“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, January 13, 2010

ယုံချင်ယုံ..မယုံချင်နေ..အားလုံးကောင်းပါသည်တဲ့ခင်ဗျား..

Summary

အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်ပြီးကြောင်း စစ်အစိုးရပြော
စိုးမိုး / ၁၂ ဇန်န၀ါရီ ၂၀၁၀


မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၀န်ကြီး ဦးသောင်းက ပြောကြားလိုက်သည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲများ မစတင်နိုင်သေးဘဲ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြား စောင့်အရေး ဆွေးနွေးမှုများ အပြီးမသတ်သေးသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေ သည့် စစ်အစိုးရက ယမန်နေ့က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အကြောင်းအမျိုးမျိုးကြောင့် ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများ ကာလတွင် မရရှိခဲ့သော အမျိုးသားပြန်လည်စည်းလုံး ညီညွတ် ရေးကို တည်ဆောက်ရယူနိုင်ခဲ့” ဟု စစ်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးသောင်းက ယမန်နေ့က ပြုလုပ်သည့် တက္ကသိုလ် ကောလိပ်များ အထူး မွမ်းမံ သင်တန်းဖွင့်ပွဲတွင် စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ကိုယ်စား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းပြောဆိုချက်နှင့်ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များကမူ နအဖစစ်အစိုးရသည် နိုင်ငံတွင်း အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး ကို မတည်ဆောက်နိုင်သေးကြောင်း ထောက်ပြပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသားအဖွဲ့များက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ မစ တင်နိုင်ခြင်း၊ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်း၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဆင်နိုင်ခြင်း၊ တိုင်းရင်း သား နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့မှာ ထင်ရှားသည့်အချက်များ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက “ခေတ်အဆက်ဆက်ကတည်းက သူတို့က အဲလိုကြီးကို စကားတခွန်းကို လွယ်လွယ်နဲ့ သူတို့ ဖြစ်ချင်တာတွေ၊ သူတို့ လုပ်ချင်တာတွေကို စိတ်ကူးယဉ်ပြီး ပြောတတ်တယ်။ ပြောရ မယ်ဆိုရင် စိတ်ဓာတ်ရေးရာအရ စိတ်ပိုင်းဆိုင်ရာအရ အက်ဘ်နော်မယ်တွေ ဖြစ်နေလို့ ပြောတာ။ စိတ်နေစိတ်ထား ပုံမှန်ဆိုရင်၊ အက်ဘ် နော်မယ် မရှိဘူးဆိုရင် ဒီလို စကားမျိုး ဘာမှပြောစရာ အကြောင်းမရှိဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိအားပေးပြီး အပစ်ရပ်အဖွဲ့များအဖြစ် ပြုလုပ်စေခဲ့ပြီးနောက်ပိုင်း နယ်ခြား စောင့်တပ်အဖြစ် အတင်းအကျပ် ပြောင်းလဲစေခဲ့ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးမဟုတ်ဘဲ အာဏာသုံး ဖိနှိပ်ချုပ်ချယ်ခြင်း သာဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။

“တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေ နိုင်ငံရေးစကားပြောဖို့ သဘောတူထားတယ်။ နောက်ဆုံး နိုင်ငံရေး စကားပြောဖို့ တောင်းဆိုတဲ့အခါ၊ အမျိုးသားညီလာခံမှာ တိုင်းရင်းသားအပစ်ရပ် (၁၃) ဖွဲ့က တောင်းဆိုတဲ့အခါမှာ တပ်မတော်က နိုင်ငံဦးဆောင်အခန်းကဏ္ဍကို ယူထား တယ်။ ခင်ဗျားတို့ မကျေနပ်ရင် ပြန်တိုက်လို့ ပြောခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလုပ်တာ မဟုတ်ဘူး။ အာဏာသုံး ဖိနှိပ်တာ” ဟု ကယန်းအမျိုးသား စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်ထောင် စု တိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဥက္ကဋ္ဌ ခွန်မားရ်ကိုဘန်းက ပြောသည်။

စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို အာဏာ လွှဲပြောင်းမပေးဘဲ နှစ် ပေါင်း (၂၀) ကျော် အုပ်ချုပ်နေသည့် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲမှု ပြုလုပ်ခဲ့ပြီး ယခုနောက်ပိုင်း ယင်းအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဆွေးနွေးနေဆဲကာလဖြစ်သည်။

ယမန်နှစ်က အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ကိုးကန့်အဖွဲ့ကို တိုက်ခိုက်ခဲ့ပြီး ကေအန်ယူနှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေဆဲဖြစ်သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */