“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 02, 2011

ဦးသိန်းစိန် အကြောင်းသိပါရစေ

ပေးပို့ သူ အိမ်မက်မဟုတ်ပါ။၁။၉။၁၁

နိုင်ငံခြားက သူငယ်ချင်းတွေကို ကြွားချင်လို့ပါ

နိုင်ငံတော်ကို ဦးဆောင်နေတဲ့ သမ္မတကြီး ဦးသိန်းစိန် အကြောင်းသိပါရစေ

သူက ဘယ်နယ်သားလဲ ၊ မိဘတွေကဘယ်သူတွေလဲ ၊ မောင်နှမတွေ ဆွေမျိုးတွေကရော ဘယ်သူတွေလဲ ၊

သူငယ်ငယ်က ဘယ်ကျောင်းမှာ နေခဲ့သလဲ ၊ ဘယ်ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ခဲ့သလဲ ၊

သူ့ဆရာတွေက ဘယ်သူလဲ ၊ သူ့ဆရာတော်က ဘယ်သူလဲ ၊

ငယ်ငယ်တုန်းက သူ့ရပ်ရွာအတွက် ဘာတွေ စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သလဲ

ငယ်ငယ်တုန်းက သူဖြစ်ချင်တာ ဘာလဲ

ငယ်ငယ်တုန်းက သူလေးစားအားကျတာ ဘယ်သူ့ကိုလဲ (ဗိုလ်ချုပ်အောင်ဆန်းလား ၊
ဂဠုန်ဦးစောလား)

ငယ်ငယ်တုန်းက အတန်းထဲမှာ စာတော်လား အဆင့်ဘယ်လောက်ရသလဲ

ဘာစိတ်ကူးနဲ့ စစ်ထဲဝင်တာလဲ ၊ ဘယ်တုန်းက ဘယ်ခေတ်မှာဝင်တာလဲ ၊ အခြားဘာ
ဘွဲ့တွေ ရသေးလဲ ၊ ဘာပညာတွေတတ်လဲ ၊ ဘယ်နေရာမှာ ထူးချွန်လဲ

သူ့မိန်းမကဘယ်သူလဲ ၊ ဘယ်မှာတွေ့လို့ ဘယ်လို အကြောင်းပါတာလဲ ၊
သားသမီးဘယ်နှစ်ယောက်ရှိသလဲ

စစ်တပ်ထဲမှာ တိုင်းပြည်အတွက်(စစ်တပ်အတွက်မဟုတ်) ရွပ်ရွပ်ချွံချွံ
လုပ်ခဲ့တဲ့လုပ်ရပ်တွေက ဘာလဲ ၊ လက်အောက်ငယ်သားတွေ အတွက် ကိုယ်ကျိုးစွန့်
အနစ်နာခံခဲ့တာတွေက ဘာတွေလဲ

ဘာကြောင့်ရာထူးတွေ တိုးလာရသလဲ ၊

ဘယ်လို အလှူအတန်းမျိုးတွေ လုပ်ခဲ့သလဲ ၊

ဘာကို ၀ါသနာပါသလဲ ၊ ဘာကိုစိတ်ဝင်တစားလုပ်တတ်သလဲ ၊
ဘာသာစကားဘယ်နှစ်မျိုးပြောတတ်သလဲ ၊ စာအုပ်ဘယ်နှစ်အုပ်
ရေးပြီးထုတ်ဝေဘူးသလဲ ၊

ဘယ်လို အနုပညာကို စိတ်ဝင်စားသလဲ ၊ အားလပ်ချိန်မှာ ဘာလုပ်သလဲ ၊ လူမှုရေး
ဘာသာရေး တွေမှာ လုပ်အားပေးဘူးလား ၊

အခု အသက်ဘယ်လောက်ရှိပြီလဲ ၊ ဘယ်လောက်ချမ်းသာနေပြီလဲ

အခုကျန်းမာရေး အခြေအနေကရော ဘယ်လိုရှိသလဲ ၊ ဆရာဝန်တွေက ဘယ်လောက်နေရမယ် ခန့်မှန်းသလဲ

ဘ၀ကူးကောင်းအောင် ဘာလုပ်ထားသလဲ ၊ သားသမီးမျိုးဆက်တွေကို ဘယ်လို
အဖိုးတန်စကားတွေ မှာကြားထားသလဲ

ဘ၀ရဲ့လက်ကျန် အချိန်တွေကို ဘယ်လို ကုန်ဆုံးစေမှာလဲ

အမှန်တရား ၊ သတ္တိ နဲ့ လူဖြစ်ရကျိုးနပ်ခြင်း ဆိုတာတွေကို ဘယ်လို အဓ္ဓိပ္ပါယ်
ဖွင့်မှာလဲ

သေခြင်းတရားကို ရင်ဆိုင်ဖို့ ဘယ်လို အသင့်ပြင်ထားပါသလဲ

သိချင်လို့ပါ ၊ သိပါရစေ ၊ ကြုံရင် မေးပေးကြပါနော်Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */