Thursday, 08 September 2011 17:13 သျှမ်းသံတော်ဆင့် (ပေးပို့ သူ-ဗမာ့သွေး)
မန္တလေးနှင့်လားရှိုးအကျဉ်းထောင်များတွင် လာဘ်စား မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော ယခင် ဗိုလ်ချုပ်ခင်ညွှန့် ဦးဆောင် သည့်စစ်ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်း များကိုလွန်ခဲ့သည့်လကုန်ပိုင်း က ထောင်များမှ ပြန်လွှတ်ပေးခဲ့ကြောင်း ဌင်းစစ် ထောက်လှမ်းရေးနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
ယခင် လားရိုးမြို့ အခြေစိုက် အမှတ် ၂ စစ်ထောက်လှမ်းရေးတပ်ဖွဲ့မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်တင်စိန် ၊ ဒုတပ် ရင်းမှူး မင်းစံကြည် ၊ အမှတ် ၉ တပ်ဖွဲ့မှ ရင်းမှူး ဒုဗိုလ်မှူးကြီး ထိုက်ရွေမောင် ၊ ကွတ်ခိုင်တပ်ဖွဲ့ မှူး ဆန်းနိုင်ထွန်းတို့ ၅ ဦးသည် မန္တလေးထောင်မှ လွတ်လာပြီး သိန္ဒီတပ်ဆွယ်မှူး တပ်ကြပ်ကြီး စိုင်းအောင်မြင့် ၊ တန့်ယန်းဆွယ်မှူး တပ်ကြပ် ကြီး ဝင်းနိုင်နှင့် လားရှိုး ဆွယ်မှူး တပ်ကြပ်ကြီး ခင်မောင်ကြီးတို့ ၃ ဦးသည် လားရှိုးထောင် မှ လွှတ်လာကြောင်း သိရသည်။
၂၀ဝ၄ ခုနှစ်အတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းခံရစဉ်က ဌင်းတို့အား လာဘ်စားမှုဖြင့် ထောင်ဒဏ် ၇ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခုထောင်ထွက်လာချိန်တွင် အနီးကပ်စောင့်ကြည့်ခံနေရကြောင်း အဆိုပါနီးစပ်သူက ဆိုသည်။
Rest of your post
Saturday, September 10, 2011
စစ်ထောက်လှမ်းရေးဟောင်းများ ထောင်မှပြန်လွတ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment