်မည်ဟု မြန်မာ့နိုင်ငံရေး အကဲခတ်များက ခန့်မှန်းကြသည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */