ပေးပို့ သူ-အိမ်မက်မဟုတ်ပါ၁။၉။၁၁
ပြောရမှာတော့ အားနာပါရဲ့
မေ့နေကြပြီ ထင်လို့ ငါးလောင်ပြိုင်လူသတ်မှုလေ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာလေ
ရန်ကုန်မြို့တော်ကြီးမှာလေ အထင်ကရနေရာလေ နိုင်ငံတော်ဧည့်ဂေဟာနားမှာလေ
ဘယ်သူတွေက ဘယ်သူ့ကားကိုစီးပြီး ဘယ်စိန်တွေကိုပြန်မပေးချင်လို့ ဘယ်သေနတ်ကိုသုံးပြီး
ရက်ရက်စက်စက် ပစ်သတ်လိုက်တယ်ဆိုပဲ ပွဲချင်းပြီး သေတယ်ဆိုပဲ ပိုးစိုးပက်စက်ဆိုပဲ
ဒါ အရိုင်းအစိုင်းတွေနေတဲ့တိုင်းပြည်လား ဘာသာရေးသင်ကြားမှုအားနည်းတဲ့တိုင်းပြည်လား
ဒီအမှုက ကြာပြီနော် ၊ ဘာလို့မပေါ်ရတာလဲ
ဘာတဲ့ ရာဇ၀တ်ဘေး ပြေမလွတ် ဆိုလား
ကဲ ကိုယ့်ကိုကိုယ် အပ်ချလောင်းနည်းနဲ့ အမတ်လုပ်ထားတဲ့ ကြံ့ဖွံ့တို့ရေ
ရွာကကြပ်ဖကြီး တစ်နေ့ဘယ်နှခါတွန်သလဲဆိုတာတွေ မေးဖြေလုပ်နေမယ့်အစား
ရှက်တတ်ရင် ဒါလေးမေးကြည့်ကြပါလားလို့Rest of your post
Friday, September 02, 2011
ငါးလောင်းပြိုင်လူသတ်မှု
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment