“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, January 04, 2010

“ ၀ါဝါမြင်တိုင်းရွှေမဟုတ်ဘူး သတင်းထောက်မင်းတို့”

ဝါရှန်တန်က RFA နှင့် မဇ္မျိမ မှာ မြန်မာ့အရေးဆွေးနွေးပွဲလုပ်မယ်ဆိုပြီး သတင်းတင်လာတာရယ် သူတို့က ဘယ်သူ့ဘက်တော် သားလည်း ကွဲကွဲပြားပြားမလုပ်ထားဘူး မဇ္မျိမမှာ ဆိုရင် ဘုန်းတော်ဘွဲ့တွေတောင် ထိုင်ရေးပြထားတယ် ရေးတဲ့လူကရော ဒီလူ တွေကိုတာဝန်ယူသလား သူတာဝန်ယူရင်ရော လုံလောက်သွားမလား နစ်နာစရာတွေ ဖြစ်လာတဲ့အခါ ဆွေးနွေးပွဲလုပ်သူက သိန်းတင်အောင်၊ ဖြိုးမင်းသိန်း၊ အေးလွင်၊တင်မောင်အေး သူတို့က ၈၈ တန်ပြန်သမား နအဖအလိုတော်ရိ အေးလွင် နှင့် UPD ကျော်မိုး နှင့်ဆက်နွယ်နေတယ်
မြန်မာနိုင်ငံမှာ စစ်အစိုးရက ဘယ်မှာ ဒီမိုကရေစီအင်အားစုကို လမ်းဖွင့်ပေးဘူးလဲ နောက်ဆုံး နာရေးတောင် လွယ်လွယ်နှင့် ခွင့်ပြုသလား ပြန်စဉ်းစားပါ နအဖ သဘောထား ပေါ့ပြောင်းလာသလို မြင်ရင်အောင် လုပ်ပြနေတာ ရိုးမှရိုးရဲ့လား ဝေးဝေး မစဉ်းစားနှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်တာ ကန့်ကွက်တဲ့ ဦးအောင်ဆန်းဦး အမေရိကန်နိုင်ငံသား တဦးအနေနှင့် နှုက်နှင့်တားဆီးကန့်ကွက်တာကို မြန်မာနိုင်ငံတရားရုံးက လက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်ရေးကို ရပ်ဆိုင်း လိုက်တာက နအဖ ရဲ့ အမုန်းကြီးတဲ့ စိတ်ဓါတ်သဘောထားကို လောလောဆယ်ပြထားတာ ကို ဘယ်လိုလုပ်ပြီး မြန်မာနိုင်ငံရေး ဆွေးနွေးပွဲဆိုတာက ဘွားကနဲ ပေါ်လာပြီး နအဖကလည်း ရေငုံနှုက်ပိတ် သဘောထားကြီးနေပြနိုင်တာလည်း စဉ်းစားစရာပါဘဲ။

တဆက်မှာလည်း ၈၈ တန်ပြန်အုပ်စု အေးလွင်ရဲ့ လက်ဝေခံတွေပါဝင် ပါတ်သက်နေတာရယ် တအုပ်စုလုံးကလည်း နအဖ လက် ဝေခံတွေ ဖြစ်နေတာကို သိပါရက်နှင့် ဘာလို့များ ပြည်ပက သတင်းဌာနတွေက အင်တာဗျုးတွေလုပ်ကြ သတင်းတွေတင်ကြ လည်း မသိပါဘူး မသိနားမလည်တဲ့ လေဒီယိုနားထောင်သူတွေ နယ်ဝေးက တောထဲတောင်ထဲက လူတွေက တကယ်အဟုတ် ထင်ပြီး ၈၈ကျောင်းသားတွေ နအဖ အခြေခံဥပဒေကို လက်ခံတယ် ရွေးကောက်ပွဲကို ၀င်ဖို့ပြင်ဆင်နေကြပြီလို့ မှတ်သွားရင် မခက်ပေဘူးလား။

နအဖ ကြိမ်းထားတာလည်း မမေ့နှင့်အုန်း မီဒီယာကို မီဒီယာနှင့်တိုက်မယ်ဆိုတောလေ တော်ကြာ တိုက်တောင်မတိုက်ဘဲ ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခံရအုန်းမယ် ပြောတာပြောရတယ် ကြော်တောင်ကြော် ပြီးပြီ သတိတရားလေးထားကြပါအုန်း။
နောက်တခုက မီဒီယာထဲမှာ တတိယအုပ်စုတွေလည်းများနေပြီနော် အဓိက ၀ါရှန်တန်မှာ အများဆုံးဘဲ တတိယအုပ်စုဆိုပြီး ကိုယ်ကိုကိုယ် ခံယူထားသူတွေက ကိုယ်ပိုင်အခွင့်အရေးအတွက်ဆို ပြည်သူကိုတောင် လက်တလုံးခြား လှည့်ပတ်ရေးသားပြီး နအဖ အလိုကျလုပ်ပေးနေတာ မျက်မြင်ကိုယ်တွေ့ပါဘဲ အားလုံးသိကြပါတယ် သတိထားကြပါကွယ်တို့ ..

USA မှ တောသားကြီး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */