“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 09, 2011

ပြည်မြို့က လူကုန်ကူးမှု

2011-09-07 RFAပေးပို့ သူ - ဗမာ့သွေး
ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို အလုပ်အကိုင် ရမယ်လို့ ပြောဆို စည်းရုံးပြီး စစ်တပ် စုဆောင်းရေးတွေဆီ ပို့လိုက်တဲ့ အမျိုးသမီး တဦးကို ကလေးမိဘတွေက လူကုန်ကူးမှုနဲ့ တရားစွဲထားပါတယ်။

ပြည်မြို့မှာ နေထိုင်တဲ့ ဒေါ်မြင့်မြင့်ချို ဆိုသူဟာ ဆယ်ကျော်သက်ရွယ် လူငယ်တွေကို အလုပ် ကောင်းကောင်းရမယ်၊ စစ်တပ်ထဲဝင်ရင်လည်း လစာကောင်းမယ်၊ မိဘတွေကိုလည်း နေစရာ အိမ်ခန်းပေးနိုင်မယ် ဆိုပြီး ပြောဆိုစည်းရုံးခဲ့တာလို့ သိရပါတယ်။ အဲဒီထဲမှာ စိတ်ဝင်စားတဲ့ လူငယ်တွေကို စစ်သား စုဆောင်းရေးက အကြပ်တပ်သား တချို့ဆီ လွှဲပေးခဲ့သလို၊ ဒီအတွက်လည်း သူက စစ်တပ်ကနေ အခကြေးငွေ ရတယ်လို့ ကလေးစစ်သား အဖြစ် စုဆောင်းခံလိုက်ရသူတွေရဲ့ မိဘတွေက ပြောပါတယ်။

အဲဒီလို စည်းရုံးခံရပြီး စစ်တပ်ထဲ အပို့ခံရ၊ စားသောက်ဆိုင်ဆီ အပို့ခံရတဲ့ လူငယ်တွေကတော့ မောင်ကောင်းထက်မောင်၊ မောင်ချစ်သဲကို၊ မောင်နိုင်အောင်နဲ့ မမိုးမိုးခိုင်တို့ ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ အသက် (၁၈) နှစ်အောက် ကလေးတွေ ဖြစ်ပြီး၊ အလုပ်အကိုင် ကောင်းကောင်း တခုရဖို့ ဆန္ဒ ပြင်းပြနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ၄ ယောက်ထဲက မောင်ချစ်သဲကို ဆိုရင် အခုချိန်အထိ မုံရွာမြို့ စစ်လေ့ကျင့်ရေးကျောင်းမှာပဲ ရှိနေသေးတယ်လို့ သူ့မိဘက ပြောပါတယ်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */