“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, September 01, 2011

မြန်မာ့သစ်တော မူလအခြေအနေ ပြန်ရောက်ရန် နှစ် ၆၀ ခန့် ကြာ ပျိုးထောင်ရမည်

http://padaukmyay.blogspot.com/2011/08/blog-post_24.htmlပေးပို့ သူ - အိမ်မက်မဟုတ်ပါ
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်က
မြန်မာ့သစ်တော အခြေအနေ သတင်းလေး ဖြစ်ပါ တယ်။ စိတ်ပျက် ဖွယ်ရာပါပဲ။ )

မြန်မာ့ သစ်တောများသည် တစ်နှစ်ထက် တစ်နှစ် အရည်အသွေး ကျဆင်းလျှက်ရှိရာ
မူလ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲ အဆင့်သို့ ပြန်ရောက်အောင်
ဆောင်ရွက်မည် ဆိုပါက အနှစ် ၆၀ ခန့် ကြာနိုင်သည်ဟု သစ်တော ပညာရှင်
ဦးအုန်းက ပြောသည်။

ထိုကဲ့သို့ ဆောင်ရွက်မည် ဆိုပါက ဂေဟစနစ် တန်ဖိုး၊ ဇီဝမျိုးစုံ
မျိုးကွဲများ၏ တန်ဖိုးကို ထည့်သွင်းစဉ်းစားသည့် အနာဂတ် သစ်တော
အုပ်ချုပ်ရေး လိုအပ်နေပြီး သစ်တောတွင် လက်ရှိ တာဝန် ထမ်းဆောင် နေသော
ဝန်ထမ်းများ၏ တာဝန်သိ၊ သစ္စာရှိမှုတို့ပေါ်တွင်လည်း တည်မှီနေသည်ဟု ဦးအုန်းက
ဆက်လက် ပြောသည်။

မြန်မာ့ သစ်တောများသည် မြေအသုံးချမှုသို့ ပြောင်းပစ်နေခြင်းနှင့်
အခြားအကြောင်း အမျိုးမျိုးတို့ကြောင့် ပျက်စီးနေရ သကဲ့သို့ သဘာဝကို
ပြုစုပျိုးထောင်မှု မရှိခြင်းတို့ကြောင့် သစ်တော အရည်အသွေးများ
ကျဆင်းနေကြောင်း၊ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ် အတွင်း ကျွန်းနှင့်
ပျဉ်းကတိုးတို့၏ ထုထည်နှင့် ပါဝင်မှု ရာခိုင်နှုန်းများ သိသိသာသာ
ကျဆင်းခဲ့ရာ ကျွန်းသစ်သည် ၁၉၉၀ တွင် ကုဗမီတာ သန်းပေါင်း ၂၄၁ ဒသမ ၉၁ နှင့်
ပါဝင်မှု ၈ ဒသမ ၆၃ ရာခိုင်နှုန်း ရှိနေရာမှ ကုဗမီတာ သန်းပေါင်း ၁၄၉ ဒသမ ၎
နှင့် ပါဝင်မှု ၅ ဒသမ ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထိပ်တန်းသစ်
၁၀မျိုးကို ကြည့်လျှင်လည်း ထုထည် ကုဗမီတာ သန်းပေါင်း ၁၃၄၀ ဒသမ ၀၅ နှင့်
ပါဝင်မှု ၄၇ ဒသမ ၈၁ ရာခိုင်နှုန်း ရှိနေရာမှ ထုထည် ကုဗမီတာ သန်းပေါင်း ၅၅၉
ဒသမ ၆၂ ရာခိုင်နှုန်းနှင့် ပါဝင်မှု ၁၉ ဒသမ ၅၁ ရာခိုင်နှုန်း အထိ
ကျဆင်းခဲ့ကြောင်း သိရသည်။

" ပျဉ်းကတိုးဆိုရင် တော်တော် ဆိုးတယ်။ ၁၉၉၀ ကနေ ၂၀၀၀ အထိ သစ်တောတွေမှာ
ပျဉ်းကတိုး ပါဝင်မှုက ၁၀ဒသမ ၁၈ ရာခိုင်နှုန်းကနေ ၁ ဒသမ ၆၃ ရာခိုင်နှုန်းအထိ
ကျဆင်းခဲ့တယ်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်ဝန်းကျင်က ကျွန်တော့် သစ်တောမှာ
သင်းသတ်လုပ်ငန်း၊ ပင်ကျပ်နုတ် လုပ်ငန်းတွေ၊ တက္ကသိုလ် ကျောင်းသားတွေနဲ့
တောဆင်းတာတွေ ပြုလုပ်ပြီး နိုင်ငံအနှံ့ ရောက်ခဲ့ပါတယ်။ အဲဒီအချိန်က
သစ်တောတွေမှာ ကျွန်းပါဝင်မှုက သစ်မျိုးအားလုံး ပါဝင်မှုရဲ့ ၁၂ ရာခိုင်နှုန်း
အထက်မှာရှိပြီး ပျဉ်းကတိုး ပါဝင်မှုက ၂၀ ရာခိုင်နှုန်း အထက်ရှိခဲ့ပါတယ်။
အခုဆို ပျဉ်းကတိုး ပျောက်လုနီးပါး ဖြစ်နေပါပြီ " ဟု အထက်ပါ ပုဂ္ဂိုလ်က
ထပ်လောင်းပြောသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ၁၀ နှစ်တာ အတွင်း သစ်တော အရည်အသွေး
သိသိသာသာ ကျဆင်း သွားသည်ကို ကြည့်ခြင်းအားဖြင့် ၎င်း ၁၀နှစ် အတွင်း၌
အဖိုးတန် သစ်များကို ထုတ်ယူခဲ့ သလောက် သစ်တောများ ဖွံ့ဖြိုး တိုးတက်စေရန်
အတွက် ထိရောက်သော ပြုစု လုပ်ဆောင်ချက် နည်းပါးသည်မှာ ထင်ရှားကြောင်း ၊
ထို့အပြင် နိုင်ငံခြားသို့ တင်ပို့ရာတွင် ကျော်ကြား ခဲ့သော ကညင်နှင့်
သင်းဝင်တို့ သည်လည်း လျော့နည်း ရှားပါး သွားသောကြောင့် ပြည်တွင်း၌
ရောင်းဝယ်သော သစ်မျိုး အသစ်ဖြစ်သည့် စဂတ်နှင့် သစ်စေးတို့ကို အစားထိုး
ခဲ့ရကြောင်း သိရသည်။

မင်းချစ်နိုင်Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */