“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, January 01, 2010

FREE ဒါမှမဟုတ် "လွှတ်" (လူထူလှုပ်ရှားမှု ဖော်ဆောင်ရေးနှင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး အင်အားစု - ဗမာပြည်။)

ဒီဇင်ဘာ (၃၁) ရက်နေ့  ၂၀၀၉ New Year အကြို ညက မန္တလေးမြို့ပေါ် နေရာ အနှံ့အပြားမှာ “FREE 2010” ဆိုတဲ့ စာများ ရိုက်နှိပ်ထားတဲ့ ၅ ကျပ်တန်၊ ၁၀ တန်၊ ၂၀ တန်၊ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် များ ကြဲဖြန့်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

“FREE 2010” စာတန်းပါ ပိုက်ဆံတွေကို မန္တလေးမြို့ပေါ် ၂၇ လမ်း၊ ၂၈ လမ်း၊ ၇၈ လမ်း၊ ၈၆ လမ်း၊ ၈၉ လမ်း၊ ၇၃ လမ်း ၃၅ လမ်း၊ ၆၈ လမ်း အစသဖြင့် လူစု လူဝေးရှိသည့် နေရာများမှာတွင် Happy New Year အော်ဟစ်တဲ့ အချိန်၌ ကြဲချခဲ့ကြပါတယ်။ လူအုပ်ထဲ ကြဲချခြင်းကြောင့် လူအတော် များများတော့ သတိထား ဖြစ်ခဲ့ကြပါတယ်။ အတော်များများမှလည်း ကောက်ယူ သိမ်းဆည်းကြပါတယ်။

မန္တလေး ကျုံးနဘေးမှာတော့ ထောက်လှမ်းရေး၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်များက အပြည့်နေရာယူ စောင့်ကြည့် နေကြပါတယ်။

ဒီ FREE (လွှတ်) လှုပ်ရှားမှုကို လဖစတ (လူထူ လှုပ်ရှားမှု ဖော်ဆောင်ရေးနှင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး အင်အားစု - ဗမာပြည်) က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

"လဖစတ" အဖွဲ့ဝင် တစ်ဦး ပြောပြတာကတော့ "ကျွန်တော်တို့ အနေနဲ့ ၂၀၁၀ ဆိုတဲ့ ဗမာပြည် နိုင်ငံရေး လှုပ်ရှားမှု ကာလကြီး ရောက်တော့မှာ ဖြစ်တဲ့ အတွက် အကြို အနေနဲ့ ဒီလို FREE လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။ စစ်အဆိုးရ အနေနဲ့ ဘယ်လိုပဲ မျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးမယ် ပြောပြော ယုံကြည်ချက် တစ်ခုနဲ့ အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေး မှတော့ စစ်အာဏာရှင်တွေဟာ အပြောနဲ့ အလုပ် မညီဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုတဲ့အနေနဲ့ ဒီလို FREE သို့မဟုတ် "လွှတ်" လှုပ်ရှားမှုကို ပြုလုပ်ရခြင်း ဖြစ်တယ်။

ကျွန်တော်တို့ အနေနဲ့ ဗမာပြည်သူ လူထုကြီးကို တိုက်တွန်းချင်တာက FREE ဒါမှမဟုတ် "လွှတ်" ဆိုတဲ့ စာသားတွေ တစ်နိုင်ငံလုံး နေရာအနှံ့ ကိုယ့်ဘာသာ လိုက်ရေး ကြစေချင်တယ်။ ဘောပင်လေးနဲ့ပဲ ဖြစ်ဖြစ်၊ ဆော့ပင်န်လေးနဲ့ပဲ ဖြစ်ဖြစ်၊ သင်္ဘောဆေး/မှုတ်ဆေးနဲ့ပဲ ဖြစ်ဖြစ် ဒီနေ့ နယူးရီးယား ၂၀၁၀ နှစ်သစ် ပထမဆုံးနေ့ကစပြီး ကိုယ်တတ်နိုင်သလောက် ဗမာပြည်နေရာအနှံ့ လိုက်ရေးကြဖို့ နှိုးဆော် ပါတယ်။ ကျွန်တော်တို့လို ပိုက်ဆံ ဒါမှမဟုတ် စက္ကူစများပေါ်မှာလည်း FREE လို့ရေးပြီးလည်း ဖြန့်ဝေ နိုင်ကြပါတယ်။"

FREE သို့မဟုတ် "လွှတ်" များ ရေးသား ဖြန့်ဝေ ကြခြင်းဖြင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုကြပါစို့ ။

လူထူလှုပ်ရှားမှု ဖော်ဆောင်ရေးနှင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး အင်အားစု - ဗမာပြည်။
(Activists for Abolishing the Military Dictatorship - Burma Myanmar)။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */