“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, September 10, 2011

ဒေါ်အောင်ဆန်းစုကြည်ဘဝ - မှတ်တမ်းရုပ်ရှင် ကားသစ် ဘန်ကောက်မှာ ပြသ

2011-09-07 RFA (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဘ၀နဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ ဘ၀ နှစ်လွှာကို ပေါင်းစပ်ပြီး ဒိန်းမတ်လူမျိုး အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာ Anne Gyrithe Bonne ရိုက်ကူး တင်ဆက်တဲ့ Aung San Suu Kyi- Lady of No Fear ဒေါ်အောင်ဆန်းစုကြည်-ကြောက်ရွံ့ခြင်းကင်းသော အမျိုးသမီး လို့ အမည်ပေးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ မနေ့က ပြသသွားပါတယ်။

ဒီဇာတ်ကား ရိုက်ကူးဖို့ သုတေသနတွေ လုပ်ရ၊ မှတ်တမ်းတွေ ပြုစုရ၊ တွေ့ဆုံ မေးမြန်းရ၊ စာအုပ်တွေ ကဗျာတွေ အများကြီး ဖတ်ရတယ်လို့ ဒါရိုက်တာ Anne Gyrithe Bonne က ပြောပါတယ်။ ဇာတ်ဝင်ခန်းတခုမှာ … နိုင်ငံရေးကြောင့် ကျွန်မ နေအိမ် အကျယ်ချုပ် ကျခံရပါတယ်။ ဒ့ါကြောင့် ကျွန်မရဲ့ တဘ၀လုံး နိုင်ငံရေးပါပဲလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတာတွေကိုလည်း ဖော်ပြထား ပါတယ်။
ဒီမိုကရေစီရေးနဲ့ အကြမ်းမဖက်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ကမ္ဘာက စံနမူနာ ထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ကို တင်ပြတဲ့ ဒီကားမှာ အနုပညာမြောက်တဲ့ နိမိတ်ပုံတွေနဲ့ ဖော်ကျူးထားတဲ့ ပြကွက်တွေလည်း ပါဝင်ပါတယ်။ Lady of No Fear ရိုက်ကူးတဲ့ ဒါရိုက်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိန်ခေါ်မှုတွေကို ထဲထဲဝင်ဝင် သိလိုတယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည့်စုံတဲ့ ငယ်ဘ၀၊ အေးချမ်း သာယာတဲ့ အိမ်ထောင်ရှင်ဘ၀ စတာတွေ ကနေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လှိုင်းတံပိုးအောက် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား မယိမ်းမယိုင်ဘဲ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ လူထု ခေါင်းဆောင်ဘ၀ အထိကို အကွက်စေ့စေ့ အချိတ်အဆက် မိမိ ရိုက်ကူး တင်ဆက်ထားပါတယ်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */