“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 02, 2011

စစ်တပ်ထဲမှာ ဘာတွေဖြစ်နေကြသလဲ

ပေးပို့ သူ အိမ်မက်မဟုတ်ပါ။၁။၉။၁၁
စစ်တပ်ထဲမှာဘယ်သူတွေရှိသလဲ

စစ်သားရယ် ၊ စစ်ဗိုလ်ရယ် နှစ်မျိုးပဲရှိတယ်

စစ်သားတွေ ဘာလုပ်ရသလဲ ၊ စစ်ဗိုလ်တွေဘာလုပ်ရသလဲ

စစ်ဗိုလ်တွေကဇိမ်ခံတယ် ၊ စစ်သားတွေက ကျွန်စော်နံအောင် အလုပ်လုပ်ရတယ်

စစ်သားနဲ့စစ်ဗိုလ် ညီအစ်ကိုလို နေကြတယ်ဆို

အဲဒါက ဗိုလ်ချုပ်အောင်ဆန်းခေတ်ကပါ ၊ အခုမဟုတ်တော့ဘူး

စစ်သားတွေက အတော့်ကို သနားဖို့ကောင်းတယ် သူတို့ကိုယ်သူတို့
ကျွန်ဖြစ်လို့ဖြစ်မှန်းတောင် မသိရှာဘူး

စစ်သားအများစုက ဆင်းရဲမွဲတေ နေကြတာများတယ် ၊ စစ်သားမိန်းမ စစ်သား
သားသမီးတွေလည်း ပြောင်ပြောင်ရောင်ရောင်မရှိရှာဘူး

စစ်ထဲရောက်လို့ ပိုပြီးအသိဥာဏ်ရှိ ပိုပြီးလိမ္မာ ပိုပြီးတိုးတက် သွားတဲ့
စစ်သားကို တွေဖူးလို့လား

စစ်သားတွေရဲ့ ဘ၀တွေက အညွန့်ချိုးခံထားရတဲ့ သစ်ပင်ငယ်လေးတွေလိုပါပဲ

ထားရာနေ စေရာသွား မဖြစ်စလောက် ပေးတာယူ မ၀တ၀ ကျွေးတာစား ပေါက်ကရအမိန့်
နာခံ ၊ နောက်ဆုံး လက်ညှိုးထိုးရာမှာ သေရမယ့် ဘ၀တွေပါ

စစ်သားဘ၀တွေ ဒီလောက်ဆိုးနေရင် သူတို့ကမွေးလာတဲ့ သားသမီးတွေဆို ဘယ့်နှယ့်နေကြပါ့

မျက်စိပိတ် နားပိတ် ပြင်ပလောကနဲ့ အဆက်ပြတ် အုတ်တံတိုင်းကြားက အိမ်ဆိုတဲ့
လိုင်းခန်းကျဉ်းကျဉ်းလေးတွေမှာ တိုးဝှေ့နေကြရတဲ့ ဘ၀တွေပါ

အခုခေတ်ထဲမှာ စစ်သား သားသမီးက ဆရာဝန်ဖြစ်တယ် အင်ဂျင်နီယာဖြစ်တယ် ရှိသေးလို့လား

စစ်တပ်ထဲကို လက်တွေ့ လာကြည့်ကြပါ ၊ စစ်သားတွေရဲ့ ဘ၀တွေကို မျှဝေခံစားကြည့်ကြပါ

စစ်တပ်မှာ စစ်ဗိုလ်နဲ့ စစ်သားကို ခွဲမြင်ကြပါ ၊ စစ်သားတွေရဲ့ ဘ၀တွေကို
ကယ်တင်ပေးကြပါ

စစ်တပ်မှာ စစ်ဗိုလ်နဲ့ စစ်သားကို ခွဲမြင်ကြပါ ၊ စစ်သားတွေရဲ့ ဘ၀တွေကို
ကယ်တင်ပေးကြပါ

စစ်တပ်မှာ စစ်ဗိုလ်နဲ့ စစ်သားကို ခွဲမြင်ကြပါ ၊ စစ်သားတွေရဲ့ ဘ၀တွေကို
ကယ်တင်ပေးကြပါRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */