သတင်းထုတ်ပြန်ချက်
၁ ဇန္န၀ါရီလ ၂၀၁၀
အားလုံးသောမိတ်ဆွေများခင်ဗျား-
နှစ်သစ်တခုထဲသို့ ချဉ်းနင်းဝင်ရောက်လာချိန်တွင် မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားစုစုပေါင်း (၂၁၇၃)ယောက် ဆက်လက်ရှိနေဆဲဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)အနေဖြင့်-
မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ ဆောင်ရွက်ခဲ့ကြသောကြောင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည့်နိုင်ငံရေး အကျဉ်းသားများအားလေးစားစွာဖြင့် အသိအမှတ် ပြုပါသည်။ နိုင်ငံအကျဉ်းသားများထဲမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသူ လူပုဂ္ဂိုလ် (၄၀) ဦးကို ကျွန်တော်တို့၏ အင်တာနက်စာမျက်နှာ www.aappb.org တွင်ဖေါ်ပြထားပါသည်။
သူတို့နှင့်အတူ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့အတွက် အရာရာကိုစွန့်လွတ်အနစ်နာခံ ဆောင်ရွက်ခဲ့ကြသော နိုင်ငံရေးအကျဉ်းသား အားလုံး ယခုရောက်ရှိလာသော(၂၀၁၀) ခုနှစ်အတွင်း အမြန်ဆုံးပြန်လည်လွတ်မြောက်လာကြစေရန် ကျွန်တော်တို့နှင့် ကမ္ဘာ့မိသားစု အားလုံးက ဆန္ဒပြု မျော်လင့် လျှက်ရှိကြပါသည်။
နှစ်ရှည်အကျဉ်းကျခံ လူပုဂ္ဂိုလ် (၄၀) ဦး နှင့်အတူ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လည် လွတ်မြောက်လာကြစေရန် လူတိုင်းလူတိုင်းက ဆန္ဒပြုဆုတောင်းခြင်းဖြင့်လည်းကောင်း၊ မြန်မာ့ စစ်အာဏာရှင်ကို ၀ိုင်းဝန်းဖိအားပေးကြခြင်းဖြင့်လည်းကောင်း အားလုံးစုပေါင်းပါဝင်ဆောင်ရွက်ကြရန် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)မှ တိုက်တွန်းနှိုးဆော် လိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)
ဆက်သွယ်ရန် ----- ကိုတိတ်နိုင် (အတွင်းရေမှုး) +၆၆ (၀)၈၁ ၂ ၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဘက် အတွင်းရေးမှုး) +၆၆ (၀)၈၁ ၃၂၄ ၈၉၃၅
Monday, January 04, 2010
နှစ်ရှည်ကျ နိုင်ငံရေးအကျဉ်းသားများ..ရှိနေဆဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment