“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, January 10, 2010

ရှိတာ အကုန်..နအဖ လက်ချည်း

ဇောတိကသဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာသန်း (၁ဝဝဝ)ကျော် တန်ဖိုးရှိသည့် နားလည်မှုစာချွန်လွှာချုပ်ဆိုပြီးဝယ်ယူမည်ဟုဆို
နိုင်ပွန်းဟန်

ဇန်နဝါရီ ၉ ၊၂၀၁၀။

နိုင်ပွန်းဟန်(ဇန်နဝါရီ- ၉)။ ။ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ဇောတိကသဘာဝဓာတ်ငွေ့များကို ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ သန်း (၁ဝဝဝ) ကျော် တန်ဖိုးရှိသော နားလည်မှုစာချွန်လွှာချုပ်ဆိုကာ မြန်မာနိုင်ငံ ဇောတိက သဘာဝဓာတ်ငွေ့တွင်းမှ သဘာဝဓာတ်ငွေ့များ ထိုင်းမှဝယ်ယူမည်ဖြစ်ကြောင်း ထိုင်းသတင်းစာမှ ဖော်ပြချက်များ အရ သိရသည်။

ထိုင်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ဖြည့်တင်းရေး တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံဇောတိက သဘာဝဓာတ်ငွေ့ တွင်းမှ သဘာဝဓာတ်ငွေ့ဝယ်ယူရန်အတွက် (မြန်မာနိုင်ငံနှင့်) နားလည်မှုစာချွန်လွှာ ရေးထိုးရန် ခွင့်ပြုချက်ကို ထိုင်းနိုင်ငံ၏ အဓိကရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ PTT Group ရရှိခဲ့ပြီဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်ကို ကိုးကား၍ မြန်မာနိုင်ငံထုတ် Weekly Eleven ဂျာနယ်မှာလည်း ရေးသားဖေါ်ပြခဲ့ပါသည်။

ယင်းနားလည်မှုစာချွန်လွှာ၏ တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိကြောင်း ထိုင်းနိုင်ငံစွမ်းအင် ဝန်ကြီး Wannarat Charnnukul ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ဇောတိကသဘာဝဓာတ်ငွေ့တွင်းမှ သဘာဝဓာတ်ငွေ့တစ်နေ့လျှင် ကုဗပေသန်း ၃ဝဝ ထုတ်လုပ်နိုင်ကြောင်းနှင့် ယင်းတစ်နေ့ထုတ်လုပ်နိုင်မှုမှ ကုဗပေသန်း ၂၄ဝ ကို ထိုင်းနိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး ကျန်ကုဗပေသန်း ၆ဝ လောက် ကိုသာ မြန်မာနိုင်ငံတွင်သုံးစွဲသွားမည်ဟု ဖော်ပြထားသည်။ ၄င်းဇောတိက သဘာဝဓာတ်ငွေ့အား ထိုင်းနိုင်ငံကို ရောင်းမည့်ကိစ္စနှင့်ပတ်သက်၍ ( ERI )စီမံကိန်းဆိုင်ရာတာဝန်ခံ ကိုနိုင်ထူးက သူ့ရဲ့သဘောထားကို အခုလိုပြောပါ သည်။

“ ဒီသဘာဓါတ်ငွေ့ပိုက်လိုင်းက ပြည်တွင်းအတွက်အသုံးဖြစ်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာ တားမြစ်စရာ ဘာမှမရှိ ပါဘူး။ ပြည်တွင်းမှာမီးလင်းဖို့ ပြည်တွင်းပြည်သူပြည်သားတွေ အကျိုးဖြစ်ထွန်းမယ်ဆိုရင် ကျွန်တော်တို့ဘာမှကန့် ကွက်စရာမလိုဘူးပေါ့နော်။ ဒါပေမယ့်အခြေအနေတစ်ခုထဲမှာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း လုပ်နေတယ်ဆိုရင် ဒေသခံ တွေမထိခိုက်ဖို့နော်။ ဒီသဘာဝဓါတ်ငွေ့တွေက ထိုင်းနိုင်ငံကိုအများကြီးရောင်းပြီး ပြည်တွင်းကိုနည်းနည်းပဲပေးမယ်။ ဒါပေမယ့် ဒီအများကြီးရောင်းတဲ့ငွေတွေက ရတဲ့ငွေတွေက အစိုးရကဘယ်မှာ ပြန်သုံးမယ်။ အစိုးရက ဒီပြည်သူရဲ့ ဘဏ္ဍာငွေထဲပြန်ဝင်ပါ့မလား။ အခုလက်ရှိထုတ်ရောင်းနေတဲ့ဟာတွေကလည်း အဲဒီဘဏ္ဍာငွေတွေကလည်း အစိုးရ ဆီပဲသွားတယ်။ လူနည်းစုဆီမှာပဲသွားတယ်။ ပြီးတော့ပြည်သူပြည်သားတွေလည်း အကျိုးမဖြစ်ထွန်းတဲ့အတွက် ကြောင့် အခုဒီထုတ်လုပ်နေတဲ့ဇောတိက သဘာဝဓါတ်ငွေ့ကလည်း ထုတ်လုပ်ရောင်းမယ်။ ဒါပေမယ့် ဒီအကျိုး အမြတ်တွေကျတော့ ပြည်သူပြည်သားတွေစံစားရပါ့ မလားပေါ့နော်။ ဒါပေမယ့် ပြည်တွင်းအတွက်အကျိုးဖြစ်ထွန်း စေတယ်ဆိုရင် ကျွန်တော်တို့က ကန့်ကွက်စရာမရှိဘူး။ ကန့်ကွက်စရာမရှိသည့်တိုင်းအောင် ဒီစီမံကိန်းလုပ်တယ် ဆိုရင် ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးတွေကို အစိုးရက အသိအမှတ်ပြုရမယ်။ ချိုးဖောက်မှုမရှိစေဖို့ အတွက် ကြိုးစားရှောင်တိမ်း ရမှာပေါ့နော်။ သူတို့အတွက် မဖြစ်စေပဲနဲ့ ပြည်သူပြည်သားတွေအတွက်ဖြစ်စေဖို့ အဲဒါ တွေအစိုးရတွေလုပ်ဖို့ လိုအပ်ပါတယ်။”

ထိုင်းနိုင်ငံသည် လျှပ်စစ်ဓာတ်အားပေးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းများ၌ လျှပ်စစ်ဓာတ်အားသုံးစွဲ မှု မြင့်တက်လာမှုကို ဖြေရှင်းရန်အတွက် ယင်းကဲ့သို့မြန်မာနိုင်ငံမှသဘာဝဓာတ်ငွေ့ကို ဝယ်ယူရန်စီစဉ်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံ၌လည်း ရင်းနှီးမြှုပ်နှံမှု အများအပြား ပြုလုပ်ထားသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၄င်းသဘာဝဓာတ်ငွေ့ကို တခြားသောနိုင်ငံသို့ ထုတ်ရောင်း မှုကြောင့် မြန်မာပြည်သူတွေအတွက် ကောင်းကျိုးစားရမှုရှိ မရှိခဲ့သည့် ဖြစ်စဉ်နှင့်ပက်သက်၍ ၄င်း၏အမြင်ကို ယခုလိုပြောပြခဲ့ပါသည်။

“ ကျွန်တော်တို့မြင်တာက ဒီအရင်းအနှီးမြုပ်နှံမှုအသစ်တွေက ပြည်သူတွေက ဒီစစ်တပ်တို့ရဲ့အနေအထားကိုလည်း သိထားပြီးပြီး သူတို့ဘာပဲလုပ်လုပ် ပြည်သူအကျိုးမဖြစ်ဘူး။ ဆိုတော့ ကျွန်တော်တို့မြင်တာက အခုစီမံကိန်းအသစ် တွေ အဲဒါတွေက လာလုပ်မယ့်ကုမ္ပဏီတွေ လာလုပ်မယ့်သူတွေက အဲဒါတွေသူတို့စဉ်စားသင့်တယ်။ သူတို့လုပ်မယ် ဆိုရင် အဲဒီအနားမှာရှိတဲ့ပြည်သူတွေအတွက် အကျိုးဖြစ်ပါ့မလား။ ဆိုးကျိုးမှုတွေဖြစ်စေမလား။ အဲဒါတွေဆိုးကျိုးမှု တွေက ကောင်းကျိုးထက်ပိုများနေတယ်ဆိုရင် သူတို့မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။

လက်ရှိမြန်မာပြည်မှာ မီးအားတို့ ဒီလျှပ်စစ်အားတွေက လုံးဝလုံလောက်မှုမရှိဘူး။ ပြည်တွင်းအတွက် လုံးဝ လုံလောက်မှုမရှိဘူး။ ပြည်ပကိုပဲထုတ်ရောင်းတယ်။ ပြည်ပကထုတ်ရောင်းပြီးတော့ ရတဲ့ငွေတွေကလည်း ပြည်တွင်း ထဲမှာလည်း ပြန်ပြီးတော့အသုံးမဖြစ်ဘူး။ ကျွန်တော်တို့မြင်သာက ဒါတော့အကျိုးမဖြစ်ဘူးပေါ့နော်။ ပြည်သူပြည် သားတွေအကျိုးမဖြစ်ဘူး။ ဒုက္ခဖြစ်နေတယ်ဆိုရင် သူတို့ဆက်မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။”

ဤသဘာဝဓာတ်ငွေ့မှ ရသောဝင်ငွေနှင့် စစ်အစိုးရတို့ လက်ဝါးကြီးအုပ်ချုပ်ကိုင်နေမှုကြောင့် တိုင်းပြည်ပြုပြင် ပြောင်းလဲရေးအတွက် နောင်ဖြစ်လာမည့်ဆိုးကျိုးတွေကို ကိုနိုင်ထူးက ယခုလို ဆက်ပြောခဲ့ပါတသည်။

“ ဖြစ်လာမယ့်နောက်ဆက်တွဲက ဒီရတဲ့ဝင်ငွေတွေနဲ့စစ်အစိုးရက သူတို့ရဲ့စစ်အာဏာရှင်စနစ်ကြီးကို ဆက်လက် ကိုင်ဆောင်သွားနိုင်မယ်။ ပြီးတော့ပြည်သူပြည်သားတွေကလည်း ရေရှည်မှာဆက်လက် ခံစားနေရမှာပဲ။ ကျွန်တော် တို့မြင်တာက မြန်မာပြည်ပြုပြင် ပြောင်းလဲရေးမှာလည်း တော်တော်လေးကို အခက်အခဲဖြစ်နိုင်တာ ပေါ့နော်။ စစ်အစိုးရက သူတို့ပိုက်ဆံရှိနေသ၍ လက်ဝါးကြီးအုပ်နေသ၍ပေါ့နော် ရလာတဲ့ဓါတ်ငွေ့အတော်တော်များများက စစ်အသုံးစရိတ်ထဲမှာပဲ သူတို့အသုံးချလိုက်တဲ့အချိန်မှာ တိုင်းပြည်တိုးတက်ဖို့ တော်တော်လေးနှောင့် နှေးနေတာ ပေါ့နော်။ ရလာတဲ့ပိုက်ဆံကလည်း စစ်တပ်အတွက် သူတို့အာဏာဆက်လက် တည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတဲ့ အတွက်ကြောင့်ပေါ့နော်။”

မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းကို နိုင်ငံခြားရေနံကုမ္ပဏီ ၁ဝ ခု ကျော်မှ ရှာဖွေတူး ဖော်လျက် ရှိပါသည်။ အဆိုပါကုမ္ပဏီအများစုမှာ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်းနှင့် ရုရှားနိုင်ငံတို့မှဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း ၉ဝဝ ဝန်းကျင်ဖြစ်ကြောင်း သိရသည်။
http://www.kaowao.org/b/2010jan-9b.php

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */